Friday, July 9, 2010

အသွင်မတူ အိမ်သူမဖြစ်


“အသွင်မတူ အိမ်သူမဖြစ်” ဆိုတဲ့ ဆိုရိုးစကားက ဘယ်လောက် အတိုင်းအတာထိ မှန်သလဲ မသိပေမယ့်၊ ရာခိုင်နှုန်း အတော်များများ မှန်မယ်လို့ ထင်တယ်။ သိပ်လေးစားတဲ့ ရူပဗေဒ ဆရာတစ်ယောက်ရဲ့ သီအိုရီကို သတိသွားရမိတယ်။ “လင်မယားတွေက ရုပ်တူကြတာ များတယ်၊ ဘာကြောင့်လဲဆိုတော့ လူဆိုတာ ကိုယ်ကိုယ်ကို သိပ်ချစ်တော့ ကိုယ်နဲ့ တူတဲ့လူကို ရွေးကြိုက်တတ်တယ်” တဲ့။ မသီတာကလည်း မကြာခဏ ပြောလေ့ရှိတယ် … “လင်မယားတွေဟာ ရုပ်တူတူ လာတတ်တယ်” တဲ့။ လင်ရယ် မယားရယ်လို့ အတူတကွ အနေကြာလာတော့ အတွေးအခေါ်တွေ, စရိုက်တွေ (တမင် ညှိယူတာ မဟုတ်တောင်) ကူးစက်သွားတာတော့ သေချာပါတယ်။ ဒါပေမယ့်လည်း အမြင်ကွဲလွဲမှု, စရိုက်ကွဲလွဲမှုတွေကတော့ ရှိနေဦးမှာပါ။ ဒီတော့ ကွဲလွဲမှုတွေကို နားလည် ခွင့်လွှတ် ပေးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် “အသွင်မတူ အိမ်သူမဖြစ်” ဆိုတဲ့ စကားကို ရာခိုင်နှုန်းပြည့် မထောက်ခံ မိတာပါ။

သူငယ်ချင်းသက်ဝေက အသွင်တူ၏။ မတူ၏။ ရေးဖို့တဂ်တော့ တစုံတွဲနေတဲ့ ကိုယ်တို့နှစ်ယောက်အကြာင်း ဟိုလူကြီး ရင်ဘတ်ထဲ ဘယ်လောက်များရှိသလဲ သိချင်မိတဲ့ အကြံနဲ့ ဒါလေး ရေးပေးဆိုလို့ ရေးပေးတာတဲ့လေ… ကိုယ်မျှော်လင့်ထားတာနဲ့ တခြားစီ… ပတ်ချာကို လည်နေတာပဲ…။ ဒီက ပြောတာကဖြင့် လင်မယားတွေကို ယှဉ်တွဲ ယှဉ်တွဲ အမြင်များလာတာရယ်၊ တစ်မိုးထဲအောက်နေ တစ်အိုးထဲက စားနေလို့ ဥတုကြောင့် ဖြစ်တဲ့ရုပ်၊ အာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေ တူလာတာရယ်ကို ပြောချင်တာ။ နောက် အ၀တ်အစား အဆင်အပြင်ကအစပေါ့လေ။ သိပ်ကွာခြားနေရင် ကြည့်မကောင်းဘူး မဟုတ်လား။ အချို့ဆို အင်္ကျီဆင်တူလေးများတောင် ၀တ်လို့ တူအောင် အားထုတ်ကြတော့ တူလာတာပေါ့။

