Friday, January 28, 2011

Strawberry... Cherry... ရောရင်...



စာမရေးဖြစ်တာ ကြာလို့ ပုံလေးတင်ပြီး နှုတ်ဆက်ရုံပါပဲ...။

ဘလော့ဂ် က ခေတ်သစ် လူမှုဆက်ဆံရေးပုံစံ ဆိုရင်၊ မသီတာကြီး ငြိမ်လွန်းနေတော့ အတင်း မပြောတတ်တော့ဘူး ထင်သွားမှာ စိုးလို့ လူးလဲထလာတာ...။

ပြောရရင်တော့ မင်္ဂလာဆောင်အကြောင်း... အကယ်ဒမီအကြောင်းတွေ ပုံလို့ ပုံလို့...။ မသီတာတို့ ငယ်ငယ်ကပေါ့ ရုပ်မြင်သံကြားတွေ ပေါ်လာတော့ မိသားစုဝင်တွေ စုံစုံလင်လင်နဲ့ TV ရှေ့ထိုင် ဇတ်လမ်း ကြည့်ကြတာ၊ အယင်က ရုံထဲ တိတ်တိတ်ဆိတ်ဆိတ် ကြည့်ရသလိုမဟုတ်ပဲ တမျိုးတဘာသာပေါ့လေ... ကြည်နူးစရာတော့ ကောင်းပါတယ်။ ခက်တာက မသီတာတို့ အကိုကြီး လင်မယား...။ သူတို့က ဇတ်ကားကြည့်ရင် အေးအေးမကြည့်ကြဘူး။ နှစ်ယောက်သား ဝေဖန်ရေးနဲ့ လေကန်ရေးကို အပေးအယူ အချီအချနဲ့ လုပ်ကြတာများ...။ သူတို့က လူကြီးတွေ ဆိုတော့ နိုင်ငံခြားရော... ပြည်တွင်းကပါ ဇတ်လမ်း ဇတ်ကားပေါင်း များစွာကို ကြည့်ရှုခံစားထားဖူးပြီးသား ဆိုတော့... မျှော်လင့်ချက်တွေက မြင့်မားနေတော့တာ။ ကိုယ်က ခံစားမလို့ ရှိသေး ... ကိုကြီးက "ဟင် မင်းသားကလည်း ဘယ်လိုကြီးလည်း အောက်လိုက်တာ..." ဆိုရင် ... ယောင်းမကြီးကလည်း ... "အင်းလေ ဒါများ မင်းသားတဲ့" ဆို လုပ်ရော...သွားရော သွားရော...။ အဲ့ဒါကြောင့် မသီတာတို့ အငယ်တွေက ကိုကြီးတို့နဲ့ ဇတ်လမ်းမကြည့်ချင်ဘူးဟာ လို့ ကွယ်ရာမှာ ကျိတ်ရင်ဖွင့်ကြတာပေါ့။

အခုလည်း မသီတာတို့ အသက်ကြီးလာပါပြီ... ပါးစပ်ကထွက်သမျှက ဝေဖန်ရေးကြီးပဲ များနေလို့ အသာလေး တတ်နိုင်သလောက် ဘရိတ်အုပ်ပါတယ်။ အင်း ဒီကြားထဲကပဲ...

အကယ်ဒမီပွဲက မင်းသား၊မင်းသမီးပုံတွေ အများကြီး အင်တာနက်ကနေ ကြည့်ရပါတယ်။  လှလှပပ ၀တ်စားထားကြတာ မျက်စိ ပသာဒ ဖြစ်စရာပါ။ ဟိုအယင်နှစ်နှစ်၊ သုံးနှစ်လောက် ကတည်းကပဲ သတိထားမိတာက မင်းသားတွေရဲ့ ၀တ်စုံ။ မြန်မာ အမျိုးသား ၀တ်စုံဆိုတာကလည်း တိုက်ပုံနဲ့ လုံချည်... ဒါပါပဲ။ ဒါကိုပဲ လှလှပပ ဖြစ်အောင် အမြင်ဆန်းအောင် ကြိုးစား တီထွင် ၀တ်ဆင်ကြပါတယ်။ သူတို့ လောက သဘောအရ လူအများ နှစ်သက်သဘောကျ အာရုံစိုက်ခံရအောင် အပြိုင်အဆိုင် ကြိုးစားကြရတယ်လို့လည်း နားလည်ထားပါတယ်။ ဒါပေမဲ့ ရွှေပွဲလာ မင်းသားများရဲ့ ပွဲတက် ၀တ်စုံများဟာ ပရိသတ်ကို တရားသော ယှဉ်ပြိုင်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ လွတ်လပ်စွာ ဖြာထွက်နေတဲ့ ရသ ကို မပေးစွမ်းနိုင်ပဲ၊ တနှစ်လာလည်း စပွန်ဆာ ချပေးတဲ့ theme အောက်မှာ... ဘာကြောင့် လက်ဝါးကြီးအအုပ်ခံ ပြားပြားဝပ်နေကြပါသလဲ... ဆိုတဲ့ အသံကြီး မနေနိုင်မထိုင်နိုင် ထွက်လာပါတော့တယ်။

