Friday, August 14, 2009

ချစ်ခြင်းအားဖြင့် ထူးအိမ်သင်

တနေ့က သုနှင်းဆီက ကဗျာ ပို့စ်တင်တော့
“… မိတ်ဆွေကြီး သုနှင်းဆီကိုးးး
တွေ့ရတာ လှလိုက်တာဗျာ…
(ကဗျာကို ပြောတာပါ)”
လို့ ကော်မန့်သွားရေးခဲ့ပါတယ်။
တွေ့ရတာ လှလိုက်တာဗျာ…ဆိုတာ သင်္ကြန်မိုးဇတ်ကားထဲမှာ ကိုလတ်ကြီး(ဇော်ဝမ်း)က မနွယ်(မေသန်းနု)ကို နှုတ်ဆက်လိုက်ပုံလေးကို ယူသုံးလိုက်တာပါ။
မိန်းမချောလေးတယောက်ကို မြင်မြင်ချင်း တွေ့တွေ့ချင်း မခိုးမခန့် လုပ်လိုက်ပုံကို စိတ်မျက်စိထဲ နှစ်ခါ သုံးခါပြန်မြင်လိုက်ပြီး ကော်မန့်မှာတောင် (ဇော်ဝမ်းလေသံဖြင့် ဖတ်ပါလို့) ထပ်သွားဖြည့်ရင်ကောင်းမလား တွေးမိခဲ့ပါသေးတယ်။
နောက်တနေ့မှာပဲ သက်ဝေက message ပို့လာတယ်။
Zaw One passed away last nite :( တဲ့
အို..

ဦးဇော်ဝမ်းက ကိုယ်ရဲ့ အသည်းစွဲ အနုပညာသည် မဟုတ်ပါဘူး။ ကိုလတ်(ကျမ၏ အကိုသုံးယောက်အနက်မှ အလတ်)ကတော့ သူ့သီချင်းတွေ အတော်ကြိုက်ပါတယ်။
မိစိမ်းကားရဲ့ မာယာတောမြိုင်ခြေ...
မုဆိုးကောင်းတို့မည်သည် လမ်းမမှားချေ.. သားကောင်ကိုဖွေ. ချော့မြှူကစားကာ သုဘဒ္ဒါလို အသည်းမာသူပါလေ.. ကျားမျက်ရည်ဆို ခြေတော်သူဆေးနေ...
ဆိုတဲ့ သီချင်း အခွေပါးအောင်ဖွင့်လွန်းလို့ ကိုလတ် အသည်းများကွဲနေသလား လို့ ဘေးကနေ အကဲခတ်ခဲ့ရတာအမော..ဖွင့်လည်းမမေးရဲဘူး။ ကိုယ့်ထက်အကြီးလည်းဖြစ်ပြန်၊ မောင်နဲ့နှမ ပါးစပ်က ဖွင့်ဆွေးနွေးလို့ သင့်တော်တဲ့အကြောင်းအရာ မဟုတ်ဟု လိုက်နာရတဲ့ (တင်းကြပ်တဲ့) ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေရှိခဲ့ပါတယ်။
*****

မနေ့ကပါပဲ
ပေါက်နဲ့ မငုံက CBox မှာလာနှုတ်ဆက်ထားတော့
ပေါက်နဲ့ မငုံရေ…လူက low spirits ဖြစ်နေတယ်…ကော်မန့်တွေတော့ ချစ်ခြင်းအားဖြင့် ကြိုးစားရေးနေပါတယ် လို့ ပြန်လိုက်တယ်။
ချစ်ခြင်းအားဖြင့် ဆိုတာ ဘလော့ဂ်ရေးဖော်ရေးဖက်တွေ အားလုံးကို ရည်ညွှန်းလိုက်တဲ့ ထူးအိမ်သင်ရဲ့ အသုံးလေးကို ယူသုံးလိုက်တာပါ။ ခဏနေတော့ တွေးမိပြန်တာက ငါ့အခြေအနေနဲ့ ဒီလောက်လှတဲ့ အသုံးကို ယူသုံးဖို့ မသင့်ပါဘူးလေ ဆိုပြီး messageကို ပြန်ဖျက်ထားလိုက်ပါတယ်။

