Friday, November 12, 2010

လွတ်လွတ် ချစ်သူ…


လောက၀တ်တွေနဲ့ ထိန်းချုပ်၊ အပြင်လူတွေ မသိစေရတဲ့ ကိုယ့်စိတ်ရိုင်းတွေ လွှင့်ထုတ်သမျှ
တိတ်တဆိတ်ခံယူသူ…


အမှား ဆိုရင် အမှား၊ အမှန်ဆိုရင်တော့ အမှန်၊ အချစ်အတွက် အဆစ်ကလေးပေး ဘယ်တော့မှ ဘက်မလိုက်သူ…

လောကဓံမုန်တိုင်းတွေ ကြမ်းချင်သလောက်ကြမ်း၊ မောပြီဟေ့လို့ မှော်ရုံတောမှာ မထားခဲ့သူ…

သံသာလေ ကမ်းတိုင် ♫ ရွှေသစ္စာ (မဏ္ဍိုင်)၂ တူပြိုင်ပြိုင် စိုက်စို့မောင်ရယ် ♪
အော်..♫ မခိုင်လို့ ကျိုးတောင်မှ ♪(တိုင်ဖိုးကို)၂ လျော်ပါ့မယ်… ♪♪ ဆိုတဲ့ သီချင်းမျိုးပင် မဆိုစေလိုသူ…


ရိုးရိုးကြီး… သူ၊
လွတ်လွတ် ချစ်သူ…


(ကိုဧရာအတွက် မွေးနေ့ အမှတ်တရ)

22 comments:

  1. It is a touching Birthday reference, and simply discloses the characteristics of your other half. Happy Birthday to him!!!

    ReplyDelete
  2. HAPPY BIRTHDAY ပါ ကိုဧရာ

    ReplyDelete
  3. Lovely..., HAPPY BIRTHDAY ပါ အကို ဧရာ...:)

    ReplyDelete
  4. ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ ကိုဧရာ။
    mm

    ReplyDelete
  5. ကိုဧရာ မွေးနေ့ မှသည် နှစ်ပေါင်းများစွာ မသီတာ၊ မိသားစုနှင့် ကျန်းမာပျော်ရွှင် နိုင်ပါစေ။

    ReplyDelete
  6. မွေးနေ့အမှတ်တရက အဆန်းပဲ မမသီတာ
    =)

    အစ်ကိုဧရာ မင်္ဂလာမွေးနေ့ ဖြစ်ပါစေ။

    ReplyDelete
  7.ံHappy Birthday, ကိုဧရာ။

    ReplyDelete
  8. မွေးနေ့မှသည်....နှစ်ပေါင်းများစွာ...မိသားစုတွေ ပျော်ရွင်
    ချမ်းမြေ့ကြပါစေခင်ဗျာ...။

    ReplyDelete
  9. Happy Birthday Sayar...

    မမသီတာ မွေးနေ့ဆုတောင်းအကြိုက်ဆုံးပဲ...
း-)

    ReplyDelete
  10. မသီတာ ချစ်ဖို့ကောင်း။
    မွေးနေ့ကိတ်လည်း မပါဘူးလား။
    (ကိုဧရာ စာမရေးတာ ကြာပြီ)

    ReplyDelete
  11. ၀ိုး... မမသီတာပေးတဲ့ မွေးနေ့လက်ဆောင်လေးကတော့ တကယ့် ရှယ်ပဲနော်..။ ကိုဧရာကတော့ ဒီကဗျာလေးနဲ့ကို တပြုံးပြုံးနဲ့ “တခြားဘာလက်ဆောင်နဲ့မှ မလဲနိုင်ဖူးဗျ”ဖြစ်နေမှာ သေချာတယ်း)))

    ကိုဧရာတစ်ယောက် ပျော်ရွှင်ဖွယ်မွေးနေ့ကို ပိုင်ဆိုင်ပါစေ။ မိသားစုအားလုံးနဲ့ ထာဝရပျော်ရွှင်နိုင်ပါစေ..။ မမသီတာပေးတဲ့ ကဗျာလက်ဆောင်နဲ့အတူ တခြား အချစ်လက်ဆောင်များရရင်လည်း ပိုစ်တင်ပါဦး လို့ :D

