အခုတလော ဘလော့ဂ်တွေမှာ ဟိုကချစ် ဒီကချစ်နဲ့ တဖျစ်ဖျစ် မြည်နေကြလို့ သူများချစ်သလို မချစ်နိုင် မျောက်အိုကြီးလို မှိုင်နေသူတယောက် ကပ်ဖျက်ရပ်ဖျက် လုပ်လိုက်ပါတယ်။ မည်သူတဦးတယောက်ကိုမျှ ရည်ရွယ်လိုခြင်း အလျဉ်းမရှိပါ။ (ပုံ - မာယာတသိန်း)
*****
မပူမလောင် နွေးနွေး
ထမင်းပေါင်းလေး
စားမလားကွယ်
ကျိုက်ကျိုက်ဆူ ပူပူခပ်
ရေနွေးကြမ်းလည်း
ပါ ပါတယ်
နောက်ပြီးရင်…
ချိုမလိုလို စိမ့်စိမ့်
အိုက်စကရင်လေး
ကျွေးပါ့မယ်
မချိုမချဉ် ပြုံးပြုံး
စတော်ဘယ်ရီလေး
မြုံ့ဦးရယ်
လေပြေရယ် အေးအေး
ယပ်တောင်လေးနဲ့
ခတ်ပေးမယ်
ဒါပေမဲ့
ကျေးဇူးပြုပြီး
အချစ်အချစ်လို့တော့
တဖျစ်ဖျစ်
မမြည်လေနဲ့…
ဟိုးးး က
လက်ပံအို ပင်ယံထိပ်
မမှီနိုင်အောင်
ချိတ်ထားတယ်။ ။
မသီတာ.....
ReplyDeleteအီး..........
ကျမ ရဲ့ ကဗျာလေးတွေတော့ ပျက်ပါ ပြီ.......း)
း)
း)
မမသီရိ တယောက် လူအမြင်ကပ် အောင်ဘယ်လောက်များ လုပ်မိပြီလဲ မသိဘူးနော်..း)
အမြင်မှန်ရပါတော့ မယ်...း)..း)))
ခင်မင်စွာဖြင့်..
မသီတာ
ReplyDeleteအီး......
ကျမ ကဗျာလေးတွေတော့ ပျက်ပါပြီ...း)))
မမသီရိတယောက် လူအမြင်ကပ်အောင် ဘယ်လောက်များ လုပ်မိပြီလဲ မသိဘူးနော်..း))))
ကဗျာလေးက ထိမိ လွန်းတော့..
အမြင်မှန်ရပါတော့မယ်....း)))
ခင်မင်စွာဖြင့်..
အချစ်က အိုမင်းသွားသလားကွယ်း)
ReplyDeleteဘယ်သူတွေက ချစ်နေတာလဲ ဟင်...
ReplyDeleteဘယ်သူတွေကို ချစ်နေတာလဲ ဟင်...
လက်ပံအို ပင်ယံထိပ်
မမှီနိုင်အောင်
ချိတ်ထားတယ်...
ဘာတွေကို ချိတ်ထားတာလဲ ဟင်...
ဘာဖြစ်လို့ချိတ်ထားတာလဲ ဟင်...
(နားဝေးဝေးနဲ့ မေးခွန်းတွေ အတင်းမေးသွားသည်)
လှောင်သယောင် ပြုံးစိစိ
ReplyDeleteမသီရိကို မရိနဲ့ကွယ် ..
ချစ်နိင်သူတွေ ချစ်ကြပါ ချစ်ကြပါ
ReplyDeleteချစ်ပိုင်ခွင့်မရှိတော့....ဆိုတဲ့ သီချင်းလေးတောင်
သတိရသွားတယ်။
ဘာတွေချိတ်ထားတာလဲ သိချင်သေးတယ်။
လက်ပံအို ပင်ယံထိပ်
ReplyDeleteမမှီနိုင်အောင်
ချိတ်ထားတယ်
(အသဲနှလုံးကိုလား မမ။ ကြားဖူးတာတော့ ရေသဖန်းပင်ထိပ်တဲ့။ မိကျောင်းကြီးကို လှည့်စားဖို့လေ။)
မိုက်တယ် ကြိုက်တယ်။
မသီတာ
ReplyDeleteမိုက်တယ်
ထမင်းပေါင်းစား
ရေနွေးကြမ်းသောက်သွားတယ်
အချိုတော့မကြိုက်လို့
မတည်းသွားတော့ဘူး
မနော်ကတော့..
ဟိုး ထန်းပင်ဖျားမှာ
ချိတ်ထားတယ်
မသီတာထက်..ပိုမြင့်အောင်...း)
ဟက်ဟက်.. ဘာတွေ မနာလို.. အူတို..
ReplyDeleteစားကောင်းသောက်ကောင်းတွေနဲ့ ဗိုက်ဖေါင်းပြီးပြန်ဂျောင်းသွားပါသည်။
ရီရတယ် မသီတာ... ချစ်နိုင်သူတွေ ပိုချစ်နိုင်ကြပါစေလို့။ ချစ်ခြင်း မေတ္တာ တရား ရှားပါးနေတဲ့ ခေတ်ကြီးမှာ အမုန်းထက်စာရင် ချစ်ချစ်ချစ်တွေ မြည်နေတာ တော်သေးတယ် အမရေ :)
ReplyDeleteအိုက်ယား...
ReplyDeleteတရုပ်ကြီးတယောက် အော်သွားတာကို ကြားလိုက်တာပါ...
အဓိပ္ပါယ်တော့ မသိဘူး...း)
ထမင်းပေါင်းလည်း
ReplyDeleteဧရာစားန
အံယားတတ်လယ်
သီတာစားမယ်။း-)
ဘာတွေ ပြောနေကြတာလဲ.. မီးမီး နားမလည်..ဟယ်ဟယ်..
ReplyDeleteအချစ်ကိုချိတ်ထားတယ်ပေါ့... ဘေးမချိတ်ဘဲ အပေါ်တက်ချိတ် တာဆိုတော့ အခြေအနေ ကောင်းပါတယ်...(အဟီး... နောက်တာနော်)
ReplyDelete၀ါးးးးးးမသီတာရေ ကောင်းလှချည်းလား။ လက်ပံပင်အိုထိပ်ဘာတွေချိတ် ????
ReplyDeleteလူဘိန်း များတို့နားလည်အောင်ရေးကွယ်။
ReplyDeleteစိုးဟိုင်းလယ်ဗယ်ဖြစ်နေတယ်။