Saturday, November 24, 2012

Myanmar Laksa အုန်းနို့ခေါက်ဆွဲ

>> ဆိုင်က ပိတ်သွားရှာပါပြီ <<


မပြောမရှိကြနဲ့ဟေးးး...)))
း)
Vivo City - Foodcourt က Laksania Express ဆိုင်မှာ ရနိုင်တဲ့ Myanmar Laksa အုန်းနို့ခေါက်ဆွဲပါ။

17 comments:

  1. အင်း... အဲဒီအုန်းနို့ခေါက်ဆွဲတော့ လာစားအုံးမှပါပဲ..။း)

    ReplyDelete
  2. စားလို့ကောင်းလား မ

    ReplyDelete
  3. စားလို့ကောင်းလား မ ..

    ReplyDelete
  4. မပြောမရှိနဲ့ဆိုလို့ မပြောမရှိလိုက်ရအောင် အမြန်လာခဲ့တာ...း)
    အုန်းနို့ခေါက်ဆွဲ စားချင်စိတ် ပေါက်သွားတယ်

    ReplyDelete
  5. Vivo food court မှာ သွားစားတုန်းက တွေ့ခဲ့တယ်၊ ဒါပေမယ့် မစားမိဘူး။ ဒီက laksa တစ်ခါမှ မ try ကြည့်ဘူး၊ အုန်းနို့ခေါက်ဆွဲ အရသာစစ်စစ်နဲ့ မတူမှာ စိုးတာနဲ့လေ။ mee siam လည်း အမြင်အရ မုန့်ဟင်းခါးနဲ့ တူပေမယ့် အရသာမတူဘူးလို့ ပြောကြတော့ စားကို မကြည့်တော့တာ။

    မောင်လေးပြောတာ... အဲ့ဒီဆိုင်မှာ မြန်မာအန်တီကြီးရှိတယ်တဲ့။း)

    ReplyDelete
  6. ကောင်းလား မမသီတာ ...

    ReplyDelete
  7. သွေးတိုးရှိတယ်ဗျး)

    ReplyDelete
  8. ကော်မန့်ပေးသွားသူများအတွက် အထူးပြန်ကြားချက်း)
    *****
    ဆံပင်ငွေရောင်ဟိုင်းလိုက်ဖောက်ထားသော မိန်းမကြီးတစ်ဦးသည် သူ၏ ချစ်လှစွာသော ထိပ်ပြောင်စပြုနေသည့် လူလတ်ကြီးတစ်ဦးအား
    Ko, I m heading to the Harbour front mrt on the circle line. V hungry now and pls treat me nice food ဟု SMS ပို့၍ ဒိတ်လေ၏
    အတိုချုံးရသော် သူတို့ နှစ်ဦး တွေ့ကြလေပြီ… မကြီးမငယ်နှင့် တယောက်လက် တယောက်ဆွဲကာ Vivo city food court သို့ ၀င်လေ၏
    အနှီးလူကြီးသည် အရန်သင့် လွတ်နေသော ထိုင်ခုံတခုတွင် ၀င်ထိုင်ပြီး၊ သူနှင့်အတူလာသော ဗိုက်ဆူဆူ မိန်းမအား ကြိုက်တာ သွားဝယ်ချေဟု လက်လွတ်စပယ် ဆိုလေ၏
    ကိုယ့်အား ကိုယ်ကိုးမှသာ ကိုယ်စားလိုရာ ဗိုက်ထဲရောက်နိုင်မည်ကို လက်တွေ့အားဖြင့် သေချာပြီးသော ထိုမိန်းမသည် မော့တော့မော့တော့ဖြင့် ဆိုင်တကာ ဆိုင်းဘုတ် လိုက်ဖတ်လေတော့၏
    မကြာမတင် ကာလက တအုန်းအုန်း တဒိုင်းဒိုင်းဖြင့် သည်းထန်စွာရွာသွန်းထားသော မိုးကြောင့် ရာသီဥတုနှင့် လိုက်ဖက်သည့် စွတ်ပြုတ်ပူပူလေးသောက်ချင်သော ရင်တွင်းဆန္ဒကို ပြတ်သားစွာ တွန်းလှန်လိုက်သော ညနေစာမှာ Laksa မျိုးစုံရောင်းသော Laksania ဆိုင်မှ နံပါတ်ပါ ၁ တနည်းဆိုသော် item no. one - Myanmar Laksa အုန်းနို့ ခေါက်ဆွဲ ဖြစ်ပေတော့၏
    I treat myself nice food.

    နောက်ဆက်တွဲ
    မိုးရွာပြီးစ သောကြာနေ့ ညချမ်းချိန်ခါတွင် မခို့တရို့သော ရောင်စုံမီးများနှင့် လာပါလာပါ ဟု ညှို့ငင်ခေါ်ဆိုနေသယောင် Sentosa ၏ Resort World ကြီးကိုပင် တစက်ကလေးမှ အားမနာ စားပြီးသောက်ပြီး ပြောလာတာ က
    ကို အိမ်သာတက်ချင်ပြီ… အိမ်ပြန်ကြရအောင်တဲ့
    *****
    မသီတာက အုန်းနို့ခေါက်ဆွဲ အရမ်းကြိုက်သူပါ။
    စားခဲ့ရတာကလည်း ကောင်းပါတယ်
    မြန်မာအရသာနဲ့တူပါတယ်...မုန့်ကြွပ်ကြော်ပါ ပါတယ်... ကြက်သွန်စိမ်းတော့ မပါဘူး..အုန်းနို့တော့များတယ်...စားပြီး သံပုရာရည် ၀ယ်သောက်ရတယ်
    ကိုဧရာကလည်း သူ့ကြိုက်တဲ့ ထမင်း သူ့ဟာသူ ၀ယ်စားပါတယ်...
    *****
    ဟင်းးးးး
    (ဆယ်ကျော်သက်တို့၏ ရင်ခုန်သံ မဟုတ်သော လေးဆယ်ကျော်သက်တို့၏ သက်ပြင်းချသံ)
    :D

