Thursday, August 9, 2012

သင်ပုန်းကြီး ဖတ်စာ-၁

ကလေးများအတွက် မြန်မာစာ ၀က်ဆိုက်ရေးရန် လွန်ခဲ့သော လေးငါးနှစ်ခန့်ကပင် ဆန္ဒရှိခဲ့ပါသည်။ မိမိ၏ လုံလ၊ ၀ီရိယ၊ ပညာ အားနည်းမှုကြောင့် ဆိုက်မှာ ယခုထိတိုင် အကောင်အထည် မပေါ်နိုင်သေးသော်လည်း ဆိုက်တွင် ထည့်သွင်းမည့် အစိတ်အပိုင်းတခုအဖြစ် အားထုတ်ထားသမျှကို ဘလော့ဂ်တွင် အရင်တင်လိုက်ပါသည်။ ဝေဖန်၊ အကြံပြု၊ ကူညီလိုသူများအား လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါသည်။








Flash movie ပို့စ်ကိုတင်စ၌ တွေ့ရသော အခက်အခဲလေးများကို Google ၍ စာဖတ်ပြီး ပြင်ဆင်နေရပါသဖြင့် ခေါင်းစဉ်သာတက်သွားသည့်အဖြစ် Sonata-Cantata မှာ မကြာခဏဖြစ်နေရခြင်းကိုလည်း တောင်းပန်အပ်ပါသည်။

9 comments:

  1. ကျေးဇူးမမရေ။ဒေါင်းလို့ မရဘူးနော် မမ ဟုတ်တယ်မလား။

    ReplyDelete
  2. မောင်ဖတ်စာAugust 9, 2012 at 11:09 PM

    ကကြီးရေးက
    ခခွေးရေးခ
    ...
    လို့ဖတ်မှမှန်တယ်လို့ထင်ပါတယ်

    ReplyDelete
  3. မောင်ဖတ်စာ >>
    သင်ပုန်းကြီးဖတ်စာ - ဆရာများအတွက် အမှာစာ
    အပိုဒ် ၃ တွင်
    ၃။ သူငယ်တန်း မြန်မာဖတ်စာပါ ဗျည်း လင်္ကာကို သင်ကြားရာတွင် “က” ကလေးငယ် ချစ်စဖွယ် ခ ခရေကုံးမလေးပြုံး စသည်တို့ကို ရွတ်ဆိုရာ၌ ဗျည်းအက္ခရာတို့၏ အသံထွက်ကိုသာ ရွတ်ဆိုစေရပါမည်။ ဗျည်း အက္ခရာတို့၏ အမည်များကို မရွတ်ဆိုစေရပါ။ ဗျည်းလင်္ကာ၏ အသံနေအသံထား ပြေပြစ်မှုကို မပျက်ယွင်းစေရပါ။
    ကလေးငယ်များကို ဗျည်းအက္ခရာ တို့၏ အသံများနှင့် စတင်မိတ်ဆက် ပေးသော ဗျည်းလင်္ကာဖြစ်ပါသည်။
    ဗျည်းများ၏ အသံကို မှတ်မိပြီးနောက်မှသာ က ကြီး၊ ခ ခွေး ဂ ငယ် စသည်ဖြင့် ဗျည်းတို့၏ အမည်များ အရေးအဆွဲ၊ အဆွဲအငင်များကို ဆက်လက် သင်ကြားပေးရမည် ဖြစ်ပါသည်။




    ဗျည်းနဲ့ သရ တွဲ၍ စာလုံးပေါင်းဖတ်ရတွင် ဗျည်းအက္ခရာ၏ အသံထွက်ကိုသာ ရွတ်ဆိုတာပို၍ ကောင်းတယ်လို့ ထင်ပါတယ်။