ဒီနေ့က ထူးအိမ်သင်နေ့တဲ့
ဘယ်သူမှ ရိုက်မစစ်ပဲ ပြောခဲ့ပါရစေနော်…
သူ သီချင်းဆိုရင်လေ ကိုယ့်တယောက်ထဲကို ဆိုပြနေသလိုပဲ…
တကယ်တော့ သူက လူတွေအများကြီး တယောက်ချင်း တယောက်ချင်းဆီကို အဲ့လို ခံစားချက်မျိုး ဖြစ်အောင် ဆိုသွားခဲ့တာ…
အို ရှင်းရှင်းပဲ ပြောမယ် ရှင့်နှလုံးသား အကြီးကြီးကို ကျမချစ်တယ်
(ရှင်သိအောင် ပြောလိုက်ဦးမယ်။ ဟို ကိုဧရာဆိုတဲ့ လူလည်ကြီးတောင် ရှင့်ကိုခုတုံးလုပ်ပြီး ကျမကို မလိမ့်တပတ် လုပ်သွားသေးသတော့…)

19 comments:

  1. အို ရှင်းရှင်းပဲ ပြောမယ် ရှင့်နှလုံးသား အကြီးကြီးကို ကျမချစ်တယ်
    (ရှင်သိအောင် ပြောလိုက်ဦးမယ်။ ဟို ကိုဧရာဆိုတဲ့ လူလည်ကြီးတောင် ရှင့်ကိုခုတုံးလုပ်ပြီး ကျမကို မလိမ့်တပတ် လုပ်သွားသေးသတော့…)

    ဟီးဟီးးးး

    ReplyDelete
  2. ..မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ်..
    မနေ့က ငါသေဆုံးသွားခဲ့တယ်..
    ..........

    ReplyDelete
  3. ဟမ.်.လူကို မခိုးမခန့်လုပ်လိုက်တာပေါ့လေ။ ဟုတ်စ။
    ဟားဟား
    mm

    ReplyDelete
  4. တော်တော် ဆိုးတဲ့ ကိုဧရာပဲ...း)

    ReplyDelete
  5. ဟယ်.. ကျမလဲ ကိုယ့်ကိုဆိုပြနေသလို ခံစားခဲ့ရတာ...

    ReplyDelete
  6. မသီတာ ကမထင်ရဘူး.တည်တည်တံတံ့နဲ့ အားကြီးရယ်ရတယတယ်

    ReplyDelete
  7. အော်.. ဒါကြောင့်ကိုး.. သူပန်ထားတဲ့ ပန်းနီနီတော့မဟုတ်လောက်ပါဘူး ထင်ရဲ့နော်..
    တို့ကတော့.. သူငယ်ချင်းလေး ချစ်တယ် ဘယ်လိုပြောရမလဲ..ဟဲဟဲဟဲဟဲ

    ဒီနေ့ကို မှတ်မိနေတယ်.. သားကြီးမွေးနေ့မှာ အဲဒီသတင်းဆိုးကြီးကြားရတာကို...

    ReplyDelete
  8. ကျနော်တောင် ဒီနေ့မနက် ဇော်ဝမ်းအကြောင်းရေးနေတာဗျ။ မသီတာရေးထားတဲ့ မိစိမ်းကားရဲ့ မာယာ၊ တောမြိုင်ခြေ လည်းပါတယ်။ ဒါပေမယ့် ရေးနေရင်း ခေါင်းအရမ်းကိုက်လာတာနဲ့ ဆေးရုံပြေးလိုက်ရတာနဲ့ ဆက်မရေးဖြစ်ဘူး ဖြစ်သွားတယ်။ အခုပြန်လာတာနဲ့ ဘလော့ဂ်ပေါ်ရောက်နေတာပဲ။

    ReplyDelete
  9. မသီတာ ..ချစ်ခြင်းအားဖြင့် မလှိမ့်တပတ်လုပ်ခြင်းအား
    လက်ခံခဲ့မိကြောင်းလား.....း)
    ချစ်ခြင်းအားဖြင့်
    မနော်

    ReplyDelete
  10. သီတာရေ...
    ကိုယ်လဲ မနေ့က သိသိချင်း သင်္ကြန်မိုးဇာတ်ကားထဲမှာ မေသန်းနုကို နှုတ်ဆက်လိုက်တဲ့ အခန်းလေးကိုပဲ အရင်ဆုံး ပြန်မြင်လာမိတာ... စိတ်မကောင်းဘူး...
    ၆၄ နှစ်ဆိုတာ သိပ်မှမကြီးသေးတာပဲ...
    နေမယ်ဆို အများကြီး နေနိုင်သေးတာနော်...
    ခုနက ကိုကြီးက ပြောတယ် မြန်မာနိုင်ငံက လူတွေရဲ့ Life Expectancy က အမျိုးသမီးတွေက ၆၄ နဲ့ အမျိုးသားတွေက ၆၁ တဲ့... အဲဒါ ကြားရတော့ ဘာကိုတွေးပြီး စိတ်မကောင်းဖြစ်နေမှန်းမသိဘူး...

