Monday, September 22, 2008
ဘောင်
ဘောင် တဲ့
limit တဲ့
အပိုင်းအခြား၊ အဆီးအတား တဲ့
လာလိုက်သေးတယ်…
အကန့်တွေ တဲ့
သူ့ အတာနဲ့ သူ့ အထွာ ဆိုလား…
……
မှောင်ထဲမယ် ယောင်တောင်တောင်
ချောင်ထဲမယ် မပြောင်မရောင်
ထောင့်ထဲမယ် ငူငူငေါင်
……
အယောင်ဆောင် မလည်း အူကြောင်ကြောင်
အလှောင်အပြောင်ကြား ထီမမြင်ပေါင်
သည်တောင်ကို ကျော်မဟဲ့ ကြံကာဆောင်
……
မအောင်လေတဲ့ သည်မောင် ပူလောင်
နောင်ခါမတော့…
ရှောင်လေမကွဲ့
ဤလူ့ ဘောင်
ဤ လူ့ ဘောင်
11 comments:
  1. မ ရေ… ဘောင်တွေထဲမှာ မွန်းကြပ်နေလို့ လား… ဘောင်အပြင် ခဏထွက်ခဲ့လိုက်လေ… ဘလော့ဂ်ပေါ်ကိုပေါ့…
    ReplyDelete
  2. အမကြီး
    စိတ်မဆိုးနဲ့နော်။
    ရှေးဆန်ဆန်အမယ်ကြီးတစ်ယောက်
    ရှင်းရှင်းဘွင်းဘွင်းကြီး ပြောနေသလိုပဲ။
    သံချောင်းခေါက်သံကဗျာလို့ ကျွန်တော် ကင်ပွန်းတပ်ချင်တယ်။ တစ်ဒေါင်ဒေါင်သံ မြည်နေသလိုမို့။
    မေတ္တာဖြင့်
    ReplyDelete
  3. တန်ခူးရေ သိတယ်မဟုတ်လား
    ဘောင်တွေထဲမှာ...အဆိုးဆုံး
    ခဏလေးတောင် ထွက်လို့ မရအောင်
    အကျယ်ချုပ်ထားတဲ့ အိမ်ထောင်လေ
    ကျယ်ကျယ်လောင်လောင် မဟုတ်ပေမဲ့
    ဂျိန်နောင် ဂျိန်နောင်လေးတွေကတော့
    အိမ်က ကိုကိုမောင်နဲ့ ...
    မကြာခဏ
    ရှင်းရှင်းဘွင်းဘွင်းကြီး ထပ်ပြောလိုက်ပါတယ်
    တောင်ငူသားရေ
    ReplyDelete
  4. ကိစ္စများမြောင် လူတို့ ဘောင်ဝယ်…..
    ဘောင်တွေရှိနေကြတယ်ဆိုတာကလည်း လူပြီသစေချင်လို့ ဖြစ်မယ်နော်။
    ဘောင်ကျော်ကြရင်တော့ လူမဆန်တော့လို့ ပေါ့။
    ကျော်မယ့်ကျော်တော့ ခပ်မြင့်မြင့်ရောက်အောင်သာကျော်ရပေတော့မယ်။ ဒီတော့လူ့ 
    ဘောင်ဆိုတဲ့လောကကို စွန့် ကြရတော့မည်ပေါ့လေ။
    ReplyDelete
  5. မယုဝရီရေ "ဘောင်" ကိုပြည့်စုံပေါ်လွင်အောင် ဖြည့်စွက်ပေးသလိုမို့
    ReplyDelete
  6. TDရေ...တို.ကတော့ ဥာဏ်မမီလို. ဘာမှ မရေးပဲ နေနေတာ.. သူများတွေရေးတာ လာဖတ်တော့မှပဲ အော်.. ဂလိုကိုးလို.။ မသိပါဘူး ကိုဧရာကများ ဤလူ့ဘောင်ကိုစွန့်ချင်နေတာလားများလားလို့..။ ဒါကြောင့် ဘာမှ မပြောပဲ တိတ်တိတ်ကလေး နေနေရတာ.. ဟဲဟဲ
    ReplyDelete
  7. အိမ်ထောင်ကျပြီး သကာလ. ကိုကို ရဲ. ချူပ်ထိန်းမှူ တွေ အောက် မှာ…နောင်တ ရ နေခြင်း ကဗျာ လို.. ကိုယ့်ဘာသာ story လုပ် ယူ လိုက်ပါတယ်။ ကွိကွိ..
