Monday, October 3, 2011

မေမေ့ အလွဲများ


တင်းးးးတောင်)))
ဟော သားကြီး ပြန်လာပြီ… မီးဖိုထဲက လုပ်လက်စတွေ ချပြီး ကပြာကပျာ တံခါးသွားဖွင့်ရင်း
တနေ့လုံးမှာ ရှားပါးလှသော ကြည်လင်သည့် စိတ်အတန့် ခဏလေးကို နှလုံးသွင်းဖြစ်အောင် သွင်းလိုက်သေးသည်။
လက်တဖက်က Sweet Talk မှ စတော်ဘယ်ရီ milk shake၊ တဖက်က Old Chang Kee မှ Curry Puff ကို ကိုင်ရင်း တံခါးဝတွင် ရပ်နေသည့် နေလောင်၍ မဲညိုမှောင်နေသည့် မျက်နှာနှင့် ကျောင်းပြန်လာသည့် သားတော်မောင် ရေချမ်းကို တွေ့ရပါပြီ
“ပိုက်ဆံတွေ သိပ်ထောနေတယ်ပေါ့လေ”
စားစရာ သောက်စရာ အစုံအလင်ကို လမ်းထိပ် ရှော့ပင်စင်တာက ၀ယ်လာဟန်ရှိ၍ မေးလိုက်ခြင်းဖြစ်သည်။
“ဒါလေးများ… သုံးကျပ်ကျော်ပဲ ပေးရတာကို”
“ကျောင်းမှာ ဘာမှ ၀ယ်မစားဘူးလား”
“အင်း”
“မေမေ လည်း စားချင်တယ်… မေမေ့ကိုလည်း ကျွေးဦး”
“စားချင်ရင် တကိုက်နှစ်ကိုက်စား”
“မေမေ့ဖို့တော့ ၀ယ်မလာဘူး သားကလည်း”
“ပိုက်ဆံမှ မရှိတာ ဘယ်လိုလုပ်ဝယ်မလဲ”
“ဟိုနေ့ကပဲ မုန့်ဖိုး တဆယ်ပေးထားတာကို…”
“အဲ့နေ့ကပဲ ကုန်ပြီ… သူငယ်ချင်းတွေဆီကတောင် ချေးနေရတယ်”
“အဲ့လိုတော့ မကောင်းပါဘူး သားရယ်… မချေးပါနဲ့”...“ဘယ်သူတွေဆီက ဘယ်လောက်တောင် ချေးထားလဲ”
“ကြက်ခြေနီ ဖိနပ်ဝယ်ဖို့ ချေးထားတာပါ… ဒါပါပဲ”
“အော်”
ဟုတ်သား ဟိုတနေ့က ဖိနပ်ပါလာသည်။ မုန့်ဖိုးကို တိုင်းပေး၍ ဖိနပ်ဖိုးအတွက် အပိုမရှိနိုင်ပါ။