    ဒါနဲ့ စကားအတင်း စပ်ပြီးပြောရရင်...
    ကိုဧရာ ခုတုံးလုပ်ပုံ လုပ်နည်းကလေးလဲ ဖြစ်နိုင်ရင် ပိုစ့်တခုအဖြစ် မြင်ချင်မိပါသေး... :-P

    ReplyDelete
  11. ထူးအိမ်သင်နဲ့ စုံတွဲသီချင်းဆိုဖို့ မျှော်လင့်ချက်ထားခဲ့တာ... သူစဆိုကတည်းက ကိုယ်လည်း ရေချိုးခန်းထဲ စလေ့ကျင့်တာပေါ့ အမရယ်... ခုတော့

    ReplyDelete
  12. CBoxမှ
    14 Aug 09, 19:39
    အနမ်ူ: ထူးအိမ်သင်နှစ်ပတ်လည်အမှတ်တရ လာလည်သွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။
    14 Aug 09, 19:43
    အနမ်း: ဂျက်ဆင်ထိပ်က လရိပ်ပြာရယ်....

    ReplyDelete
  13. သဘောတူထောက်ခံတယ် မသီတာ၊
    ငယ်ငယ်တုန်းက ထူးအိမ်သင်သီချင်းတွေ နားထောင်ပြီး စိတ်ကူးယဉ်လိုက်ရတာ။
    အိုး...အို..ဟို... ဆွေးတယ်ဆိုတာကို နားထောင်တော့ ဆွေးစရာလူတောင် မရှိသေးဘူး။ ဒါပေမယ့် ဆွေးတယ်။ (ပြုံးပြတယ်)။
    မသီတာက ဟင့်စ်တွေပေးတယ်၊ ခုတုံးလုပ်ပုံလေးကို သိချင်သွားပြီ၊ ကဗျာဆန်မှာ အသေအချာ။

    ReplyDelete
  14. မ ရေ… သက်ဝေ smsပို့ တော့ အတော်စိတ်မကောင်းဘူး… ကျွန်မက သင်္ကြန်သီချင်းဆို ဇော်ဝမ်းဆိုတာပဲ ကြိုက်တာကိုး… ဟိဟိ…ထူးအိမ်သင်နေ့ ရောက်မှပဲ ဇာတ်လမ်းလေးတွေ ပေါ်ကုန်တော့တယ်…ဒါဆို ဟေမာနေ၀င်းမေးသလို ဆရာ့ကို မေးခိုင်းလိုက်မယ်… သီချင်းလေးကို ချစ်တာလား တို့ ကိုချစ်တာလားလို့ …ဟိဟိ…

    ReplyDelete
  15. 14 Aug 09, 20:40
    အပြုံးပန်း: သီချင်းများနဲ့လူ၊ ဒီကမ္ဘာကို အဆင်ပြေလာအောင် ကူညီနိုင်ပါစေသားကွယ်။ အဲဒီသီချင်းလေး စိတ်ထဲရောက်နေတာကြာပြီ မသီတာ။

    ReplyDelete
  16. ကိုဧရာဆိုတဲ့ လူလည်ကြီးတောင် ရှင့်ကိုခုတုံးလုပ်ပြီး ကျမကို မလိမ့်တပတ် လုပ်သွားသေးသတော့…)

    ကိုဧရာဆိုတဲ့ လူလည်ကြီး ထူးအိမ်သင်ကို ဘယ်လို ခုတုံးလုပ်ပြီး ငါတို့ မမကို ဘယ်လို မလိမ့်တပတ် လုပ်သွားပါလိမ့်...

    ReplyDelete
  17. ဟုတ်တယ်ဗျာ ... သူ့သီချင်းတွေက ကိုယ့်အတွက်ပဲရှိနေသလိုမျိုး ...

    ReplyDelete
  18. အစ်မရေ ... နောက်ကျမှလာမိတာ ခွင့်လွှတ် ... ကိုဧရာကြီးက အဲ့လိုကြီးလား ... ရယ်ရတယ် ... အစ်ရေးတာဖတ်ပြီး ... အစ်မကရုပ်တည်ကြီးနဲ့ ပြောင်တတ်သူကိုး ...

    ReplyDelete
  19. သင်္ကြန်မိုးကို တကယ်မမှတ်မိတော့ဘူး၊ စိတ်တောင်မကောင်းဘူး။

    မသီတာ Low spirit မဖြစ်အောင် ကိုဧရာကို မလိမ့်တပတ်ထပ်လုပ်ခိုင်းလိုက်လေ.. အဟတ်

    ပျော်ရွှင်ပါစေ

    ReplyDelete