Monday, April 6, 2009

အမှတ်တရ - ပြူး

ဘလော့မိတ်ဆွေ စာဖတ်သူများကို မသီတာ ခွင့်တိုင်ချင်ပါတယ်။ ပို့စ်အသစ်မတင်နိုင်သေးတဲ့ အတွက်ပါ။ မေလကုန် ဇွန်လဆန်းလောက် ဘလော့ဆီ အရောက်ပြန်လာမည်။ စိမ်းမသွားကြေး။
အခု သူငယ်ချင်း မီသန့်မ ရေးပေးထားတဲ့ အမှတ်တရ - ပြူး ကို တင်လိုက်ပါတယ်။

*****
သူငယ်ချင်း တယောက်ကို လသာ၂ မှာ စ,တွေ့တယ်။ RIT မှာ ခင်ပြီး ကျောင်းပြီးတဲ့ အထိ တွဲခဲ့ကြတယ်။
သူက state ကျောင်းကတည်းက ကိုယ်လုံးလှလှ ကျောင်းသူတွေကို အတုလား အစစ်လား ခွဲခြားဖို့ Research လုပ်တာ ၀ါသနာပါတယ်။ သူ့ သီအိုရီက အတုဆိုရင် အပ်နဲ့ ထိရင် မနာဘူး။ အစစ်ဆိုရင် အပ်နဲ့ ထိရင် နာမယ်တဲ့။ သူ့ Research ကို လက်တွေ့ မစမ်းသပ်လိုက်ရပေမဲ့ ကျောင်းကပွဲ Braggarts and Decoits အင်္ဂလိပ်ပြဇတ်မှာ ဓားပြဗိုလ်နေရာက Bo Pyuu International (BPI) အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့အပြီး မှာတော့… ပြူး… ပြူး… နဲ့ ချစ်သူခင်သူတွေ ၀ိုင်းဝိုင်းလည်ခဲ့တယ်။

မသီတာအတွက် ကံဆိုးတာပဲလား။ ကျနော့်အတွက် ကံကောင်းတာပဲလား။ တရပ်ကွက်ထဲနေကြတဲ့ မသီတာ၊ ပြူးနဲ့ ကျနော်တို့ စွယ်တော်ရိပ်မွန်လို့ခေါ်တဲ့ ကျောင်းတော်ကြီးကို အတူတူ ခြေချခွင့်ရခဲ့ကြတယ်။
(ကြုံတုန်းလေး…မသီတာပေါ့ ကျောင်းသွားဖို့ကို မနက် ၇း၃၀နာရီခွဲမှာ သူ့အိမ်မရောက်ရင် မစောင့်ဘူး ထွက်သွားတယ်။)

တနှစ်ပတ်လုံး လုံးလည်ချာလည်နဲ့ ပျော်ခဲ့ကြပြီး စာမေးပွဲချိန် ရောက်လာခဲ့တယ်။
စာမေးပွဲ နောက်ဆုံးနေ့ မြို့ထဲက သီဟရုံမှာ ကုလားကားကြည့်ဖို့ သုံးယောက်သား ချီတက်ကြတယ်။ စိတ်ရှည်ရှည်နဲ့ လေးကျပ်တန်းမှာ တန်းစီနေကြပြီး ကိုယ်တို့ အနားရောက်ခါမှ လက်မှတ်က ကုန်သွားပါပြီ တဲ့။
half-feel…
ဘာလုပ်ကြမလဲ ပြန်မလား။ နောက်တပွဲ ဆက်စောင့်မလား။
ဆုံးဖြတ်ချက်က ပြတ်သားတယ် ကြည့်ဖို့လာတာ ကြည့်ပြီးမှကို ပြန်မယ်။
ည ၇း၃၀နာရီ ပွဲကို ကာတွန်းဖတ်ရင် လက်မှတ် ဆက်တန်းစီကြတာပေါ့။
ညပွဲမှာ လက်မှတ်ရလို့ ကြည့်နေတုန်း…
ရပ်ကွက်ထဲမှာတော့ အဖေတွေ ဟိုသူ့အိမ် ဒီသူ့အိမ် ခြေချင်းလိမ်နေကြပြီ...
အချိန်တန် ပြန်မရောက် ကျောင်းကလည်း ပထမနှစ် အပြီးလေး…

အဲ့ဒီလို လုပ်ချင်ရာကို ဇွတ်လုပ်ခဲ့ကြတာ…
(အိမ်ကဆူမှာကိုလဲ ကာကွယ်ဘို့ စကားလုံးလေးတွေလည်း စဉ်ပြီးသား)

ကိုယ့်သားသမီးတွေအလှည့်ကျ နားလည်ကြနော်...

မီသန့်မ
(Braggarts and Decoits က အဲ့ဒီအချိန်က န၀မတန်း အင်္ဂလိပ်ပြဌာန်းစာအုပ်မှာ ပါတဲ့ ဖတ်စာ တပုဒ်ဖြစ်ပါတယ်။)

8 comments:

  1. မသီတာ ..
    တကယ်အပ်နဲ့ ထိုးခဲ့ဖူးတာလား..
    တော်တော်ဆိုးတာပဲ...

    ReplyDelete
  2. အမကြီး
    ခွင့်ရက်စေ့ရင် ပြန်လာပါ။
    မုန့်ဝယ်ခဲ့ပါ။
    သင်္ကြန်တွင်းမှာ ကလေးတွေနဲ့ ရောပြီး ရေမဆော့ပါနဲ့။း)
    ဥပုသ်သီတင်း ဆောက်တည်ပါ။
    RIT သင်္ကြန်ပွဲလည်း လာခဲ့ပါဦး။

    ReplyDelete
  3. ပျော်စရာလေးတွေကို မျှဝေပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်။ ကျေးဇူးတွေ မှန်တင်ခုံပေါ်တင်ပြီး အလှပြထားနော်။

    ReplyDelete
  4. ကြာလိုက်တာ။

    ReplyDelete
  5. မုန့်ဝယ်ခဲ့ရင် မစိမ်းသွားပါဘူး မသီတာ.. :)
    မသီတာရော အပ်ထိုးခံရဖူးသလားဟင်..တိုးတိုးလေး မေးသွားတယ်။

    ReplyDelete
  6. မသီတာ... စောင့်နေမယ်။

    ReplyDelete
  7. လွမ်းနေပါ့မယ်.. မသီတာရေ

    ReplyDelete
  8. သီတာ ဘယ်တွေများပျောက်နေမှာပါလိမ့်နော်..ကြည့်ရတာ စီဘောက်စ်မှာ မွန်လာအော်သွားတာ ကိုဧရာကြားသွား..အဲ..မြင်သွားပြီထင်တယ်နော်..

    မီမီတို့ရေ..ပျော်စရာကောင်းခဲ့တဲ့ ဒီအုပ်စုအကြောင်းတွေ အမှတ်တရ အများကြီးကျန်ဦးမှာပါ...ဆက်ရေးဦးနော်..အားရင်.
    မျှော်နေမယ်..

    ReplyDelete