အဲ့ဒီလိုပါ ကိုဧရာက “ရှင်းနေတာတွေကို ရှုပ်အောင်လုပ်၊ ပြီးတော့မှ ပြန်ရှင်း၊ အဲ့ဒါဆို ပိုရှင်းသွားရော...” ဆိုတဲ့ ပန်းမြိုင်လယ်က ဥယျာဉ်မှူး ဇာတ်ကားထဲက ဘီအီးဒီအောင်သိုက်ရဲ့ သဘောတရားနဲ့ သွားနေတဲ့ လူစားမျိုး။
မသီတာကတော့ သိပ်စိတ်မရှည်တတ်ဘူး။ ဟေ့…ဟေ့… ဒီမှာ အပိုစာသားတွေနဲ့ စာမျက်နှာတွေ များနေပြီ လို့ ဘုတောတတ်သူ…။ တခါတလေတော့လည်း မသီတာက
ဧရာဆိုတာ မြစ်တစင်း ဆိုရင် ဘယ်နေရာမှာ စီးစီး အေးချမ်းမှုတွေနဲ့ ပတ်ဝန်းကျင်ကို အကျိုးဆောင်မှာ…
အဲ့လိုတွေ.. အဲ့လိုတွေ ကဗျာဆန်ချင်ပြန်ရင်လည်း သူကပါမလာ ပြန်ဘူး…။ ငုတ်တုတ်ကြီး ကျန်ခဲ့လို့ ဒီက ဒေါတွေမောတွေနဲ့ ပြန်လှည့်ခေါ်ရပြန်ရော…။ အဲ့ဒီအခါကျတော့လည်း “ကိုယ်မှမသိပဲ” ဆိုတဲ့ မျက်နှာသေလေးနဲ့
“ဘာမသိတာတုန်း… မသိဘူး ဆိုတာနဲ့ပြီးရောလား… မသိဘူး ဆိုတာကို မကြိုက်တာ…” မသီတာ့ ပါးစပ်က ကာရန်မပါတာတွေ ရေရွတ်ရပြန်ရော…။ စိတ်ထဲကတော့ အူတူတူလေးကို ကြိတ်ကြိုက်နေတာ…။

ဆိုလိုတာက ကိုဧရာက မသီတာနဲ့မှ မဟုတ်ပါဘူး။ ဂျူလီယာဖြစ်ဖြစ် အမီနာဖြစ်ဖြစ် ဘယ်သူနဲ့ မဆို အဆင်ပြေမည့် လူစားမျိုးပါ။ စိတ်ကောင်းရှိပါတယ်။ ရိုးသားပါတယ်။ သည်းခံတတ်ပါတယ်။ (ကိုယ့်လူမို့ အမွှန်းတင်နေတာ မဟုတ်ပါဘူး။ မသီတာ ချဉ်ဖတ်ကြိုက်လို့ပါ။) အဲ့ဒါကို ပြောင်းပြန်လှန်တော့ မသီတာပေါ့လေ… ဒီက အဖို့မှာတော့ သူနဲ့သာ မဆုံရင်…

ကဲပါလေ ကိုဧရာနဲ့ မသီတာ အသွင်တူ၏။ မတူ၏။ ပို့စ်လေး ဖတ်အပြီးမှာ လိုက်ဖက်ညီ၏။ မညီ၏ ဆိုတာကို လူကြီးမင်းများ ကိုယ်တိုင်ပဲ အဆုံးအဖြတ်ပေးခဲ့ကြပါ။
ကိုဧရာကတော့ ပြောပါတယ် မသီတာကို သိပ်လှစေချင်ပါသတဲ့။ (စိတ်ကလေး သိပ်လှစေချင်ပါသတဲ့ …။)

ဆက်စပ်ဖတ်ရှုရန် - ချစ်သူများအတွက် လက်ဆောင်
ဒီ ပို့စ်လေးကို ဘလော့ဂ်ကတဆင့် ခင်မင်ရသူတွေကို တဂ်ချင်ပါတယ်။

ပထမဦးဆုံးအနေနဲ့ အမျိုးသားများက စပါမယ်
ကိုဂျူလိုင်ဒရင်း ပါ။ (ကိုဧရာက တောင်းဆိုပါတယ်။) Mars and Venus

နောက်...

