Friday, October 1, 2010

ကလေးများနေ့ ဆုတောင်း

စင်္ကာပူ ကလေးများနေ့မှာ...
အမိ ၀မ်းကြာတိုက်ထဲမှ ကလေးများ
မိစုံဘစုံရှိ ကလေးများ၊ မိမစုံ ဘမစုံကလေးများ
(ကိုယ်ရောစိတ်ပါ) ကျန်းမာသော ကလေးများ၊ မကျန်းမာသော ကလေးများ
(ကိုယ်ရောစိတ်ပါ) ချမ်းသာသော ကလေးများ၊ မချမ်းသာသော ကလေးများ
လူဖြစ်ခွင့်ရသော ကလေးများ၊ လူဖြစ်ခွင့်မရသော ကလေးများ အားလုံးကို
လူပီသသော လူကြီးများဖြစ်ကြပါစေလို့
ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

ဖြူချင်ဖြူလည်း မဲချင်မဲပေါ့ ဒို့ငြိမ်းချမ်းစွာ ကွဲလွဲမယ်


မြန်မာနိုင်ငံ ကလေးများနေ့မှာ ဖေဖေါ်ဝါရီလ(၁၃)ရက်၊ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) ဖြစ်ပါတယ်။
The World Conference for the Well-being of Children in Geneva, Switzerland proclaimed June 1 to be International Children's Day in 1925.

13 comments:

  1. တော်သေးတယ်.
    သူက မဲပြီး
    မသီတာက ဖြူပေလို့..။
    ကလေးများနေ့ မနက်စောစော ခခတယောက်
    အဆူခံထိပါစသည်..။
    ညနေပြန်လာမှ ကိုလာ တိုက်ရမယ်..။
    (ချော့တာ..ချော့တာ..)

    ပေါက်

    ReplyDelete
  2. ဗိုက်ထဲက ကလေးကို ဆုတောင်းပေးလို့ ကျေးဇူးပါ... မသီတာ..

    မယ်ပေါက်.. ယောက်ျားကဖြူပြီး၊ မိန်းမက မဲနေရင်တော့ မတော်သေးတာပေါ့ဆိုတဲ့ သဘောလား.... ဟင်း ဟင်း... x-(

    ReplyDelete
  3. ဖြူချင်ဖြူလည်း မဲချင်မဲပေါ့ ဒို့ငြိမ်းချမ်းစွာ ကွဲလွဲမယ်

    ကလေး များနေ့ကို အမှတ်ရနေတဲ့ မသီတာ ကိုကျေးဇူးပါ

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  4. အမယ် မချော က အောက်တိုဘာ (၁)ရက် ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ တဲ့ မသီတာ က ကလေးများ နေ့ တဲ့ အင်း ဘာကိုယုံရမှန်းတောင်မသိတော့ဘူး အင်း ၂မျိုး စလုံး ကတော့ အတူတူဘဲ

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  5. ကလေးနဲ့ သက်ကြီးရွယ်အို သိပ်မကွာကြပါဘူး အစ်မရယ်နော့။
    နှစ်မျိုးလုံးက ပြုစုစောင့်ရှောက်မှုကို လိုအပ်ကြသူတွေချည်းပါဘဲ။
    ကလေးတွေရော လူကြီးတွေကိုပါ တန်ဖိုးထား စောင့်ရှောက်ကြပါစို့နော်.
    တစ်လက်စတည်း လင့်ပါယူသွားကြောင်း ခွင့်တောင်းပါရစေ။ နောင်လဲ အမြဲလာမှာမို့ပါ။

    ReplyDelete
  6. i love the children....
    Save the world, save the children....

    Myatnoe

    ReplyDelete
  7. လူသားတိုင်း ကလေးလူကြီးအားလုံးဟာ ကမ္ဘာကြီးတွက် အားလုံးအရေးပါတဲ့သူတွေမို့  လေးစားတန်ဖိုးထားပြီးရိုင်းပင်းကူညီကြရင် ပျော်စရာကမ္ဘာကြီးပါမမရေးး
    မမဆုတောင်းလေးသဘောကျမိတယ် မမလိုပဲမိုးလည်းထပ်တူထပ်မျှဆုတောင်းလိုက်ပါတယ်။

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  8. လူဖြစ်ခွင့်ရသော ကလေးများ၊ လူဖြစ်ခွင့်မရသော ကလေးများ အားလုံးကို
    လူပီသသော လူကြီးများဖြစ်ကြပါစေလို့ .... ဂျင်းလည်း ထပ်တူထပ်မျှဆုတောင်းသွားပါတယ်....ရေချမ်းနဲ့ရေစင်ဆိုတဲ့ ကလေးလေး နှစ်ယောက်လည်း စိတ်ဓါတ် အသိပညာ ပြည့်စုံကောင်းမွန်စွာနဲ့ မိဘကျေးဇူးဆပ်နိုင်သော၊ အများကောင်းကျိုးကိုလည်း တတ်စွမ်းသမျှသယ်ပိုးပေးနိုင်သော လူတော်၊ လူတတ်၊ လူလိမ်မာလေးတွေ ဖြစ်ကြပါစေ....

    ReplyDelete
  9. မသီတာတို့ ပိစိကွေးတုန်းကပုံလေးတွေက ချစ်စရာလေးတွေ...း))
    ဆုတောင်းလေးအတွက် ကျေးဇူးနော်...း))

    ReplyDelete
  10. ဘယ်က ကလေးလေးပုံတွေလဲဟေ့... ;)
    မမသီတာတို့ ချစ်ဖို့ကောင်းပုံများ ငယ်ငယ်လေးထဲကး)
    ကိုဧရာငယ်ရုပ် မပျောက်ဘူးနော်

    ကလေးများအားလုံးအတွက် ပျော်ရွှင်သော ကလေးများနေ့ ဖြစ်ပါစေ။

    ReplyDelete
  11. တို့ချစ်တဲ့ ကလေးတွေ၊
    တို့ချစ်တဲ့ ကလေးတွေ၊

    မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့
    အာရုံကြို ကဗျာလေး ရွတ်ချင်တယ်၊

    ReplyDelete
  12. ပုံမြင်ကတည်းက ၂ယောက်လုံးကို မှတ်မိပါတယ်နော်။ အစ်မ ငယ်ငယ်ကလဲ ချစ်ချာလေးပဲ။
    စင်္ကာပူက ခလေးများနဲ့ ကမ္ဘာ့ သက်ကြီးရွယ်အိုနေ့ တူတူပဲနော် .... ကြံကြံဖန်ဖန် ...

    ReplyDelete
  13. Heal the world သီချင်းလေးကို အရမ်းကြိုက်တယ် :)

    ReplyDelete