ဒီလောက်ဆိုရင် တပြားကို နှစ်ပြားခွာနေသော သည်မအေ အကြောင်းရိပ်မိကြပေမည်။
“သား သောကြာနေ့ကျရင် မွေးနေ့လက်ဆောင် ၀ယ်ရဦးမယ်… ဒီတခါတော့ မေမေ မလိုက်နဲ့တော့ သားဖာသာ သွားမယ်…”
“ဘာဖြစ်လို့လဲ သားရဲ့…”
တခုခုတော့ မှားပြီဆိုတာ သိ၍ ရယ်ကျဲကျဲဖြင့် မေးလိုက်သည်။
*****
သား မူလတန်းကျောင်းသား ဘ၀က ဖြစ်သည်။
တနေ့ ညကြီးမိုးချုပ်မှ
“မေမေ… မနက်ဖန် သားတို့ ကျောင်းက Old Folk Home သွားရမယ်… ဘာလက်ဆောင် ယူသွားရင် ကောင်းမလဲ…”
“ဟမ်…နင်တို့ကတော့ လုပ်ပြီ… ဒီအချိန်ကျမှ… ဘာသွားဝယ်လို့ ရမှာလဲ”
ထုံးစံအတိုင်း ဆူ ပွက် တော့
“ပိုက်ဆံ လှူလိုက်လည်း ရပါတယ် မေမေရယ်”
“ဒါဆိုလည်း ပြီးရော”
ပါးစပ်ကသာ ပြီးရောလိုက်သည်… လူက မနေနိုင်ပါ… တအိမ်လုံး မွှေနှောက်ရှာသည်…ထည့်ပေးလိုက်ရန်အတွက် လက်ဆောင်
နောက် အိတ်လှလှလေးထဲတွင် ကွတ်ကီတထုတ်နှင့် သွားတိုက်ဆေး တဗူးထည့်ပြီး သားတော်မောင်ကို
“ရော့..ဒါယူသွား” ဟု ရာဇသံပေးလိုက်သည်။


နောက်နေ့ သား ကျောင်းက ပြန်လာတော့…
သားတော်မောင်မှာ ပျော်လာပုံရသည်။ ဟိုပြောဒီပြောတွေ လျှောက်ပြောနေသည်။ သူသွားခဲ့သည့် နေရာမှ အတွေ့အကြုံများကို ဖြစ်သည်။ အတော်လေး ကြာတော့မှ “မေမေ ပေးလိုက်တဲ့ လက်ဆောင်ကလေ…” ဆိုပြီး ရယ်ကျဲကျဲ လုပ်နေ၍
“ဘာဖြစ်လဲ ငါ့လက်ဆောင်… မနက်က ယူမသွားဘူးလား”
ဟိုဟာကျန် ဒီဟာကျန် မကြာခဏဖြစ်တတ်သည့် သူ့အကျင့်ကြောင့် သင်္ကာမကင်း မေးလိုက်တော့…
“သားတို့ သွားတဲ့ဆီက အဖိုးကြီး အဖွားကြီးတွေက အားလုံး အိပ်ယာပေါ် လဲနေတာ… အချို့ဆို အစားအသောက်တွေကို ပိုက်တွေနဲ့ တပ်ပြီး ထည့်ပေးနေရတာ… သွားတွေလည်း တချောင်းမှ မရှိကြတော့ဘူး… မေမေ့ ကွတ်ကီးကို ဘယ်လိုစားပြီး… သွားတိုက်ဆေးနဲ့ ဘယ်လို တိုက်ရမှာလဲ…” ဟူ၏။


သား အလယ်တန်းကျောင်းသားလေး ဖြစ်ပြီ။
“ဒီနေ့ အတန်းထဲက တယောက်က သူ့မွေးနေ့ဆိုပြီ ကျွေးတယ် စုံနေတာပဲ… သူ့အတွက် မွေးနေ့လက်ဆောင် ၀ယ်ချင်တယ်”
“၀ယ်ပေါ့သားရယ်… သူက မွေးနေ့ဆိုပြီး ကျွေးတော့ ပိုတောင် ပေးသင့်တာပေါ့… မိန်းကလေးလား ယောက်ျားလေးလား… သူက ဘာကြိုက်တတ်လဲ”
“မိန်းကလေး… သီချင်း စီဒီ ကြိုက်တယ်”


ရှော့ပင်စင်တာကို မွေးနေ့လက်ဆောင် အ၀ယ်ရောက်တော့ ဓာတ်ပြားတွေ ရောင်းသည့်ဆိုင် ၀င်ကြည့်ကြသည်။ ထိုဆိုင်မှာ တရုတ်သီချင်း စီဒီများသာ ရှိ၍ အင်္ဂလိပ်သီချင်း စီဒီ မရှိပါဟု အရောင်းဝန်ထမ်းမလေးက ဆိုသည်။
“လာပါ သားရယ် လျှောက်ကြည့်ကြသေးတာပေါ့… စီဒီ ပေးမှရယ်လည်း မဟုတ်ဘူးမလား”