မလေး လို့ခေါ်တဲ့ အိမ့်ချမ်းမြေ့ --- ထင်းရူးနံ့သင်းသော ဧရာဝတီ
ပန်းနွယ်က မစိမ်းတဲ့ ပန်းနွယ် ---  တူတူ - မတူတူ၊ မထူး
မမရွှေစင်ဦး…--- တနေရာတော့ တူပါလိမ့်မယ်
My world က ဖြိုးဖြိုးလေး --- အသွင်မတူ အိမ်သူမဖြစ်
လသာည ဖြစ်ပါတယ်။ --- အသွင်တူရင်
Yu Wa Yi --- အသွင်တူ၏ မတူ၏

အပျိုတသိုက်ကိုတော့ ချန်ထားခဲ့ရပေါ့း)

31 comments:

  1. ရှင်းနေတာတွေကို ရှုပ်အောင်လုပ်၊ ပြီးတော့မှ ပြန်ရှင်း၊ အဲ့ဒါဆို ပိုရှင်းသွားရော..
    ကိုဧရာရဲ့ အဲဒီစကားကို သဘောအကျဆုံးပဲ။ ဟုတ်တယ်။ သူတို့ဘာလို့ အဲဒီလို လုပ်ကြသလဲ စဉ်းစားမရဘူး။ ချိုသင်းနဲ့ မမသီတာ တူတယ်။ :)

    ReplyDelete
  2. အင်း အတော်လေး တူတယ်

    ဟုတ်ပါတယ် တော်တော် တူပါတယ်

    ReplyDelete
  3. အဲ... သက်ဝေ တက်ဂ်လိုက်တာ ကိုဧရာပါ မနေရ ဖြစ်သွားတယ်... ဟီဟိ...

    အသွင်မတူ အိမ်သူမဖြစ် ဆိုတဲ့ စကားကို ရာခိုင်နှုန်း အပြည့် မထောက်ခံဘူး ဆိုတဲ့ စကားကို ရာခိုင်နှုန်း အပြည့် ထောက်ခံသွားတယ်... (ဟမ်... ရှင်းနေတာကို ရှုပ်အောင် လုပ်မိပြန်ပြီ...)

    မသီတာရဲ့ အရေးသွက်သွက်ကိုတော့ တကယ်သဘောတကျနဲ့ ပြုံးမိပါတယ်... စိတ်ထဲကတော့ အူတူတူလေးကို ကြိတ်ကြိုက်နေတာ… ဆိုပဲ...း))

    တက်ဂ်ပိုစ့်လေးကို ပျော်ပျော်ပါးပါး ရေးပေးတာ ကျေးဇူးပါ ကိုဧရာနဲ့ မသီတာရေ...

    ReplyDelete
  4. အစ်မရေ ..
    ဖတ်ပြီးသဘောကျသွားပါတယ် ..း))
    ပျော်စရာကြီးပဲ အဲလို လွဲနေတာလေးတွေက :D
    ကိုယ်က ကဗျာတွေ ဆန် သူက ပြန်ပါမလာတော့ အင်းးးး နင်တော့နင်တယ်နော် .. :P

    ReplyDelete
  5. :P

    ရှင်းနေတာတွေကို ရှုပ်အောင်လုပ်၊ ပြီးတော့မှ ပြန်ရှင်း၊ အဲ့ဒါဆို ပိုရှုပ်..
    :))

    nice to read. :P :P

    Myatnoe

    ReplyDelete
  6. သီတာရေးလိုက်ရင် ဘာဖြစ်ဖြစ် သဘောကျနေတော့တာ... အမြဲပြုံးမိတော့တာ....:)

    ReplyDelete
  7. လင်ယောက်ျားဆိုတာမျိုးက မယူခင်ကတော့ ရုပ်လေးပါလှနေတာကိုမှ ကြိုက်တာ၊ ပိုင်ဆိုင်သွားပြီးရင်တော့ စိတ်ကလေးပဲ လှတာကြိုက်ကြတော့တာပါပဲရှင်။

    ReplyDelete
  8. အူတူတူလေးကို ကြိတ်ကြိုက်နေတာတဲ့ အဟိဟိ....