တက္ကသိုလ် ကျောင်းသား/ကျောင်းသူတွေ ယူနီဖောင်းဝတ်ရကတည်းက နာကြည်းနေရတဲ့ အထဲ

19 comments:

  1. ပြောကိုမပြောချင်တော့ပါဘူး အစ်မရယ်

    ReplyDelete
  2. မသီတာကိုလည်း သတိရနေပါတယ်..
    ဘာအကြောင်းလေးဘဲဖြစ်ဖြစ် ရေးပါ မသီတာရယ် ဖတ်ချင်ပါတယ်..
    ဒီနှစ်အကယ်ဒမီ ၀တ်စုံကတော့ မင်းသမီးတွေကတော့ လှပါတယ်.. ကျောက်တွေ ရောင်စုံနဲ့မို့ အလှပြိုင်နေကြတယ်.. မင်းသားတွေဝတ်စုံကတော့ ထူးဆန်းနေသလိုဘဲ
    ညီမလဲ ဒီထဲမှာ အတင်းပြောသွားတယ်နော်း)

    ReplyDelete
  3. သီတာ ခေါင်းစဉ်နဲ့ စာနဲ့တိုက် စဉ်းစားတယ်ဟေ့...၊ ဒီကပဲ အ လို့လားမဆိုနိုင်ဘူး သဘောမပေါက်ပါဘူးဟယ်။ အကြောင်းအရာကိုတော့ ရေးတေးတေး :)

    နောက်နှစ်ကျရင် မင်းသားတွေကို တို့ ဖက်ရှင်ထွင်ပေးမယ်။ တိုက်ပုံပေါ်မှာ ပြူးပေ့ဆိုတဲ့ ခရစ်စတယ်တွေ၊ ကျောက်တွေ စီပြီး ချုပ်၊ အောက်က ကျန်စစ်သား ဘောင်းဘီပေါ် ပုဆိုး ခုတောင်းကျိုက်ပြီး ခေါင်းပေါ်မှာ ဗန္ဓုလဦးထုတ် ဆောင်းပေးလိုက်မယ်။ ကိုဧရာကြီးအတွက်ရော တစုံလောက် မှာဦးမလား ဘာရောင်တုန်း....ဟိဟိ :P

    ReplyDelete
  4. အကယ်ဒမီပွဲဆိုလို့ မဆီမဆိုင် အမြင်မတော်တာလေး ပြောချင်သေးတယ်.. ဗန်းကိုင်တဲ့ မိန်းကလေးတွေ လမ်းလျှောက်တာလေ.. တဆိတ်များ ပိုလွန်းနေသလားလို့...

    ReplyDelete
  5. မိုးယံရေ...အမ ပို့စ်ထဲမှာ ထည့်မရေးလိုက်ရတဲ့ စာကြောင်းလေး ကော်မန့်မှာ ဖြည့်ရေးပေးသွားသလိုပဲ.
    မပြောချင်ဘူး...ပြောကိုးးးးမပြောချင်ဘူး

    ချောရေ သတိရတယ်ဆိုလို့ ပျော်သွားပါတယ်

    ချစ်ကြည်ရေ... ခေါင်းစဉ်နဲ့ စာသား...မလိုက်ပါဘူး။ ပို့စ်မတင်ရလို့ ဆင်ဆာအဖွဲ့လွတ်တုန်း လွှတ်တင်လိုက်တာ...ဟိဟိး)

    ဗန်းကိုင်တွေပါတဲ့အခန်းတောင် ကြည့်ဖြစ်တော့မယ် မထင်ပါဘူး သိင်္ဂါကျော်ရေ...