    ReplyDelete
  12. မွေးနေ့မင်္ဂလာ ပျော်ရွှင်ပါစေ =)

    ReplyDelete
  13. မွေးနေ့ရှင် ကိုဧရာရော အစ်မ မသီတာရော ပျော်ရွှင်ချမ်းမြေ့ပါစေ
    သံသာလေကမ်းတိုင် တူပြိုင်ကူးနိုင်ပါစေ
    ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘ၀ကို ထာဝရပိုင်ဆိုင်ခွင့်ရပါစေရှင်။

    ReplyDelete
  14. လွတ်လွတ် ချစ်သူ
    ဘယ်စာအုပ်မှာမှ ဖတ်ဖူးဘူး၊
    ဒီတခါ ပထမဦးဆုံးပဲ။

    ReplyDelete
  15. အဟက်ဟက်

    ချစ်တာ မေတ္တာ အပြစ်ဆိုသမျှပင်. မေ့မေတ္တာ က ပိုပါတယ်ရှင် သီချင်းလုပ်ဆိုနေပါလား။

    ပျော်ရွင်ပါစေကိုဧရာ.........ကိုဧရာချစ်စရာဇနီး.သီတာ.မိသားစုအမြဲကျန်းမာ လန်းဖြာဝေဆာနေပါစေလို့. ဆုမွန်တောင်းလိုက်ပါတယ်။

    အမှန်က သတင်းစာထဲတောင်ထည့်ပြီးဆုတောင်းချင်တာ ဟင်း.

    ReplyDelete
  16. မွေးနေ့အမှတ်တရ ဆုပေးသွားကြသူများ အားလုံး... ကျေးဇူးပါ...။
    - ဧရာ

    ReplyDelete
  17. မမသီတာရဲ့ ရိုးရိုးကြီး ဆရာ ကိုဧရာ..
    ချစ်စရာ မိသားစုလေးနဲ့ သက်ဆုံးတိုင် ပျော်ရွှင် လှော်ခတ် ကျော်လွှား အောင်မြင်စေ။

    လွတ်လွတ်ချစ်သူ မွေးနေ့လက်ဆောင်အဖြစ် မြန်မာသူ မြန်မာသားများလဲ လွတ်လပ်ပျော်ရွှင်စွာ ကွဲကွာနေတဲ့ မိသားစုများ ပြန်ဆုံဆည်းနိုင်ကြပါစေ။

    ReplyDelete
  18. ဖတ်ပြီးပြုံးသွားရတယ်။ တို့အစ်မသီတာက ဒါမျိုးတွေလည်းရတာပဲလား...း)

    နောက်ကျသွားပေမယ့် ဆုတောင်းပေးဦးမယ်။

    ပျော်ရွှင်ဖွယ်ရာမွေးနေ့ရက်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုဧရာတစ်ယောက် အစ်မသီတာ၊ သားငယ်နှစ်ယောက်ဖြစ်တဲ့ ရေချမ်းရေစင်တို့နဲ့အတူ ဘ၀လမ်းခရီးကို အောင်မြင်စွာဆက်လက်လျှောက်လှမ်းနိုင်ပါစေ....

    ReplyDelete
  19. ခုမှ စာကြွေးတွေ လိုက်ရှင်းနေတာဆိုတော့ မွေးနေ့ဆုတောင်းဖို့ တော်တော်နောက်ကျသွားပြီနော်။ :D

    ကျရောက်သောမွေးနေ့တိုင်း ချစ်သောမိသားစုနဲ့အတူ ပျော်ရွှင်မင်္ဂလာရှိစွာ ဖြတ်သန်းနိုင်ပါစေ။

    ဆုမွန်ကောင်းများစွာဖြင့်
    ဇွန်

    ReplyDelete