ဟော စင်တာ အလယ်ကောင်မှာ လူတွေ ကြိတ်ကြိတ်တိုးလို့ ဘာတွေများဈေးလျှော့နေပါလိမ့်
ဒီလိုမြင်ကွင်းက သံလိုက်ထက် ဆွဲအားပိုသည်။
အော်… အလှကုန် ပစ္စည်းတွေကိုး…
ဟယ် ဒီမှာတော့ Box လေးနဲ့ ထည့်ထားတာ ပုလင်းလေးတွေ အစီအရီ ချစ်စရာလေးတော့… Box လေးကို ဖဲကြိုးလေးပါ စည်းပေးထားသေးသည်။ ဈေးကလည်း မူရင်းဈေးမှ ထက်ဝက်ကြီးတောင် ချထားသည်။


“သားရေ… ဒါလေး ၀ယ်လိုက်မယ်နော်… သား သူငယ်ချင်းအတွက်… ပက်ကင်တောင် ထုတ်စရာမလိုတော့ဘူး… ဘော်ဒီလိုရှင်း ပုလင်းလေးတွေ…”
*****
“သားမှာ အခုအချိန်အထိ အတန်းထဲမှာ အပြောခံရတုန်း…
သားကို နှာဘူးကြီး (သားကတော့ ဒီနေရာမှာ အင်္ဂလိပ်စကားလုံးကိုသာ သုံးပါသည်) ကျနေတာပဲ…
သူ့ကို လိမ်းပေးချင်လို့ လိုရှင်း ပေးတာမလားနဲ့ …”
ဟန်နဲ့ ပန်နဲ့ လိုရှင်းလိမ်းသလို လုပ်ပြရင်း ပြောနေပါသည်။


ကပ်စီးနဲ ကော်တရာ မအေကြီးမှာ တဟားဟား ရယ်ရင်း
အော်
မေမေ့ အလွဲတွေ…

25 comments:

  1. ဟားဟား .. အတွေး မတူတာပေါ့နော် .. ဒီအမေလုပ်တာနဲ့ သားတော့ မြန်မြန်စွံသွားဦးမယ် .. :D

    ReplyDelete
  2. မိုးခါးရေ...ဒီ အူတူတူ မအေကြောင့် ဦးလေးတွေ အဒေါ်တွေကလည်း ၀ိုင်းထိန်းကြပါဦး လို့ ...း)

    ReplyDelete
  3. ဒီမေမေနဲ့တော့ ခက်နေပါရောလား... သဘောကျလွန်းလို့ နှစ်ခေါက် ပြန်ဖတ်သွားတယ်...း)

    ReplyDelete
  4. ဒီမအေကြောင့် ဒီသားတော့ ခေါင်းကုတ်ရတာ ဘယ်နှခါများ ရှိနေပါလိမ့်၊ ၅၂၈ တွေ ဖွေးနေအောင် မြင်ရတဲ့ ပို့စ်လေးမို့ ချစ်စရာ ကောင်းတယ်....။း)

    ReplyDelete
  5. အဒေါ်တွေ ၀ိုင်းထိန်းခိုင်းနေတာ ဟားဟားးးးးးးး
    ဒါမျိုးတော့ အဖြစ် မြောက်ပေးအုံးမယ်ဗျာ
    ကဲ..လူလေး ရေချမ်းရေ....
    မေမေ က ပြောတာ သုံးကျပ်ကြီးများတောင်တဲ့
    သားလေးက ပြောတာ သုံးကျပ်ထဲများတဲ့
    ဟုတ်တယ်နော်
    တဆယ်ထဲများ မေမေရယ်နော် ...

    မေမေက ကော်တရာမို့လို့တော်သေးတာ
    လူလေးရေ ကော်၂ရာဆိုရင်တော့ သွားပြီ..