    ReplyDelete
  6. မ...

    အကယ်ဒမီပြီးတော့... ကားတွေကို မော်ဒယ်တွေနဲ့ တွဲပြပြီး ရောင်းတဲ့ ကိစ္စလေးကော ပိုစ် မရေးပေးချင်ဘူးလားဟင်..

    မလေးရဲ့ သူငယ်ချင်းယောင်္ကျားလေးတွေကို အဲဒီကိစ္စဘယ်လိုမြင်လည်း အင်တာလိုက်ဗျူးတာ သူတို့က ငါတို့က ဒါမျိုးတွေကို မကြိုက်ဖူး...လို့ချည်းပဲ လိမ်နေကြတယ်..မ။

    အဲ့ကိစ္စအပေါ်မှာ မ အမြင်ကိုဖတ်ချင်တယ်။ အဟွန်း။

    ReplyDelete
  7. မလေးရေ ကိုဧရာကို ရေးခိုင်းလိုက်ရင် ကောင်းမယ်ထင်တယ်နော်း))

    ReplyDelete
  8. ကနုပ်ပန်းတွေနဲ့ တိုက်ပုံကို မြင်တော့
    ဘာမှကို မပြောချင်တော့ပါဘူး၊ မသီတာရယ်။

    စတော်ဘယ်ရီဆိုတော့ ကင်မရွန်ဟိုင်းလန်း က ပြန်လာတယ်ထင်နေတာ။

    သတိယလျှက်ပါ မသီတာ။

    ReplyDelete
  9. ဓါတ်ပုံတွေပဲကြည့်မိတယ်..။
    အငြိမ့်မင်းသမီး..ကုလားမင်းသမီးတွေကျနေတာပဲ..။
    စီးကွင့်စ်တွေပြုံအောနေတာပဲ..။
    ကြိုက်ဘူး..။

    ReplyDelete
  10. ဗန်းကိုင်တွေ လမ်းလျှောက်တာ ၊ စကားပြောဖို့ မိုက်ပေးတဲ့အခါ လမ်းလျှောက်တာ .. ကြည့်ပြီး ရယ်ရတာ အသေပဲ သီတာရဲ့။ အသက်ကြီးလာလို့လားမသိပေါင် မခံစားတတ်တော့ဘူး။
    မင်္ဂလာညစာစားပွဲက ၀တ်စုံလဲ မကြိုက်မိဘူး။
    အမခင်မင်းဇော်

    ReplyDelete
  11. ( ဘလော့ဂ် က ခေတ်သစ် လူမှုဆက်ဆံရေးပုံစံ......... )

    ကဲ..ကဲ.. မသီတာ.. ဖဘ ပေါ် ကြွပါရှင်..

း)

    ReplyDelete
  12. အပြုံးရေ...ဟိဟိ (ပါးစပ်ကို လက်ဝါးနဲ့ မအုပ်တော့ပါဘူး)

    ကြိုက်ဘူးဆိုတဲ့ ပေါက်ကို ကြိုက်တယ်း)

    အမ ခင်မင်းဇော်ရေ..ကိုဧရာတို့ အဖေနဲ့ အမေ မင်္ဂဆောင်တုန်းက ပုံကို ဘလော့ဂ်ပေါ်တင်ချင်စိတ်တွေ မနည်း ဖိနှိပ်မြိုသိပ်လိုက်ရတယ်...ဂုဏ်တုဂုဏ်ပြိုင်တွေ ဖြစ်ကုန်မစိုးလို့ :)

    စိတ်မရှည်တဲ့ အသံကြီးနဲ့ ဒေါ်ကေ..
    ဘလော့ဂ်ထဲမှာ မသီတာလေးကို ထားရစ်ခဲ့ လို့သာ ပြောပါရစေ... ဖဘ ပေါ် မကြွပါရစေနဲ့တော့...သားကြီး အကောင့်နဲ့ သွားသွားချောင်းပါတယ် ;)