    (ကွန်မက် တွေကို မဖတ်ဘဲ ကဗျာ ဘဲ ဖတ်ပြီး ကိုယ်.ဘာ သာ ရေးတာပါ။ တကယ်ပါ. ဘုရားစူး။ )
    ReplyDelete
  8. tg ရေ..ကိုဧရာက သူ ဤလူ့ဘောင်ကိုစွန့်ရင် ကမ္ဘာအနှံ့ လိုက်နှုတ်ဆက်ပါ့မယ်တဲ့... ဟဲဟဲ
    မမ KOM ရေ သူ PC ကို ထိန်းချုပ်ထားလို့ သူ့ post တင်ပြီးမှ comment ပြန်ရတာသာ ကြည့်
    ReplyDelete
  9. မသီတာ ကဗျာလေး ကောင်းလှချည့်လား။ ကဗျာဖတ်ရင်း ရွှေမန်းတင်မောင် အသံနှင့်တောင် ဇာတ်ခုံပေါ်မှာ တက်ဟစ်ချင်စိတ်ပေါက်တယ်။
    “မှောင်ထဲမယ် ယောင်တောင်တောင်
    ချောင်ထဲမယ် မပြောင်မရောင်
    ထောင့်ထဲမယ် ငူငူငေါင်
    ……
    အယောင်ဆောင် မလည်း အူကြောင်ကြောင်
    အလှောင်အပြောင်ကြား ထီမမြင်ပေါင်
    သည်တောင်ကို ကျော်မဟဲ့ ကြံကာဆောင်
    ……
    မအောင်လေတဲ့ သည်မောင် ပူလောင်”
    သည် အဖွဲ့အနွဲ့လေးတွေ မြင်ရတော့ ရွှေမန်းတင်မောင်ဆိုတဲ့
    “ဇာတ်ပေါ်၊ အရပ်ပေါ် မှတ်နော် အသံတပေါင်
    ကပ်ကျော်ပါတဲ့ ရွှေမန်းတင်မောင်
    မာစေ သာစေ ဗမာပြည်ဘောင်”
    “မိုးထိအောင် တက်မယ့်တင်မောင်
    ကြံစည်တိုင်းအောင်”
    ဆိုတဲ့ အဆိုအဟဲလေးတွေကို သတိရမိတယ်။ ဘောင် ဆိုတော့ေ-ာင် ကာရန်နဲ့ ညီနေတာကိုး။
    ဒါနဲ့ ကိုဧရာက တောမထွက်ခင် ကမ္ဘာအနှံ့လိုက်လံနှုတ်ဆက်မယ်ဆိုတော့ ကျော်ဟိန်းကြီးကိုတောင် ပြေးမြင်မိတယ်။ ဦးပဉ္ဇင်းမ၀တ်ခင် နယ်လှည့်နှုတ်ဆက်တာလေ...း-)
    ReplyDelete
  10. ကိုပေါရေ လိုက်နှုတ်ဆက်မဲ့ ကိစ္စ မသီတာ ရွဲ့ထားတာကို ကိုပေါက တည့်တည့်တိုးနေပြန်ပါပြီ...း)
    ReplyDelete
  11. ကျီစယ်တာပါ အစ်မ မသီတာရေ။ ကိုဧရာတယောက် ဒါမျိုး မလုပ်ဘူးဆိုတာ သူ့စာတွေကတဆင့် ခန့်မှန်းလို့ ရပါတယ်ဗျိုး။း-)
    ReplyDelete