    သားသားတို့အကြောင်းလဲ ဖတ်ရတာ ပျော်စရာကောင်းတယ်...
    မေမေ့အလွဲလေးတွေ ပြီးတော့ ဘယ်သူ့အလွဲများ လာအုံးမှာလဲ ..

    ခင်မင်တဲ့
    စစ

    ReplyDelete
  6. သက်ဝေရေ...Old Folk Home အကြောင်းက တွေ့တုန်းက ပြောပြပြီးပြီနော်...ဘော်ဒီလိုရှင်းက အသစ်...းD

    ကိုညီလင်းသစ်ရေ... အနုနည်းနဲ့ နှိပ်စက်နေတဲ့ ဒီအမေကြောင့် လှိမ့်ခံနေရတာ တမိသားစုလုံးလို့ ကိုဧရာ မပြောခင် ပြောလိုက်ပါတယ်...း)

    စစရေ
    ဟိုဖအေကြီး အလွဲတွေ... အခုတော့ မရေးရဲသေးဘူး...းP

    ReplyDelete
  7. ကိုဧရာနဲ့အလွဲများကို တင်ပေးပါလို့တောင်းဆိုပါတယ်

    ပုံမှန်စာဖတ်သူပိတ်သတ်

    ReplyDelete
  8. ဟားးးး မမသီတာကတော့ သားကို မြန်မြန်အစွံထုတ်လိုက်သလို ဖြစ်သွားပြီ :D

    ReplyDelete
  9. သဘောကျတယ် မသီတာ၊
    ရေချမ်းရေစင်တို့က လိမ္မာတယ်၊

    ReplyDelete
  10. အဟေးဟေး ဒီက ယုံပြီးသား၊ ယုံပြီးသား....။ မလွဲတာဆိုလို့ မန်းလေးသားကြီးနဲ့ အိမ် ထောင်ကျတာတစ်ခုပဲ ဟိ...:)

    ReplyDelete
  11. ပုံမှန်စာဖတ်သူပိတ်သတ်ရေ...
    ရေးရဲသေးပါဘူးဆိုးP

    လသာညရေ
    မလွယ်ဘူး ဟူးးးးD

    အပြုံးရေ
    လိမ္မာတယ်ပဲ ထားလိုက်ပါတယ်လေး)

    ဒေါ်ချစ်ကြည်
    ရှူး..တေတေကလေးနိပ်... တိတ်တိတ်ကလေးနေးP

    ReplyDelete
  12. May i request about CKA comment.Hee hee....lit PA.Do write a post about malwe thaw Manlay tha.
    Gyidaw

    ReplyDelete
  13. Gyidaw
    ရေးပါမယ်တဲ့ မန်းလေးသားက...းP

    ReplyDelete
  14. အဟား...သားရေချမ်းခမျာ.....မေမေသီတာရဲ့အလွဲတွေထဲ
    မှာလိမ့်နေအောင်ခံရရှာပါလား....ဖြစ်ရမယ်....၊အစ်ကိုဧရာ့
    အကြောင်းတွေလည်းဖတ်ချင်သေးခင်ဗျ....။

    ReplyDelete
  15. ကျန်ခဲ့တဲ့ စနေနေ့ တီဗွီမှာ ပြသွားတဲ့ အိန္ဒိယဇတ်ကားထဲက ဇတ်ဝင်ခန်း စကားတွေ...
    ပါကစ္စတန်သူ အမေက အိန္ဒိယလူငယ်လေးကို မေးတယ်...။
    "မင်းတို့ နိုင်ငံက သားတိုင်းဟာ မင်းလိုပဲ လိမ္မာသလား" တဲ့
    အိန္ဒိယ လူငယ်လေးက ပြန်ဖြေတယ်..
    "ဒါကိုတော့ သူမသိ..မသေချာပါဘူး...ဒါပေမဲ့ အိန္ဒိယက အမေတိုင်းကတော့ သင့်လို အမေတွေ ချည်းပါပဲ" တဲ့ မောင်လေး ကိုညိမ်းနိုင်ရေ...

