Friday, May 28, 2010
ပျော်ပျော်ပါးပါး ကကြီး ကနေ အ အထိ
"ပျော်ပျော်ပါးပါး ကကြီး ကနေ အ အထိ'' တဲ့ သက်ဝေ က တဂ်ပါတယ်။
စာလုံးလေးတွေကို စဉ်းစားရတာနဲ့တင် ပျော်ပါတယ်။
က - "ကမ္ဘာကြီးကို ကယ်တင်ဖို့ ရေ နဲ့ မီးကို ချွေတာစို့'' ဆိုတာ...
- ခေတ်သစ် အစိမ်းရောင် ကြွေးကြော်သံ ဖြစ်လာတယ်။ (တို့နိုင်ငံက ခေတ်ရှေ့ပြေးနေတယ်။)
ဂ ဃ န ဏ ဆိုတဲ့ စာလုံးက အသေးစိတ်ကြည့်တဲ့ မှန်ဘီလူး
- ကတော့  ငြိမ်း…  ငြိမ်း ကို ငြိမ်းလိုက်ပါ။ ငြိမ်းချမ်းပါစေ ကမ္ဘာမြေ။
လုံး- နဲ့ လိမ်
အစ နဲ့ အဆုံး ကြား
- ဇွဲ… တလုံးထဲနဲ့ ရှည်လျားတဲ့ အသွင်ဆောင်တယ်။
ဈ - ဈေးကွက်စီးပွားရေး စနစ်မှာ
- ညာတာပါတေးတွေနဲ့
-  ဋီကာချဲ့ မနေတော့ပါဘူး
- ဌေးသူတွေက သူဌေးဆိုရင်
- ဍရင်ကောက်ပင်တွေကတော့  သစ်ပင်ကြီးတွေပေါ် တွယ်ကပ်ပေါက်တာ မြင်ဖူးတာပဲ။
ဎ  -
ဏ -
- တုဏှိဘာဝေ
- ထိုင်နေလို့ကတော့
- ဒီမိုကရေစီ ဆိုတာ
- ဓနရှင်တွေအတွက်ပဲ
- နှလုံးသားနဲ့ စစ်တာဝန် (ရုပ်ရှင်နာမည်)
- ပညာ သားပါပါ
- ဖော်လန်ဖားလိုက်ရ ရင်
- ဗလ အင်အားပြလို့ ရပြီ
- ဘိုးတော်ရဲ့
- မေတ္တာကြောင့်
- ယဉ်ကျေးမှုနဲ့
- ရိုးရာလည်း
- လုံးပါး ပါးပြီ။
- ၀ံသာနုစိတ်ဓာတ်နဲ့
- သယံဇာတတွေကို
- ဟိုလူကြီးက
ဠ - (ဘာရေးရမှန်းမသိတော့ပါဘူး)
- အောင်ပါစေ။ အောင်ကြပါစေ။
14 comments:
  1. ဟားဟားဟား ရီရတာ အူတက်တယ်။
    သ - သယံဇာတတွေကို
    ဟ - ဟိုလူကြီးက
    ဠ - (ဘာရေးရမှန်းမသိတော့ပါဘူး) တဲ့..ဟားဟားဟား
    အ - အောင်ပါစေ။ အောင်ကြပါစေ ဆိုတဲ့ နောက်ဆုံး “အ” က ဦးတက်ခါး မေတ္တာဝေတယ် ဆိုတဲ့ ကြော်ငြာကို သတိရသွားစေတယ်။ ;D
    ReplyDelete
  2. ၀ - ၀ံသာနုစိတ်ဓာတ်နဲ့
    သ - သယံဇာတတွေကို လုံးပါးပါးစေလို့
    ဟ - ဟိုလူကြီးတွေ
    ဠ - ဠင်းတစာ မိပါစေ ဆိုရင်ကော မမ။
    ဟားဟားဟား..
