Tuesday, January 5, 2010

သူအယင်လို မဟုတ်တော့ဘူး

သူများတွေ ပြောကုန်ကြပြီ
"သူအယင်လို မဟုတ်တော့ဘူး" တဲ့။
မသီတာ တယောက် လူငယ်ခြေသွက်လေး မဟုတ်တော့ပါဘူး။
၂၀၀၉ နှစ်ကုန်ပိုင်းလောက်က စပြီး ခြေကျလာတာ ၀န်ခံပါတယ်။
(ဘလော့လည်တာ ပြောပါတယ်)
မသီတာ ဆယ်ရက်ပျောက်ပြီး ဘွားကနဲ ပေါ်လာ...ရက်နှစ်ဆယ် ပျောက်မယ်ပြော။
ကျိုးတိုးကျဲတဲ ပြန်လာ...ဘယ်နှစ်လ ပျောက်မယ်မှန်းမသိ။
(ဒါက ကိုယ်ဖာသာကိုယ် မှတ်ထားတာပါ)

14 comments:

  1. ဒီလိုပဲပေါ့သမီးရယ်.. ဖြစ်တတ်ပါတယ်ကွဲ့... ခြေကျရင် ခြေပြန်တင်ရတယ်
    :P

    (လူကြီးဖြစ်ပြီဆိုကြသဖြင့် လူကြီးသောလေသံနဲ့ ပြောသွားသည်)

    ReplyDelete
  2. မသီတာကတော့ ပေါ်လာပြီး ပျောက်သွားတယ်ဆိုတာ ဘယ်ကို ရောက်တယ်ဆိုတာ မသိဘူး။ ဘလော့ဂါတွေ အတော်များများက Face Book ရောက်သွားတော့ Face book မှာပဲ အချိန်ပေးတော့တယ်။ ဘလော့ဂ်ကို ပြန်မရောက်ကြတော့ဘူး။ ကျွန်မလည်း ခဏတော့ မိတ်ဟောင်းဆွေဟောင်းတွေ ဘလော့ဂ်မိတ်ဆွေတွေ တပုံကြီးနဲ့ ရင်းရင်းနှီးနှီးတွေ့ရလို့ ပျော်ပြီး ခဏတော့ ဘလော့ဂ်ဘက်မှာ အားနည်းသွားတေယ်။ အခု ဘလော့ဂ်ကို ပြန်ရောက်လာတဲ့အချိန်မှာ တခြားလာလည်နေကျ သူတွေ ကျွန်မဘလော့ဂ်ကို မရောက်လာကြတော့ဘူး။ ကျွန်မ ပြန်လည်လည်း ကျွန်မဆီ ပြန်လာမလည်ကြတော့ဘူး။ ဘာဖြစ်ကုန်တာလဲမသိဘူး။

    ReplyDelete
  3. ဒီလို "အရင်" ဟုတ်ဘူးလား။ သိပါတယ် တို့အစ်မကြီးအလုပ်တွေများတော့မယ်ဆိုတာ။ မသီတာရက်စက်တယ်နော် Sunday က ကျောင်းပိတ်တာ အကြောင်းလည်းကြားဖူး။ :( စိတ်ဆိုးပါဘူး။ တရားထိုင်လိုက်ရလို့ ကျေးဇူးတင်ပြီး ပြန်သွားပါတယ်။ :)

    ReplyDelete
  4. တစ်နှစ်တခါ ပေါ်လာရင်တောင် ကျေးဇူးနင်နေမှာပါ။

    ReplyDelete
  5. တွေ့ တွေ့တယ်လို့ မှတ်
    ပျောက် ပျောက်တယ်လို့ မှတ်ပါတယ်

    သြော် မသီတာ ဘလော့ကနေ သံဝေဂတွေ သင်ပေးနေပါလားပေါ့....

    စတာပါအမ။ အမတို့မိသားစု နှစ်သစ်မှာ ပျော်ရွှင်ပါစေခင်ဗျာ

    ReplyDelete
  6. ပျောက်နေတတ်ပေမယ့် နားလည်ပေးပါတယ်၊
    အမကြီးကို သတိတော့ ရနေပါတယ်။
    စိတ်ချမ်းသာနေတယ်ဆိုလို့ ၀မ်းသာပါကြောင်း
    အကြောင်းကြားပါတယ်ရှင်။

    ReplyDelete
  7. အို..ခြေကျရင် ခြေတက်အောင် ပြန်လေ့ကျင့်ပေါ့။
    ဒါနဲ့ အစ်မကြီး ဘာတွေလုပ်နေလဲ..
း)
    mm

    ReplyDelete
  8. တူတူပဲ မသီတာ... အမြဲတမ်းတော့ သတိရနေပါတယ်

    ReplyDelete
  9. မောင်ငယ်တွေ အားကျပါစေ ဆိုပြီး ဓါတ်ပုံတွေ တင်တတ်လာပြီ။ ဒါကြောင့် အရင်လို မဟုတ်တော့ဘူး။ အဟား

    ReplyDelete
  10. တူတူပဲ မသီတာ။ ချိုသင်းလဲ တောင်ဝှေး ကိုင်တော့မလို့။ မျက်စိလဲ ၀ါးနေပြီ။ :)

    ReplyDelete
  11. သူများကို စောင်းပြောနေတာလားဟင်… ဒီမှာ လက်တွေတောင်တုန်လို့ …

    ReplyDelete
  12. ကိုယ်လဲ..မင်းလိုပါဘဲ..ခုဘ၀မှာ.
    ရော်ဝါကြွေ ညောင်းခဲ့ လေတော့....အဲ..
    ဟုတ်သေးပါဘူးလေ..။
    မသိတာ အပျောက် ပြိုင်မလား...ခြေကျပြိုင်မလာ..
    ကြိုက်တာရွေး..မမရေ..။

    ReplyDelete
  13. ငါကတော့ ရာသက်ပန်ပျောက်နေတယ်လို့ မှတ်ထားတယ်။

    ReplyDelete
  14. :)) နောက်တခါပျောက်သွားမယ်ဆိုရင် ခွင့်တိုင်ရမယ်နော်။ စတာနော် လူကြီးကို စရဲတာဟုတ်ဘူး။ မငုံက မျှော်နေတယ်နော်။

    ReplyDelete