    ReplyDelete
  16. မမသီတာ ရေးထားတာ သဘောကျလွန်းလို့ တပြုံးပြုံးနဲ့ဖတ်သွားပါတယ်။း)း)

    ဂျင်း

    ReplyDelete
  17. ဂျင်းဂျင်း))
    သူတို့ပေါ့ သူများကို ၀ိုင်းရယ်နေကြတာ :)

    ReplyDelete
  18. ဖြစ်ရမယ်မသီတာရယ်... ဖတ်ရင်းရီလိုက်ရတာ... သူ့ဟာသူဘဲသွားဝယ်တော့မယ်ဆိုတော့ သားက လူကြီးလေးကျနေတာဘဲနော်...

    ReplyDelete
  19.း) ရေချမ်းလေးရဲ့ ရယ်ကျဲကျဲပုံလေး မျက်စိထဲတောင်မြင်ရောင်မိတယ်။ မမလည်းမတွေ့ တာကြာပြီ။ရေချမ်းလေးလည်းခုဆို သွားတွေပြန်ပေါက်လောက်ပြီပေါ့နော်းD သတိရလို့ ပါ။



    ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  20. တခါတလေတော့လည်း လွဲးတတ်ပါတယ် အမရေ။
    ကလေးတွေလွဲရင် လူကြီးက ဆူလို့ ရတယ်၊ လူကြီးတွေလွဲတော့ ကလေးတွေက ထောက်ပြကြတာပေါ့လေ။

    ReplyDelete
  21. လူကြီး မဖြစ်သေးပါ Rose ရေ...ဘာမျှစိတ်မချရသေးဘူး...ကိုလူပေါလေး...းP

    မိုးရေ
    သည်အလွဲတွေက အကြီးကောင် ရေချမ်းနဲ့ ဖြစ်တာ... မိုးတို့ အချစ်တော် အငယ်ကောင် ရေစင်ကတော့ သူကချည်း ဆရာလုပ်နေတာ အမေကို...းD

    စောရေ
    ဟုတ်ပါတယ်...ကိုယ်တွေ လွဲတော့သာ ရယ်နေတာ...သူတို့ လွဲရင်..အော်ပြီး လက်ပါပြီးသား..မတရားလိုက်ပုံများ...း)

    ReplyDelete
  22. လူကြီးလွဲတော့ ရယ်နေတာပေါ့လေ။
    ကလေးလွဲကြည့်ပါလား နားကိုအကာအကွယ်လုပ်ထားရမှာ အသေအချာပဲး))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  23. လက်ဆောင်အရွေးကောင်းတဲ့ မေမေပဲ :)
    သူငယ်ချင်းမလေး တွေ့တိုင်း သတိရအောင် စဉ်းစားတတ်တယ် သူတို့ ပိုခင်သွားကြမှာပေါ့

    ReplyDelete
  24. အန်တီတင့်က ခင်ဖို့ကောင်းတယ်

    တောင်ငူသားရေ...ပိုခင်သွားလားတော့ မသိဘူး။
    လက်ဆောင်အထုတ်ကို ပေးလိုက်တော့ သူ့မျက်နှာကြီး ရှုံ့မဲ့သွားတာ မေမေ့ကို ပြချင်တယ်လို့တော့ ပြောတာပဲ... :)

    ReplyDelete
  25. ဒီအမေလွဲပုံနဲ့တော့ သားတွေ အမြန်စွံကုန်တော့မှာပဲ ... ဖတ်ရင်းရယ်နေရတယ် အစ်မရေ ... သင်ခန်းစာယူသွားပါတယ်။ သမီးကျ မလွဲရအောင်း)း)း)

    ReplyDelete