Friday, August 26, 2011

စိတ်ကစားခြင်း

ဒီဝေါဟာရလေး ခေါင်းထဲရောက်နေတယ်…။ ဒါလေးနဲ့ ပတ်သက်ပြီး ပို့စ်ရေးမယ်လို့ အတွေးရောက်ပေမည့် မရေးဖြစ်ခဲ့ဘူး။ ဘလော့ဂ်ဒေး အမှတ်တရပို့စ်ရေးတော့ သူက အတင်းကာရော ပါဖြစ်အောင် ပါသွားတယ်။ မလေးက သဘောကျတယ်တဲ့။ မချိုကလည်း သဘောကျပုံပဲ…။ ဒီတော့ ပို့စ်ဖြစ်အောင် ရေးလိုက်ပါတော့တယ်။

သီတာဧရာတို့ စိတ်ကစားနေပုံ
ဦးနှောက်က စိတ်လှိုင်းတွေကို ဖမ်းယူဖို့ ခေါင်းနဲ့ နားရွက်မှာ Detector တွေ တပ်ရတယ်။
iPad (ရေစင်ခေါ်တဲ့ iPhone အကြီးကြီး) ပေါ်က Slider Bar ကို စိတ်နဲ့ ရွှေ့ပြီး ဒုံးပျံကြီးကို ပစ်လွှတ်ရတာ…။
အဲ့ဒီနှစ်ယောက် သိပ်ကဲတယ်။ ရေချမ်းနဲ့ ရေစင် က မဆော့ဘူး... very childish တဲ့။ နေပေါ့…။

ပထမဦးဆုံး မသီတာ စပစ်တော့ ဒုံးပျံကြီးက မထွက်ဘူး။ Demonstrator လေးတွေ ပြာယာကို ခပ်သွားကြတာပဲ။ သူတို့ စိတ်လှိုင်းတွေ ယောက်ယက်ခပ်နေကြတာ... detector မလိုဘဲ သိသာလို့၊ စိတ်အေးအေးထားပါလို့ ပြောယူရတယ်။ နောက်တခါ ပစ်တော့မှ ဒုံးပျံကြီးက မထွက်ချင်ထွက်ချင်နဲ့ ထွက်သွားတာ။ ကိုဧရာ ပစ်တော့ကျ အဝေးကြီးကို ဒိုင်းကနဲ ရောက်တယ်။ Demonstrator တွေ လက်ခုပ်လက်ဝါးတီးပြီး ပျော်သွားကြတယ်။

8 comments:

  1. ဘာတွေ ပြောနေမှန်းမသိသေးဘူး.။
    ထပ်ကာတလဲလဲ ဖတ်ရအုန်းမယ်နဲ့တူပါတယ်


    ပုံ။
    အကွက်နဲ့သူ

    ReplyDelete
  2. ကလေးကြီးတွေနော်.. ဆော့ကြတယ်။ အပြင်မှာသာ အဲလိုပစ်လို့ရရင်.. ကိုယ်ဒေါသထွက်တာနဲ့ပဲ..မလွယ်ဘူး။ :D

    ReplyDelete
  3. " very childish..." ... ဟားဟားဟား၊ Experiment ကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ..။

    ReplyDelete
  4. သေချာတယ်.. ဒါ စိတ်ကစားနေတဲ့ မော်ဒန်ပိုစ့်ပဲ...

    ReplyDelete
  5. စမ်းကြည့်ချင်လိုက်တာ။

    ပြုစားတယ်ဆိုတာ အဲဒါမျိုးနေမှာ။

    ReplyDelete
  6. အဲလို စိတ်မကစားခဲ့မိတောင် ကြာပါပေါ့လား မရေ။ တီဗွီဂိမ်းနောက်ပိုင်း ကွန်ပျူတာဂိမ်းတွေနဲ့ လုံးဝကို အဆက်ပြတ်သွားတာ။

    မျက်စိထဲမှာ မမသီတာ စိတ်ကစားနေပုံကို မြင်ယောင်ကြည့်သွားသည်။

    ReplyDelete
  7. ဟမ် လိုက်မမီပါဘူးအေ...ဒီနှစ်ယောက်က အခုမှ ဘယ်လိုက ဘယ်လို စိတ်ကစားကြတာပါလိမ့် :)

    ReplyDelete
  8. CBox မှ
    26 Aug 11, 01:14
    seesein: အိမ်မက်ထဲမှာ စိတ်ကစားနေအုံးမလားမသိ
    26 Aug 11, 01:14
    Pauk: စိမ်းကားလိုက်တာ...အိပ်ပြီတဲ့
    26 Aug 11, 01:23
    phyophyo: ချစ်မ မသီတာရေ .. လာပြီးစိတ်ကစားသွားတယ်။ ဒုံးပျံဆော့ချင်လိုက်တာနော်။ သားလေးတွေရော အားလုံး ကျန်းမာပျော်ရွှင်စေသော်

    ReplyDelete