Friday, January 16, 2009

ဒုတိယအရွယ်၏ ပထမ ဝေဒနာ

ဘလော့ဂ်သူတွေလေ… ဟိုတစ်ယောက်၊ အိမ်ကလူကြီး၊ ကလေးတို့ အဖေ၊ မောင်ရင်၊ ကို၊ မောင်၊ ...စတဲ့ စတဲ့၊ တော့ ကတွက်ပီ ဆိုတာမျိုးလို နာမ်စားတွေ သုံးသုံးပြီး… အဲ့ဒီ အကြောင်းကိုပဲ မထိခလုတ် ထိခလုတ်၊ မသိသလိုလို သိသလိုလို၊ ထမင်းဟင်းတွေပဲ ချက်ကျွေးနေသလိုလို၊ သီချင်းလေးတွေပဲ နားထောင်နေသလိုလို၊ အမှတ်တရလေးတွေပဲ ကြုံနေဆုံနေသလိုလို၊ အိမ်မက်ထဲက ရွှေမင်းသားလေး လိုလို …အဟေး.. ဟေးဟေး… ပြောချင်ပါဘူး။

*****

တမြန်နေ့က သွားခဲ့တဲ့ မင်္ဂလာဆောင်တစ်ခု။ ဖွင့်လို့ချထားတဲ့ ငွေမှင်ရောင် စာမျက်နှာနဲ့ မင်္ဂလာမှတ်တမ်း စာအုပ်လေးမှာ.. ကိုဧရာက ရေးလိုက်လေ ဆိုလို့… အိမ်း…မသီတာလည်းလေ လောသီသားပေမို့
ချစ်ခင် ကြင်နာ နားလည်စွာ…လို့ ရေးအပြီး…
ဘယ်သူ့အတွက် ဆိုတာ ကမန်းကတန်း ပြန်စဉ်းစားလိုက်ရသေး …အဟေး.. ဟေးဟေး…

ကြင်စဦး ဇနီးမောင်နှံအတွက်
ချစ်သောသူ အားလုံးအတွက်…

အချစ်အကြောင်း ပြောနေခြင်း ဖြစ်ပါသည်။
ချစ်သောသူများ လက်ခုပ်တီးပါ။

15 comments:

  1. ပထမ ဝေဒနာမှာပဲ ရပ်သွားပါစေဗျာ...း)

    ReplyDelete
  2. ဖြောင်းဖြောင်းဖြောင်း
း)

    ReplyDelete
  3. ဖြောင်း..ဖြောင်း...ဖြောင်း... (လက်ခုပ်သံ)

    ReplyDelete
  4. (ဖြောင်း.....)20
    ဖောင်ကြီးတက်တုံးက လက်ခုပ် အချက် ၂၀ ပဲ တီးခွင့်ရတာ သတိရလို့ အချက် ၂၀ တိတိ တီးသွားပါတယ်....။

    ReplyDelete
  5. အိ.. ဒုတိယနေရာရပြီမှတ်တာ ..။ စတုတ္ထဖြစ်သွားသကိုးးး

    ReplyDelete
  6. မသီတာရေ...
    လက်ခုတ်တီးသွားပါတယ်...

    မသီတာနော်...
    အကိုးအကားနဲ့  လာဖွသွားတယ်...
    လာမယ်... လာမယ်... မသီတာ ဆိုတဲ့ ပန်းပွင့်လေးအကြောင်းလဲ လာအုံးမယ်...
    မကြာမီ လာမည် မျှော်.... အဟဲဟဲ...

    ReplyDelete
  7. လက်ခုပ်မတီးတော့ဘူး..မီးရှုးမီးပန်းတွေနဲ့ သြဘာပေးမယ်.. :)

    ReplyDelete
  8. မသီတာဆိုတဲ့ပန်းလေးအကြောင်းက စုံစမ်းရမခက်ပါဘူးလေ။ (အဟိ.. ခြောက်လိုက်ပြီ)

    ReplyDelete
  9. တို့လည်းလက်ခုပ်ဝင်တီးသွားတယ်..း)

    ReplyDelete
  10. CBox မှ ကူးယူထားသည်။
    16 Jan 09, 23:58
    ပေါက်: မသီတာ...ရွှီးဖြောင်း ဖြောင၈်း...ဖြောင်းး
    17 Jan 09, 01:24
ုKom: လက်ခုပ်တီးသွားသည်.။

    ReplyDelete
  11. ဖြောင်း..ဖြောင်း..ဖြောင်း
    ပထမဖြောင်း= ချစ်ခင်( ပထမအရွယ်)
    ဒုတိယဖြောင်း=ကြင်နာ(ဒုတိယအရွယ်)
    တတိယဖြောင်း=နားလည်စွာ(တတိယအရွယ်)

    သို့ သော်ချစ်ခင်၊ ကြင်နာ၊ နားလည်..အားလုံးသည်နောက်ဆုံးတော့ ချစ်ခြင်းတရားပေါ်၌သာ အခြေခံထားပေသည်။ ဟုတ်လားတော့မသိဘူး။ ခပ်တည်တည်ပဲ။

    ReplyDelete
  12. ပျော်ပျော်ကြီး ရင်ထဲကပါ လက်ခုပ်တီးသွားပါကြောင်း :D

    ReplyDelete
  13. လက်တွေ နီရဲတဲ့အထိ လက်ခုပ်တီး အားပေးသွားတယ် မ ရေ…
    ဒါနဲ့ စကားမစပ်… မသီတာဆိုတဲ့ ပန်းလေးတပွင့်အကြောင်း ဒီမှာ စုံစမ်းလို့ ရတယ်နော်… ဟဲဟဲ…

    ReplyDelete
  14. ဒုတိယအရွယ်ရောက်တာ လက်မခံချင်သေးဘူး မသီတာရေ... လက်ခုပ်တီးပါရစေ

    ReplyDelete
  15. အချစ်အကြောင်းကို အသောအထေ့ကလေးများနဲ့ မြူးမြူးသွက်သွက်ရေးသွားတဲ့ မသီတာကို ကျေးဇူးတင်ကြောင်း ပဏာမပြောကြားရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျား….ဖြောင်း..ဖြောင်း…ဖြောင်း…ဖြောင်း…..

    ReplyDelete