    ဘာပဲပြောပြော မသီတာတို့ စုံတွဲကို ကြည့်ရတာ အရမ်းအေးချမ်းတယ်း))

    ReplyDelete
  9. အစ်မရေ ... အစ်မရေ ... ဖတ်သွားပါပြီ။ ကိုဧရာကို ဘီအီးဒီအောင်သိုက်နဲ့နှိုင်းလိုက်တော့ ရယ်လိုက်ရတာ ...

    စိတ်ထဲကတော့ အူတူတူလေးကို ကြိတ်ကြိုက်နေတာ…တဲ့ ... ဟီဟိ။ ပေါ်ပြီ ...

    အရက်မူးတော့ ကျွဲခိုးပေါ်တဲ့ ... ဘလောဂါတွေ တက်ဂ်ပို့စ်ရေးတော့ အကုန်ပေါ် ... ဟားဟား။

    ReplyDelete
  10. 'ဒီက အဖို့မှာတော့ သူနဲ့သာ မဆုံရင်...' ဆိုတဲ့နောက်ကို အတွေးပါသွားလို့ ...

    ချစ်စရာကောင်းတဲ့မမသီတာရေးဟန်အတိုင်း ချစ်ဖို့ကောင်းနေပြန်တယ်။ နှစ်ခေါက်တိတိ သေချာဖတ်သွားတယ်။

    မမနဲ့ကိုဧရာတို့စုံတွဲကို အမြဲအားကျနေသူရယ်ပါ။း))

    ဒီတစ်ခါ အတဂ်မခံရတဲ့အထဲ ပါသွားသူ
    ဇွန်

    ReplyDelete
  11. အင်း ညီမ တက်ဂ် ထားတာ မသိဘူး ရေးပေးမယ်နော်

    ကိုဧရာ ကြီး သဘောကောင်းတာ တော့ လက်ခံတယ် မန္တလေးသားကြီးဖြစ်လို့


    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  12. မ....

    ကမ္ဘာ့ဖလားကြီး ပြီးသည်အထိ စောင့်ပေးပါနော်.. :D
    နောက်အပတ်ထဲရေးပါမယ်..

    ReplyDelete
  13. ဆိုတော့..
    ကိုဧရာ နဲ့ သီတာ ဘယ်သူက ပိုချောသတုန်း

    ရုပ် က အတူတူ ပဲ လား..း)

    ReplyDelete
  14. တော်သေးတယ်..ဒီပို့ကို ကိုဧရာ မရေးပေလို့
    မသီတာကြီးက..
    ကိုယ့်ဧရာချဉ် ကိုယ်သိပ်ချဉ်နေတာပဲ..

    ReplyDelete
  15. ကိုဧရာ.. tip တခု ပြောမယ်နော်..
    မသီတာ က.. မလိုက်နဲ့ ဆိုရင်.. လိုက်လို့ ပြောတာ..
    ပြော ဆို ရင်..မပြော နဲ့ တော့ လို့ ဆန္ဒ ရှိတာတဲ့..။

    အဲဒါ.. ဘယ်တော့မှ ရိုး တဲ့.. ကလီရှေးး)

    ReplyDelete
  16. မသီတာနဲ့ ကိုဧရာ တကယ်လိုက်ဖက်ညီပါတယ်၊
    မသီတာက ငုတ်တုတ်ကြီးကျန်ခဲ့တာကို ပိုသဘောကျတာပါ၊
    ကိုဧရာ သာ ရှေ့ကပြေးနေရင် မသီတာ ကြိုက်ချင်မှ ကြိုက်မှာ၊ ဟုတ်ဘူးလား
    မသီတာ ကိုဧရာ လိုက်ဖက်ညီ၏ :)
    မသီတာရေ .. တက်ဂ်ပေးတာ ကျေးဇူး
    တက်ဂ်ခံရဘူးတာ မသီတာက ပထမဆုံးပဲ
    ရေးမယ်နော် .. မြန်မြန်လေး :)