    ReplyDelete
  3. သီတာ...အဟိဟိ...ချိုသင်းပြောတာနဲ့ တို့ ပြောချင်တာ တူတူပဲမို့ ကော်မန့်ဖတ်ပြီးရီမိသေး...၊ ဂဃနဏ နဲ့ အစ အဆုံးက အိုင်ဒီယာ တူနေတယ်ကွာ ၊ သီတာ လက်ဦးမှု ရသွားတယ်...ကတောက်...၊ ကြိုက်တယ်...ကောင်းတယ်၊ တိုကောင်းရီရ....ဟီဟိ....:)
    ReplyDelete
  4. ၀င်ပြီး အာချောင်ခြင်းပါ
    ဎ -ဎ ရင်မုတ်လို ခေါင်းသေးသေး ကိုယ်ကြီးကြီး မဖြစ်ဖို့
    ခင်တဲ့
    seesein
    ReplyDelete
  5. မအောင်ဘူး..
    ၃၃ မှတ်ပေးတာ.. ၃ မှတ်လျော့တယ်..။း)
    ReplyDelete
  6. ညတွင်းချင်း ရေးပေးတာ ကျေးဇူး သီတာ...
    သီတာ့ရဲ့ ထုံးစံအတိုင်း စာလုံးတွေတိုင်းဟာ သွက်သွက်လက်လက်...း))
    ချိုသင်းပြောသွားတာ ရယ်ရတယ်...
    ဠင်းတစာ မိပါစေ တဲ့... ဟားဟားဟား....
    ReplyDelete
  7. မမသီတာရေ....ရေးထားတာ မိုက်တယ်....အစ်မချိုသင်း ပြောသွားတာလည်း ရီရတယ် :)))
    ဂျင်ဂျင်း
    ReplyDelete
  8. ရေးထားတာ တကယ့်ကို ပျော်ပျော်ပါးပါး ကကြီးကနေ အ ပါပဲးD
    အ အောင်ပါစေတဲ့လားး))
    အောင်ပါစေ အောင်ပါစေ
    ReplyDelete
  9. လာဖတ်တာ နောက်ကျသွားတယ်။
    ဟိုလူကြီးတွေက...... ဘာရေးရမှန်းမသိတော့တာ သဘာဝကျပါတယ်။ :)
    ReplyDelete
  10. ရိုးရိုးလေးနဲ့ဖတ်လို့ကောင်းတယ်
    ReplyDelete
  11. အစ်မသီတာရဲ့ တိုတိုလေးနဲ့ ထိထိလေးကို လာဖတ်သွားပါတယ်။
    ReplyDelete
  12. ကော်မန့်ရေးသွားတဲ့ သူငယ်ချင်းတို့ရေ...
    တညနဲ့ တနေ့ စဉ်းစားလိုက်ရပါတယ်။
    လက်မှိုင်ချပြီး မြန်မြန်လာကယ်ပါဦး ချစ်သူရေ ~~~
    မြန်မြန်လာကယ်ပါဦး ချစ်သူရေ ~~~
    သီချင်းလေးဆိုလိုက်တော့မှ
    ကိုဧရာက ပညာရေး ၀န်ကြီးဌာန၊
    မြန်မာစာအဖွဲ့ဦးစီးဌာနက ထုတ်တဲ့
    ခရီးဆောင် မြန်မာအဘိဓာန် ဘုတ်အုပ်ကြီး ဆွဲထုတ်လာပြီး စာလုံးတွေ တန်းစီအော်ပေးမှ
    ပို့စ်အဖြစ် ရောက်ရပါတော့တယ်။
    ReplyDelete
  13. ဖတ်ရတာ ပျော်စရာပဲ မမရဲ့။း)
    ReplyDelete
  14. ရေးတတ်လိုက်တာ မ ရေ... ၀မ်းစမိုး...ဖြောင်းဖြောင်းဖြောင်း
    ReplyDelete