Sunday, November 11, 2012

နှောင်တွယ်ခြင်း

ခုံတန်းရှည်တခု…လူတယောက်..ထိုင်နေတယ် 
ငှက်တောင်မွှေးလေးတခု…လေထဲမှာ တလွင့်လွင့်နဲ့… 
ဟိုလူ့ပါးအနား ဖြတ်ပျံသွားတဲ့ အခိုက်အတန့်လေးတခု… အမှန်တကယ် ဖြစ်သွားခဲ့တယ်။ 

ခုံတန်းရှည်ပေါ်ကလူ…စကားတွေ ပြောနေတယ်…။

ငှက်တောင်မွှေးလေးကတော့ ရံဖန်ရံခါ မြက်ခင်းစိမ်းပေါ် ခဏတဖြုတ်နားခိုရင်း…
တခါတရံ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းငယ်လေးထဲ တပိုင်းတစပေါ်နေတဲ့ ကျောက်တုံးလေးရဲ့ စွတ်စိုမှုမှာ ငြိစွန်းရင်း…
တခါတလေလည်း သစ်တပင်ရဲ့ ဟိုးမြင့်မြင့် ကိုင်းဖျားကိုင်းနားတွေမှာ ယီးလေးခိုရင်း… 


ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ.. ရှင့်စကားတွေကို နားထောင်နေတာ… ဟိုးးးရှင့်အပါးက ဖြတ်သွားပြီးကတည်းကပါပဲ…တဲ့။ ။

(Forest Gump ကို အလွန် နှစ်သက်သော ကိုဧရာအတွက် ၄၅နှစ်တာ အိုခြင်းအမှတ်တရ…)
*****
Behind the scene နှောင်တွယ်ခြင်း

မသီတာ။ ။ဒီနေ့ ကျမ ပို့စ်တပုဒ်ရေးတယ်
ကိုဧရာ။ ။ဟုတ်လား…ဘာရေးတာလဲ
မသီတာ။ ။ရှင့်မွေးနေ့ နီးပြီလေ
ကိုဧရာ။ ။အဲ့ဒါဆိုလည်း ကို အိုပြီဆိုတဲ့အကြောင်း ထည့်ရေးစမ်းပါ

ဒီက ထုံးစံအတိုင်း ရိုမန်းတစ်တစ်လေး စိတ်ကူးရေးထားတဲ့ဟာ သူက အိုတဲ့အကြောင်းတဲ့... ပိတ်သတ်ကြီးရေ… ဒါနဲ့ပဲ Credit မှာ အို တလုံး ထည့်ပေးလိုက်တယ်
ဒီက စကားနားထောင်တဲ့ ငှက်တောင်မွှေးလေးလေ…:D

11 comments:

  1. My mon said," life is like a box of chocolates. You'll never know what you're gonna get". (ဤအင်္ဂလိပ် စာကြောင်းအား ခုံတန်းပေါ်မှ လူ၏ အာလုပ်သံဖြင့် ဖတ်ရန်...)း)

    Forrest Gump ကြိုက်တာချင်း တူတဲ့ ကိုဧရာ ၄၅ နှစ်မြောက် အိုမင်းခြင်းမှာ ကြိုသိနိုင်သော၊ ဆင်ခြင်တုံတရားနှင့် ပြည့်ဝသော ချောကလက်များ ရနိုင်ပါစေဗျာ...။ (Btw... ငှက်မွှေးလေးရဲ့ ကဗျာလေးကလည်း လှလှလေးနဲ့ လွင့်ဝဲလှတယ်)း)

    ReplyDelete
  2. ကဗျာလှလှလေးကို ဖတ်သွားတယ် သီတာရေ။ မွေးနေ့မှာ ဝေးနေတော့ စားရတော့ဘူးပေါ့နော်း)ဘယ်နေ့လဲဟင်?
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ဦးဦးဖျားဖျားရောက်လာတဲ့ ကိုညီလင်းသစ် မွေးနေ့ ဆုတောင်းအတွက် ကျေးဇူးပါပဲဗျာ (ကိုဧရာ့ အသံဖြင့်ဖတ်ပါ..း))

    တီတင့်...မမတင့်ရေ
    မနက်ဖန်ပါ...ဘာစားရရင် ကောင်းမလဲဟင်...း)

    ReplyDelete
  4. အမသီတာရဲ့ ကိုဧရာ

    အိုနေပီဆိုတော့ ဆံပင်တွေဖြူနေပီပေါ့...
    (နောက်တာပါ)


    မွေးနေ့မှာ ပျော်ရွှင်ပါစေ။

    မြတ်နိုး

    ReplyDelete
  5. မွေးနေ့မှာ..ပျော်ရွှင်ပါစေ.....ငလျှင်လှိုင်းကြောင့် ယနေ့မှ လာမန့်ပါတယ်.....အခုတော့ငှက်မွှေးလေးက ဘယ်နားမှာလဲ....

    ReplyDelete
  6.့ မြတ်နိုးရေ
    ဒီကတောင်းတလို့ ကိုယ်ထင်ပြလေသလား
    အဆင်ပြေရင် အီးမေးလ်လေးတစောင်လောက် ရေးပို့ပါဦး...း)

    စစရေ
    ငှက်မွှေးလေးက ဘယ်ရောက်နေလဲ ဆိုတော့..ကြည့်ရဲမှာ မဟုတ်တဲ့ အတူတူတော့ ပြောတော့ပါဘူးအေ...;P

    အမှိုက်ပုံးထဲ ရောက်နေတာပါလေ...

    ReplyDelete
  7. အရမ်းကြိုက်လွန်းလို့ ကားအစအဆုံး လေးခေါက်တိတိကြည့်ဖူးတယ်။

    မမသီတာ ရေးထားတာလေးက ချစ်ဖို့ကောင်းလိုက်တာ။ မနေ့က မ၀င်မိတော့ ဆုတောင်းနောက်ကျသွားပေမယ့် Happy belated birthday to Ko Ayer လို့ ပြောပေးပါနော်။း)


    ချစ်ခင်စွာ
    ဇွန်

    ReplyDelete
  8. အစ်ကို o ရင် အစ်မလည်း o ပြီပေါ့ နော့်း)) ဟိဟိ ဒီအစ်မကြီးကတော့ ကဗျာဆန်ချက် ပြောပါတယ် ။

    ReplyDelete
  9. ဇွန်..မြှောက်လိုက်တာနဲ့ ငှက်တောင်မွှေးလေး...ဝေ့ပျံသွားရရှာ ပြန်ပါပြီ...တနားစရာ...:P

    မောင်မျိုးရေ... ၀ သာ ၀ တာ 0 သေးဘူးရယ်... :)

    ReplyDelete
  10. Happy Belated Birthday ပါ မမသီတာရဲ့ ချစ်အစ်ကိုကြီး ကိုဧရာ :)

    ပူးတေ

    ReplyDelete
  11. ကျေးဇူးပါ ပူးတေလေးရေ...

    ReplyDelete