    ReplyDelete
  17. (အဲ့လိုတွေ.. အဲ့လိုတွေ ကဗျာဆန်ချင်ပြန်ရင်လည်း သူကပါမလာ ပြန်ဘူး…။ ငုတ်တုတ်ကြီး ကျန်ခဲ့လို့ ဒီက ဒေါတွေမောတွေနဲ့ ပြန်လှည့်ခေါ်ရပြန်ရော…။ အဲ့ဒီအခါကျတော့လည်း “ကိုယ်မှမသိပဲ” ဆိုတဲ့ မျက်နှာသေလေးနဲ့
    “ဘာမသိတာတုန်း… မသိဘူး ဆိုတာနဲ့ပြီးရောလား… မသိဘူး ဆိုတာကို မကြိုက်တာ…” မသီတာ့ ပါးစပ်က ကာရန်မပါတာတွေ ရေရွတ်ရပြန်ရော…။ စိတ်ထဲကတော့ အူတူတူလေးကို ကြိတ်ကြိုက်နေတာ…။)

    =D

    ReplyDelete
  18. လာတော့ လာမယ်.. .. ကြာမယ်နော်..အစ်မ။
    :)

    ReplyDelete
  19. မ... ဒီပို့ စ်လေးမှာကို ၀ါသနာချင်းထပ်တူကျတဲ့ ကိုဧရာနဲ့ မသီတာရဲ့ ရှေ့ သွားနောက်လိုက်ညီမှု(သို့ ) အသွင်တူမှုက ထင်းကနဲ ပေါ်နေတာမိုလား... နောက်တူတာတွေက ဘုရားတရားလုပ်တာ၊ ယဉ်ကျေးသိမ်မွေ့ တာ၊ မြန်မာဆန်တာ... ကျွန်မတို့ မျက်စိထဲမတော့ ကိုဧရာ၊မသီတာက နေနဲ့ လ၊ ရွှေနဲ့ မြလို အလွန်လိုက်ဖက်ညီတဲ့ စုံတွဲပါပဲ မ ရေ...

    ReplyDelete
  20. ဟယ်...ကိုဧရာကြီး ရိုးတယ် ရိုးတယ်နဲ့..ဘယ်က ဂျူလီယာတွေ အမီနာတွေ ပါလာရပြန်တာလဲ သီတာရဲ့..(ဟိဟိ..ဆရာ့ မပြနဲ့နော်...)

    ReplyDelete
  21. မ သီတာ..
    တအားလိုက်ဖက်တဲ့ စုံတွဲပါနော်..။ အူတူတူလေး ဆိုတဲ့အသုံးကို အကြိုက်ဆုံးပဲး)

    တဂ်ထားတာလား..။ ဒါဆို ရေးပေးရမှာပေါ့..။ အခုခနစောင့်နော်။ အဖျားနည်းနည်းနဲ့ အပျင်းများများ ကျန်နေလို့ ဆေးသောက်လိုက်ဦးမယ်း)

    ReplyDelete
  22. =) ... ဖတ်ရတာ စိတ်ကြည်နူးလို့ ထပ်လာဖတ်တာပါ မမ။

    ReplyDelete
  23. ကိုဧရာမသီတာတို့ ရေးနေကြတဲ့ စာတွေကို ကြည့်ပြီး စိတ်ဝင်စားပုံချင်း စတိုင်ချင်း ကွဲတာလေးတွေကို သတိထားမိပါရဲ့။ ဘာပဲဖြစ်ဖြစ် စာရေးတာဖတ်တာကို ၀ါသနာပါနေတာကျတော့ တူနေပြန်ရော။ အဲဒီလိုပဲ တခြားနေရာတွေမှာလည်း တူတဲ့အထဲက ကွဲပြားမှုလေးတွေနဲ့ ကွဲပြားတဲ့အထဲမှာ တူတာလေးတွေနဲ့...ဘ၀မှာ ငြီးငွေ့ဖွယ်မရှိ ပျော်ပျော်ရွှင်ရွှင် လျှောက်လှမ်းကြပါစေ။း)

