Tuesday, August 24, 2010

My Model

S-C မှာ ပို့စ်တွေ ကျဲပြန်ပြီ… ဆိုတော့ကာ
ပို့စ်အနည်းအများက နိုင်ငံရေး ဒီရေ အတတ်အကျနဲ့များ ဆက်စပ်နေလေသလား
ဘလော့ဂ်အပေါ် ပြတ်သားတဲ့ သဘောထား မရှိသူလို့ မိတ်ဆွေတို့ သံသယ၀င်လေပြီလား

အင်ထရိုဝင်နေတာနဲ့ပဲ နာတော့ လက်ကောက်နံ့ မွှေးလာပြီ...
တလွဲမတွေးကြပါနဲ့ ပေါက်တို့ သက်ဝေတို့ ဆီက လက်ကောက်ပါ။

တရံရောအခါက မသီတာ အပ်ချုပ်သင်ပါတယ်။ ဆရာမကတော့ ကိုယ့်အတိုင်းနဲ့ကိုယ် ပုံစံချပြီး သင်ပေးတာပါ။ ဒါကို မသီတာ ရှည်တေတေက ပိတ်စချွေတာပြီး miniature လုပ်ချုပ်ပါတယ်။ ဒီမှာတင် သားငယ်ရေစင် model ဖြစ်ရတော့တာပေါ့။


ဒီပို့စ်တော့ အပိုင်ဆုံးပဲ (Eညှစ်နေတာ)
mouse walk
model မောပြီ

အဲ့ဒီစကတ်လေးကို အတူတက်တဲ့ သင်တန်းသူတယောက်က သူ့သမီးလေးကိုချုပ်ပေးချင်လို့ ဆိုပြီး ငှားသွားလိုက်တာ... ပြန်မရတော့ဘူး။ 


ဆိုင်ရှေ့က ဆိုင်းဘုတ်ကိုလည်း သေချာဖတ်သွားဦး

ယနေ့ အပ်ထည် လက်မခံပါ။
ပုံ/စွယ်စုံရ ဘလော့ဂ်ပညာရှင်

25 comments:

  1. ရေစင် ညိုညိုလေး..
    ချစ်စရာ..တကယ်မိန်းကလေးနဲ့ တူတယ်ဗျ။

    အပ်ထည်လက်ခံနိုင်မလား..။
    တခါအပ် အထည် ၅၀နော်..။
    စဉ်းစားအုန်း..။
    လက်ခလား..။
    ရော့ ပတ္တမြား..ရော့နဂါးပဲ..။

    ReplyDelete
  2. ယနေ့ အပ်ထည် လက်မခံရင် မနက်ဖြန်တော့
    လက်ခံမှာပေါ့၊ အဲလိုလား ...း)

    ReplyDelete
  3. မသီတာ သားလေးလား သမီးလေးလား၊
    ချစ်စရာလေးပါ သနပ်ခါးလေးနဲ့၊ မေမေ လုပ်တာနဲ့ သားလေးလဲ သူ့ဘာသာမနေရဘူး :)

    ReplyDelete
  4. မသီတာ တော်လိုက်တာ စကတ်ချုပ်တတ်တယ်ပေါ့နော်။
    မော်ဒယ်လုပ်ရတဲ့ ရေစင်လေးတော့ သနားပါတယ်။ စကတ်ကလေးနဲ့ ... သူ့ခမျာ မောသွားရှာပြီ။ :P

    ReplyDelete
  5. ဟားဟား.. mouse walk ကို အကြိုက်ဆုံးပဲ

    ReplyDelete
  6. ဟိ..မသီတာ...စက်ဆက်မချုပ်တာ ရေစင်ကံကောင်းသွားတယ်။
    အခုနေ..ဆင်ရင် ၀တ်တော့မယ်မထင်ဘူး။
    mm

    ReplyDelete
  7. :D

    ခု ဒီပုံတွေ ပြန်ကြည့်ရင် သူ ရှက်နေသေးလား

    ReplyDelete
  8. စကတ်လေးနဲ့ ဓာတ်ပုံရိုက်ခံရှာတယ်....
    ချစ်ဖို့ကောင်းလိုက်တာ လွန်ပါရော....

