Tuesday, July 21, 2009

ဘ၀ ဆိုတာ ...

ဘ၀ ဆိုတာ အဆုံးအစ ရှိတဲ့ ခရီး တခုလို့ဆိုမယ်။

ခြေတချောင်းက အနာဂတ်ကို လှမ်း..မျှော်မှန်းရင်း၊
ခြေတချောင်းက အတိတ်အကြောင်းမှာ ငြိတွယ်နေတတ်တယ်။

အနိမ့် အမြင့်
အတက် အကျ
ယောက်ျား မိန်းမ
အချစ် အမုန်း
အငို အပြုံး
အကောင်း အဆိုး
ဆင်းရဲ ချမ်းသာ

ဆိုတဲ့
ဆန့်ကျင်ဘက်တွေရဲ့အားပြိုင် လွန်ဆွဲမှုတွေကြား ပစ္စုပ္ပန်ဟာ အမောတွေနဲ့ ပြည့်နေတယ်။

ဘယ်လိုလျှောက်မလဲ ဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ…
ဒါကြောင့် ခြေလှမ်းတိုင်းမှာ
လိုချင်နေတတ်တဲ့ လောဘတွေ
ငါနဲ့ မတူ၊ ငါလိုမဟုတ် ပါလား ဆိုတဲ့ ကွာခြားချက်တွေကြောင့် ဖြစ်ရတဲ့ ဒေါသတွေ
ပိုင်ရှင်အမည်တပ်၊ တံဆိပ်ကပ်လိုက်မိတဲ့ မောဟတွေ
တတ်နိုင်သမျှ နည်းအောင် ကြိုးစားရင်း
သက်တောင့်သက်သာ ခရီးဆက်ပါရစေလား…။ ။

ကိုအောင်သာငယ် ရေးခိုင်းလို့ ရေးပါတယ်။

မယုဝရီရဲ့ ကော်မန့်မှာ အမှတ်တရ ဆက်စပ်သွားတဲ့
မသီတာ ရေးခဲ့တဲ့ ဘောင်
ကိုဧရာ ရေးတဲ့ ဤလူ့ ဘောင်

13 comments:

  1. ဘ၀ဆိုတာ အဆုံးအစရှိတဲ့ ခရီး...

    သဘောတူပါတယ်..

    ကျမတို့အားလုံး ခရီးဆက်ရဦးမယ်...

    mie nge

    ReplyDelete
  2. မသီတာ..တိုတယ်..ထပ်ရေးပေး။ နိဒါန်းကို ဖတ်နေရင်း..နိဂုံးတောင် မမြင်လိုက်ပဲ ပြီးသွားပီ။း(

    ReplyDelete
  3. ထောက်ခံပါတယ်.. မသီတာ ရေးတာ ထိလိုက်တာ၊

    တခါက ဘာသာခြား အမျိုးသမီးတစ်ယောက်က မေးတယ်၊ အဆိုးတွေ ဖြစ်ရင် မနာကျဉ်းဘူးလားတဲ့၊ တကယ်က အဆိုးတွေ ရှိမှ အကောင်းဆိုတာကို ခံစားတတ်မှာ၊

    ReplyDelete
  4. ဘ၀ ဆိုတာ အဆုံးအစ ရှိတဲ့ ခရီး

    လေးနက်တဲ့ ကိုယ်ပိုင် ဖွင့်ဆိုချက် တခုပါပဲ...

    ရေးပေးတာ ကျေးဇူးပါ ညီမရေ့...

    ReplyDelete
  5. ဟုတ်တယ်နော်.. ဘဝမှာ လောဘ ဒေါသ မောဟတွေမရှိရင် အကောင်းဆုံးပါဘဲ ...ဒါပေမဲ့.....

    ReplyDelete
  6. မသီတာပြောသလို
    နေပြီးသားဆိုတာ
    ယုံတယ်မဟုတ်လား

    ReplyDelete
  7. ဟုတ်တယ်။ မသီတာရေ ဒီခရီးရှည်ကြီးကို ဆက်လျှောက်ရဦးမယ်။ သေချာတာက မငုံမှာ ဘ၀ခရီးလျှောက်ရာမှာ လောဘတွေများနေတယ်။ ဖြစ်ချင်တာတွေ တအားများနေတယ်။ တစ်ခါတစ်လေ မလိုချင်တော့ဘူး။ မလုပ်တော့ဘူး ဆိုပေမဲ့ လူဖြစ်နေတော့ ဒီဘ၀ခရီးကို လျှောက်နေတော့ လိုချင်မိပြန်ရော။ သိပ်ကောင်းတဲ့ ပိုစ့်လေး။

    ReplyDelete
  8. ဘ၀ပို့စ်လေးကို ဖတ်သွားပါတယ်။ အကောင်းအဆိုး ခွဲခြားသတ်မှတ်ရာမှာ တယောက်နဲ့ တယောက်က စံထားတဲ့အချက်မတူတော့ ဘ၀တွေကလည်း တယောက်နဲ့တယောက် မတူကြဘူးလို့ ထင်တယ်။

    ReplyDelete
  9. အန်တီတာရေးတာနဲ့ အတော်ပြည့်စုံသွားပြီ။

    ReplyDelete
  10. CBox မှ

    22 Jul 09, 00:16
    Pauk: မမန့်ရဲလို့...ဘ၀ဆိုတာ..ဘ၀ပါပဲ..မမသီတာရယ်...ဘယ်လိုလျှောက်မလဲ ဆိုတာ..ကိုယ့်ရဲ့ ရွေးချယ်မှုပေမယ့်...အင်းးးး..ခက်ပါတယ်လေ..

    24 Jul 09, 11:32
    ယုဝရီ: “ကိစ္စ များမြောင် လူတို့ “ဘောင်” ၀ယ်” လို့ ဆိုတယ်မဟုတ်လား မသီတာရေ။ ဘောင် = ဘ၀ လို့ ပြောရင်ရမလားပဲ နော်။ ဘောင်တွေအကြောင်း တခုတ်တရ ရေးတတ်တဲ့ မသီတာကို မေးကြည့်ချင်တာပါ။ မန့် လို့ ရဘူး

    ReplyDelete
  11. အဖိုးတန်တဲ့စကားလေးတွေပါ
    မှတ်သွားပါတယ်။

    ReplyDelete
  12. ပို့ စ်ကောင်းလေးတခုပါ..
    ငါနဲ့ မတူ၊ ငါလိုမဟုတ် ပါလား ဆိုတဲ့ ကွာခြားချက်တွေကြောင့် ဖြစ်ရတဲ့ ဒေါသတွေ...
    တခါတလေ ငါနဲ့ တူလို့  ဖြစ်ရတဲ့ ဒေါသတွေလဲ ရှိတတ်ပါတယ်.. ဥပမာ တစုံတစ်ယောက်ကို တစုံတခုကို အတူတူ သွားကြိုက်မိရင် ငါနဲ့ တူနေလို့ ဒေါသဖြစ်တတ်ပါတယ်.. :-)

    ReplyDelete
  13. လေးနက်သော ဖွင့်ဆိုချက်တွေပါပဲ မမ။ ဒီခရီးကို အကောင်းဆုံးလျှောက်လှမ်းရမှာပေါ့ :)

    ReplyDelete