Saturday, October 11, 2008

အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ…တဲ့

သြော် အချစ်ဆိုတာ စိတ္တဇနာမ်လေးပါ။
telepathy, will power ဆိုတာတွေကို အလေးထားတတ်သူ တစ်ယောက်အတွက်တော့
အချစ်ဆိုတာဟာ ပေါ့သေးသေး မဟုတ်တဲ့ လေးကြီးကြီး ကြီး။

ရာမယဏဇတ်တော်ကြီးမှာလည်း အချစ်အကြောင်းတွေပါတယ်။
တစ်ညတာခွဲရလို့ နှစ်ပေါင်း ခုနစ်ရာ ပူဆွေးရတဲ့ ကိန္နရာ ကိန္နရီတို့ အဖြစ်ကိုလည်း ယုံတယ်။



ဟင်?
ဘာရယ်??
ကိုယ်ပိုင်ဇတ်လမ်းလေး???
သြော်
ညွှန်းစာဖွဲ့လို့မမှီ…(အလဲ့)

ချစ်ခဲ့ဖူးပါတယ်
ချစ်နေပါသေးတယ်
ချစ်နေဦးမှာပါ။

တန်ကြေးရှိတဲ့အချစ်ကို တန်ဖိုးထားပါတယ်။
အရှုံးအမြတ် တွက်ကြေး ဆိုရင်တော့
အရင်းအတိုင်းပဲ
ယူသွားမှာပါ။
ဆုံမှတ်ရှိတဲ့ အချစ်
ဆုံးမှတ်ကိုရောက်ခဲ့ပြီ ဆိုရင်ပေါ့...

nature ဆိုရင်
neutral ဖြစ်မှကောင်းမယ် ထင်လို့ပါ။
အချစ်ဆိုသည်မှာ…

သက်ဝေ ရေ ရေးလိုက်ပြီနော်။

6 comments:

  1. အဲလိုတော့ မလုပ်နဲ့ လေ…ကိုယ်ပိုင်ဇာတ်လမ်းလေးကို အဲလို ပညာလေးနဲ့ ရှောင်လွှဲမသွားနဲ့ မ ရေ… ဒီကဖော်ကောင်လုပ်လိုက်ရမလား… ဒီလိုလေးရေးထားတာလဲ ဖတ်လို့ ကောင်းတာပဲ…

    ReplyDelete
  2. ချစ်ခဲ့ဖူးပါတယ်
    ချစ်နေပါသေးတယ်
    ချစ်နေဦးမှာပါ။ ချစ်ပါ ချစ်ပါ ကိုဧရာ ကို.

    ReplyDelete
  3. တစ်ညတာခွဲရလို့ နှစ်ပေါင်း ခုနစ်ရာ ပူဆွေးရတဲ့ ကိန္နရာ ကိန္နရီတို့ အဖြစ်ကို တော့ ယုံဘူး။ အဟဲ-

    ReplyDelete
  4. အမရေ ဖတ်လို့ကောင်းတာပဲ
    အချစ်တွေအဆများစွာ တိုးပွားပါစေ။
    :)

    ReplyDelete
  5. ချစ်ခဲ့ဖူးပါတယ်...
    ချစ်နေပါသေးတယ်...
    ချစ်နေဦးမှာပါ... (မိုက်တယ်ကွာ...)

    ရေးထားပေးတာ ကျေးဇူးပါ မသီတာရေ...
    ကိုယ်ပိုင်ဇာတ်လမ်းလေး ရေးပါအုံးလေ...

    စပ်စပ်စုစု သိလိုတဲ့
    သက်ဝေ

    ReplyDelete
  6. 12 Oct 08, 00:16
    မြတ်နီုး: အမရေးတဲ့ အချစ်က... တညိုးပဲ
    12 Oct 08, 22:09
    S-C: မြတ်နိုးရေ ဟုတ်တယ်နော် ရေးထားတာ အချစ်ရော ဟုတ်ရဲ့လားမသိ..အဟိ

    ReplyDelete