    ReplyDelete
  4. အဲဒါက က-ကလေးငယ် ချစ်စဖွယ်ကို ကကြီး ကလေးငယ် ချစ်စဖွယ်လို့ မဆိုဖို့ပြောထားတာပါ။
    စာလုံးပေါင်းဖတ်တဲ့အခါမှာ ...
    ကစားမလား ဆိုရင်
    ကကြီးရေ က၊ စလုံးရေးချ ၀စ္စနှစ်လုံးပေါက်စား ... အဲဒီလို ဖတ်ရမှာပါ။
    ကရေက လို့ မဖတ်ရသလို ...
    စလုံးရေးချစာ ၀စ္စနှစ်လုံးပေါက်စား လို့ ဖတ်တာလဲ မှားနေပါတယ်။

    ReplyDelete
  5. ကကြီး
    ခခွေး
    ဂငယ်
    ဃကြီး
    ...
    ဆိုတာ ဗျည်းအက္ခရာတွေကို သင်ချိန်မှာ ကွဲကွဲပြားပြား ဖြစ်အောင် ဗျည်းအမည်များဖြင့် သင်ကြားရပါတယ်။

    ဗျည်းတွေကို ရေးချ၊ လုံးကြီးတင် စသည့် သရတို့နှင့် တွဲပြီး အသံထွက်ပုံကို သင်ရာတွင် က၊ ခ စသည့် ဗျည်းအသံ သက်သက်ဖြင့်သာ ရွတ်ဆိုစေခြင်းဖြင့် အသံထွက်ပုံကို ပို၍ သဘောပေါက်စေနိုင်ပါတယ်။

    အချို့လည်း စာလုံးပေါင်း၍ ဖတ်ချိန်တွင် ကကြီး ခခွေး စသဖြင့် ဗျည်းအမည်များဖြင့် ရွတ်ဆိုကြပါတယ်။ အသံဆင်သော အက္ခရာများ - စလုံး၊ ဆလိမ်၊ ယပလက်၊ ရကောက် စသဖြင့် တို့ကို ဗျည်းအမည်ရွတ်ဆိုခြင်းဖြင့် စာလုံးပေါင်းသတ်ပုံကို မှတ်မိစေသည့် အကျိုးရရှိပါတယ်။

    ကျမ သင်ကြားခဲ့ရသည့် ပုံစံမှာမူ
    ဗျည်း နှင့် သရ ပေါင်း၍
    က + အာ = ကာ
    က + အား = ကား ဟူ၍
    အသံထွက်နိုင်ရန်-ဗျည်း၏အသံဖြင့်သာ ရွတ်ဆိုစေပါတယ်။
    အသံဆင်သော စာလုံးများ
    ဆရာမ နှင့်
    စပါး တွင်
    မည်သည့် စကားလုံးအတွက် ဆလိမ် သုံးရမည်။
    မည်သည့် စကားလုံးအတွက် စလုံး သုံးရမည် ကို အမြင်၊အရေး ဖြင့်သာ လေ့ကျင့်မှတ်သားစေခဲ့ပါတယ်။

    ကျေးဇူးတင်ပါတယ်ရှင့်

    ReplyDelete
  6. အဲဒီပို့စ်လေးကို ဖွင့်တိုင်း ကွန်နက်ရှင်ကြောင့်ထင်ပါရဲ့ ပေါ်မလာဘူး သီတာရေး)
    တန်ဘိုးရှိတဲ့ ပို့စ်လေးတစ်ပုဒ်အဖြစ်မြင်တယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. အကြာကြီးဖွင့်ထားလို့ဖြစ်မယ် အခုအားလုံး ဖတ်လို့ရသွားပြီ သီတာရေး)

    ReplyDelete
  8. အရမ်းချီးကျူးပါတယ်၊
    ပုံလေးတွေကို အင်နီမေးရှင်း လုပ်ရင်ပိုကောင်းမယ်။

    ReplyDelete
  9. ကျေးဇူးပါ ကိုဆိုဆီ
    အခုပဲ ဘလော့ဂ်နဲ့ ဖေ့ဘွတ်က သူငယ်ချင်းတွေကို ပုံတွေ အလှူခံမလို့... အခြား ဗျည်းကဗျာတို့ ဝေါဟာရတို့မှာလည်း ပုံပြ ရုပ်စုံ လုပ်လို့ရအောင်။

    ReplyDelete