    ReplyDelete
  9. အဲဒီ့ အုန်းနို့ခေါက်ဆွဲအကြောင်းပြောသံကြားတာ ကြာနေပီမမ...ညီမလေး အမျိုးသားပြောပြောနေတာ..ဝေးလို့ မသွားဖြစ်ဘူး..

    ReplyDelete
  10. ဆံပင်ဟိုက်လိုက်ဖောက်ထားတဲ့ အစ်မ
    ကောမန့်လေးက ဖတ်ကောင်းလိုကတာ.. ပို့စ်နဲ့ တွဲတင်ရမှာ :P

    ReplyDelete
  11. ဆံပင်အဖြူ ဟိုင်းလိုက်ဖောက်ထားသော ချစ်သော မမသီတာက သိပ်ကောင်းသည်ဆိုသောကြောင် အနှီ Myanmar Laksa ကို အလွန်အမင်း စားချင်လာပါသည်။ ထို့ကြောင့် ယခု ကွန်မန့်ရရချင်း အမြန် ပါဆယ်ပို့ပေးပါရန်...

    တချိန်က လသာည (ယခုက လမိုက်ထဲ ၀င်ဝင်နေရလို့ :D)

    ReplyDelete
  12. နောက်နေ့ ကြုံရင် ၀င်စားကြည့်အုံးမှပဲ ..
    သတင်းပေးတာ ရှဲရှဲ့ ..း))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  13. လသာညရေ မန်းလေးမှာ အိမ်နီးနားချင်း ဖြစ်မှ စားတော့ (နော်ဖောကို အိမ်နီးချင်းဖြစ်ရအောင် ဆိုလို့ ဒီကလည်း ဇွတ်)

    Juneone နဲ့ ဆောင်းနှင်းရွက်ရေ... စားကြည့်လိုက်ပါ...မသီတာတော့ ကြိုက်တယ်...တခုတော့ရှိတယ် မသီတာက အစားဆိုဘာဖြစ်ဖြစ် ကြိုက်နေတာလေးတော့ ရှိတယ်..:)

    စင်စင်ရေ...
    ဟိုရှက်တတ်တဲ့ လူကြီးကြောင့်ပေါ့ ပို့စ်မှာ မတင်ရတာ...ဒီကလည်း မြန်မာပြည်မှာမွေးသူပါ...ပို့စ်မှာမတင်ရတော့ ကော်မန့်ရေးလိုက်တာပေါ့...ဒါလေးများ...ဗမာဆေးစား...:))

    ReplyDelete
  14. ကော်မန့်က ပိုမိုက်ဒလယ်...း)
    မန်းသားတွေ အုန်းနို့ခေါက်ဆွဲမကြိုက်ဘူး..
    သူတို့ကြိုက်တာ ကြာဇံချက်...

    ပုံ
    ဆံပင်ငွေရောင်ဟိုင်းလိုက် ဖောက်ထားသူနောက်တစ်ဦး

    ReplyDelete
  15. ဒါပေါ့ မမသီတာနဲ့ အိမ်နီးနားချင်းသာဆိုလို့ကတော့ကွာ ....

    မမသီတာ တင်ထားတာ မြင်တော့ စားချင်လာတာ ချက်ချင်းဆိုတော့ မနေ့က အိမ်မှာ လုပ်စားတယ်၊ စိတ်ကူးနဲ့ မမသီတာအိမ်တောင် ၄ ပွဲ ပို့လိုက်သေး :D

    ReplyDelete
  16. ပိုစ့်ရော ကော်မန့်တွေပါ အားလုံးဖတ်ပြီး...
    ချစ်စရာ သီတာ့ အရေးအသားကြောင့် လှိုက်လှိုက်လှဲလှဲ ပြုံးမိ...
    အနှီ အုန်းနို့ ခေါက်ဆွဲအား ချက်ချင်း သွားစားချင်စိတ်ပေါ်လာ...
    သွားစားလျှင် ကြက်သွန်စိမ်း ပါးပါးလှီး ယူသွားရန် သတိထားမည်ဟု ဆုံးဖြတ်...

    ReplyDelete
  17. ဟုတ်ပါ့ စုချစ်ရယ်...တို့များကျတော့ သူတို့ ကြာဇံချက်လည်း လိုက်ကြိုက်ပေးရသေး... မတရားလိုက်ပုံများ...း)

    သက်ဝေရေ
    ကြက်သွန်စိမ်းနဲ့ ဘဲသွေးလေးကို သတိရရင်း ပန်းကန်ထဲက ခေါက်ဆွဲတွေ ဘယ်ရောက်သွားမှန်း မသိလိုက်ရတဲ့ အဖြစ်ပါကွယ်...

    လသာညရေ
    တို့ဘလော့ဂ်ဂါတွေ စိတ်ကြီးချက်ကတော့...းD

    ReplyDelete