    ReplyDelete
  13. အကယ်ဒမီ ဗန်းကိုင်တွေ အတော်နာမည်ကြီးတယ်။ ဘယ်လိုကြောင့်လူပြောများနေသလဲ ရှာကြည့်ဦးမှ။

    ReplyDelete
  14. ရီတာရေ...မမKOM CBox မှာ ရီတာ ပေးသွားနဲ့ ဖ ဘ လင့်ကနေ အကယ်ဒမီပွဲပုံတွေ မသီတာ သွားကြည့်တာ...း)

    ReplyDelete
  15. ဟုတ်ပါ့ မသီတာရယ်... ကျမလဲ ငယ်ငယ်က ကိုယ်ဇာတ်လမ်းကြည့်နေတုန်း သူများတွေ ပွစိပွစိနဲ့ဆို မကြိုက်ဘူး.... ခုတော့ ကိုယ့်အလှည့်ရောက်နေပြီ...
    အကယ်ဒမီပွဲပုံတွေ ကောင်းကောင်းမကြည့်ရသေးဘူး... အိင်္ဒြာကျော်ဇင် မင်္ဂလာဆောင်ပုံဘဲကြည့်ရသေးတယ်...

    ReplyDelete
  16. 30 Jan 11, 12:39
    ဆူးသစ်: အစ်မရေ-- မင်းသားတွေ အဲဒီလိုဝတ်တော့ ဇာတ်မင်းသားတွေနဲ့ တူသွားသလိုပဲနော်

    30 Jan 11, 12:53
    S-C: ဆူးသစ်ရေ...ပွဲတွေလုပ်ရင် စပွန်ဆာ အမည်ခံပြီး လုပ်ပိုင်ခွင့်ကို လက်ဝါးကြီး အုပ်ထားတဲ့ အောက်မှာ ပုံစံတူတွေ ထွက်လာတဲ့ အခင်းအကျင်း အသွင် အပြင်တွေကို ညီးငွေ့မိတာပါ။

    ReplyDelete
  17. အစ်မရေ
    ညီမပဲ အသက်ကြီးသွားသလား မပြောတတ်ဘူး .. :D

    ခုနောက်ပိုင်းပုံတွေ ကြည့်ရတာ စိတ်တိုင်းကို မကျဘူး
    မိန်းမတွေလည်း မိန်းမတွေ မို့လို့
    ယောက်ျားတွေလည်း ယောက်ျားတွေမို့လို့
    ပြောချင်စရာတွေချည်းပဲ
    စိတ်ညစ်ပါတယ် တကယ်ပဲ ..း(
    ဟူးးးး တော်ပီ တော်ပီ မပြောတော့ဘူး ..

    မိုးခါး

    ReplyDelete
  18. မသီတာရေ...
    ကျနော်လည်း ခေါင်းစဉ်နဲ့ပို့စ်ကို နားမလည်တာနဲ့ စာလည်းဆုံးရော နောက်တစ်ခေါက် ပြန်ဖတ်ရသေး တယ်၊ အင်း... အကယ်ဒမီ... စပွန်ဆာရောရင် လို့များ ဆိုချင်လေသလား ပေါ့လေ..း)

    အဲဒီပုံတွေတော့ ဟိုတစ်စ၊ ဒီတစ်စ အပြေးအလွှားပဲ ကြည့်ဖြစ်လိုက်တယ်ဗျာ၊ သတိတရနဲ့ နိုးထ နှုတ်ဆက် တာ ကျေးဇူးပါပဲနော်...။

    ReplyDelete
  19. သူတို့မင်္ဂလာပွဲ သေချာတောင် မကြည့်ဖြစ်ပါဘူး မမရယ်။ ပွဲများလို့ နဲနဲဟုန်သွားတယ်လို့တောင် ပြောနေကြတယ်။

    ဒါနဲ့ မသီတာ facebook ပေါ်မှာ သားကြီးအကောင့်နဲ့ ၀င်ချောင်းတာ ပေါ်သွားပြီ။ သားကြီးအကောင့်ကို ခပ်တည်တည်နဲ့ ၀င် add ထားဦးမှ။ :P

    ReplyDelete