    ညီမငယ်ငယ်က အဲလိုအသားနဲ့ အဲလိုမျက်လုံးမျိုး....ဟိ

    ReplyDelete
  9. အလဲ့... ရေစင်လေးက ပို့စ်ပေးတတ်လိုက်တာ၊ mouse walk လည်း လျှောက်တတ်တယ်နော် ...။
    ချစ်ချာလေး...း))

    ဇွန်ငယ်ငယ်က မောင်လေးကို စကပ်ဝတ်ပေးကြည့်ဖူးသေးတယ်... အဟိ

    ReplyDelete
  10. မသီတာသားလေးက လိမ်လိမ်မာမာရှိမယ့်ပုံလေးနော်။ ငယ်သေးလို့ လားပဲ :p
    အိမ်က ကလေးမတွေတော့ ဂါဝန်တွေ စကက်တွေဝတ်ပေးရင် အပြင်မထွက်ရဲဘူး။ အခုတည်းကကိုပဲ။ ဘောင်းဘီရှည်နဲ့ ရှပ်နဲ့ မှကျောင်းသွားတာ။ သူတို့ အဖေ၀ယ်ဝယ်လာတဲ့ ဂါဝန်တွေဆို ပစ်ရတာများတယ်။
    ဒါနဲ့ မယ်ဒေါ် အဲ မော်ဒယ်တွေက မောရင် အဲလိုလေးအိပ်ပြီး အနားယူတတ်တယ်လားဟင် :D ၀လာကုန်မှာပေါ့နော်။

    ReplyDelete
  11. မေမေ့ ကောင်းမှုနဲ့ ရေစင်ကလေးတော့ အမှတ်တရ တွေ ဖြစ်ပြီ..

    စကပ်လေးပြန်မရတာ စိတ်ထဲမထားပါနဲ့ကွယ်.. သူ့သမီးလေးနဲ့ ကွက်တိဖြစ်လို့နေမှာပါ

    ReplyDelete
  12. ချစ်စရာ အညာသား ရေစင် လေးပါလား

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  13. သားလေးကလိမ္မာလိုက်တာနော်... မသီတာပြုသမျှနုရရှာတယ်.... ဟီးဟီး

    ReplyDelete
  14. မော်ဒယ်လ် အသစ်ပေါ့နော် ..

    ReplyDelete
  15. ဟိုက်ရော......မော်ဒယ်အလန်းလေးပါလား...း)
    သားသား ခမျာ မေမေလုပ်တာနဲ့ mouse walk ပါလျောက်
    ပြရ ရှာတယ်..။အတော်မောသွားပုံပဲ...။

    ReplyDelete
  16. မော်ဒယ်လေးကချစ်ဖို့ကောင်းလို့ နောက်တစ်ခေါက်ထပ်လာကြည့်ရတယ်...... :D

    ReplyDelete
  17. သားသားကို စကပ် ဝတ်ပေးရတယ်လို့...
    ဆိုးတဲ့ မေမေပဲ...း))

    ဒါပေမယ့် စကပ်နဲ့ ပုံလေးတွေကတော့ ချစ်စရာ...

    ReplyDelete
  18. အဲ မသီတာတော့ လုပ်ပြီ။ ဒီမှာ တကူးတကလာပါတယ်ဆိုမှ အပ်ထည် လက်မခံဘူးဆိုပဲ။

    ReplyDelete
  19. ပြုံးရတယ်တော့၊

    ReplyDelete
  20. မမသီတာ... မော်ဒယ်လေး သနားပါတယ်...
    သူ့ခမျာ အမေ့ အလိုကျ အိုင်တင်လေးတွေ လုပ်ပေးရှာတယ်...
    ချစ်စရာလေးတော့....
း-)

    ReplyDelete
  21. ဒီကလေး အပိုင်ပေးပါ။ :)

    ReplyDelete
  22. ဂျင်းတကယ် အားရပါးရ ရီမိတယ် မသီတာရယ်....ရေစင်လေးကစကတ်လေးနဲ့ ချစ်စရာကောင်းလိုက်တာ။ ချစ်စရာကောင်းဆို စက်ချုပ်ဆရာဒီဇိုင်နာက တော်တာကိုးးးးး။ မရဘူး ဂျင်းကိုတစ်ထည်လောက်တော့ ချုပ်ပေးပါ။:D

    ReplyDelete
  23. ဒီနေ့ စံစံကိုနောက်ပြီးမေးကြည့်တော့ စံစံကပြောတယ်၊ ဖေဖေက သားကို ကော်မန့်တွေ ဖတ်ပြတယ်တဲ့...။ :D

    ReplyDelete
  24. ကိုယ်ပိုင်မောဒယ်ရထားတာကိုးးး ..း))

    ပျော်ရွှင်ပါစေ အစ်မရေး))

    ReplyDelete