    ReplyDelete
  24. CBox မှ

    9 Jul 10, 07:46
    အပြုံးပန်း: မင်္ဂလာနံနက်ခင်းပါ မသီတာ၊ ကိုဧရာနဲ့မသီတာ၊ အသွင်တူသလားမတူလား၊ မပြောလည်းသိပြီးသား။
    9 Jul 10, 12:08
    လုလု: သူတို့တွေ အချစ်ကျတော့လည်း တစ်မျိုးလေးပေါ့၊ ကြည်နူးစရာပါပဲနော်။
    9 Jul 10, 14:58
    Pauk: တော်သေးတယ်..ဒီပို့ စ်မသီတာပဲရေးလို့...ဟီးးဟိ
    9 Jul 10, 15:02
    julyDream: ကိုယ်ကျိုးနည်းအောင် လုပ်ပြန်ပြီ... =)
    9 Jul 10, 17:28
    shwezinu: သူများက အပျိုကြီး ဗျ အဲလို မစပါနဲ့
    9 Jul 10, 17:58
    နတ်ဆိုးလေး: လာသွားပါတယ် ကိုဧရာ နဲ့ မသီတာရေ..
    9 Jul 10, 20:27
    သက်ဝေ: မသီတာရေ... သီချင်းတွေတင်ထားတာ လာနားထောင်နေတယ်...း))
    10 Jul 10, 00:38
    ဆင်တဲကဖေး: မရောက် တာ ကြာပီဗျာ .. ခွင့် လွတ် ..
    10 Jul 10, 15:41
    သက်ဝေ: သီတာရေ... တူသလား မတူသလား တချို့ညီမလေးတွေရဲ့ ပိုစ်လေးတွေမှာ ကိုကို ၃၂ လုံးတို့ မောင် ၁၆ လုံးတို့နဲ့ပါဗျား...း))

    ReplyDelete
  25. မသီတာက ချဉ်ဖတ်ကြိုက်လို့ ရေးထားတာ ပြုံးမိတယ်။
    စုံတွဲတွေက တူတာရှိသလို၊ ကိုယ့်မှာ မရှိတဲ့ အချက်ကိုလည်း ကိုယ့်ခရီးဖော်ဆီမှာ ရှာတတ်လို့ မတူတဲ့ နေရာလေးတွေလည်း ရှိမယ်ထင်တာပဲ။ လင်မယားတွေ ရုပ်တူလာတတ်တယ် ဆိုတာတော့ ဟုတ်မလားပဲ မသီတာရေ။ ပတ်ဝန်းကျင်မှာ တွေ့နေရလို့။

    ReplyDelete
  26. ဟိဟိ.. ဘာရေးရမှန်း မသိလို နောက်တစ်ခေါက်လာဖတ်တာ..။ မချစ်ကလည်း တဂ်ထားတယ်တဲ့..။ မ သီတာလို ရေးတတ်အောင် စဉ်းစားလိုက်ဦးမယ် ခဏစောင့်နော်း))

    ReplyDelete
  27. သဘောကျလို့ ထပ်ပြန်လာဖတ်တယ်..မသီတာ

    ReplyDelete
  28.း) မသီတာတောင် tagနေပါလား။ ကျေးဇူးပဲ မသီတာtag လို့ဖတ်ရတာ။
    မလေးကို...လူလွတ်ထင်နေတာ။ ;P

    ReplyDelete
  29. မမသီတာ... မန်းသားတွေက တစ်ယောက်နဲ့ တစ်ယောက် တော်တော်တူကြတယ်နော်...

    အမီနာဖြစ်ဖြစ် ဂျူလီယာဖြစ်ဖြစ် ဆိုတာ ရေလည်သဘောကျသွားတယ်... အိမ်က မန်းသားလဲ အဲလိုနေမှာပဲ
း-)

    ReplyDelete
  30. မ.......
    ရေးပြီးသွားပြီနော်း))

    http://www.ainchannmyay.com/?p=904

    ReplyDelete
  31. စိတ်မြန်တဲ့မသီတာနဲ့ အမီနာတို့ဂျူလီယာတို့နဲ့တောင် အဆင်ပြေနိုင်မဲ့ ကိုဧရာတို့ကို မှန်းဆမြင်ယောင်ကြည့်မိတယ်... :D

    ReplyDelete