Wednesday, September 4, 2013

ဘလော့ဂ်တာ…

ဘလော့ဂ်ဒေးအမှတ်တရ ရေးဖို့ နောက်ကျသွားပါတယ်…။
ဘလော့ဂ်တာ လက်ချိုးရေရင် လက်ငါးချောင်းပြည့်လို့ နောက်လက်ဝါးတဘက်ကို ကူးပြောင်းရပါပြီ… ဘလော့ဂ် အသစ်တွေကို တခါမှ မိတ်ဆက်မပေးဖြစ်ပါဘူး… အားနည်းချက်ကို ခွင့်လွှတ်သည်းခံပေးပါ...။ အဟောင်းတွေကိုတော့ လွမ်းကောင်းလိုက်တာ… နုသွဲ့ ရဲ့ ယုဝရီရဲ့ လာကြည့်ပါဦးလို့ ရင်ဘတ်စည်တီး ထုထုပြီး မငိုပါဘူး…တိတ်တိတ် မျက်ရည် ၀ဲရုံလေး ပါပဲ…

ဒီဘ၀မှာဖြင့် ဘလော့ဂ်လေးနဲ့ ရေစက်ဆုံရတာ ၀မ်းသာစရာ
ဒီလိုနဲ့ သံသရာရှည်ရလေဦးတော့မယ်လို့ သံဝေဂတွေလည်း ယူမနေတော့ပါ
ဘာမဟုတ်တာနဲ့ တန်ဖိုးရှိတဲ့ အရာတွေကို လဲလှယ်နေတယ်လို့ အလိုမတူသူတွေရဲ့ အငြိုအငြင်ကိုလည်း ဘေးဖယ်ထားလိုက်ကာ …
ကိုယ့်ဘလော့ဂ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမယ် လို့ တိုင်တည်ချင်သူရယ်ပါ…

ဤမြေပြင် ဝေဟင်တလွှားမှ ဘလော့ဂါ အများတို့ ကြိုးပမ်းမှုနဲ့ စိတ်ကနေ လက်ချောင်းတွေဆီ လတ်ဆတ်စွာ စီးမျောချလိုက်တဲ့ နို့ချိုရည်ကို ဘလော့ဂ်၏ ခန္ဓာဗေဒ၊ မော်ဒန်ဘလော့ဂ်ဒီဇိုင်း၊ ဘလော့ဂ်နှင့် ပြတ်ရွှေ့ကြောများ၊ ဘလော့ဂ်စကြာဝဠာ၊ ၊ဘလော့ဂ်၏ ရွေ့လျားဖြစ်စဉ်၊ ဘလော့ဂ်ကပေးသော ဒဿန၊ … စသည် စသည် ပုံစံမျိုးစုံဖြင့် နှစ်သက်သလို သုံးဆောင်ခံစားပါ… ရှူသွင်းဖို့ အောက်စီဂျင်ကို ထုတ်လွှတ်ပေးပြီး၊ ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ၀ါးမြိုချေဖျက်ပေးတဲ့ အို…အို….အို…အို့…ဘလော့ဂ်ရိပ်ဝယ် ချွေသိပ်အမောဖြေရင်း သတ္တ၀ါအချင်းချင်း မချစ်နိုင်တောင် မညှင်းဆဲမိဖို့ အားသစ်တွေ မွေးကြပါစို့ မိတ်ဆွေ အပေါင်းတို့
မေတ္တာဖြင့် နေထိုင်အသက်ရှင်သွားကြသည့် ဘိုးဘွားအစဉ်အဆက် ရှေးလူကြီးမိဘများကို ရိုသေလေးစားစွာဖြင့် ဘလော့ဂ်ဒေး အမှတ်တရ ဆန္ဒပြုပါသည်။

11 comments:

  1. ကိုဧရာ နဲ့ မသီတာ ရေ

    အကျိုးရှိတဲ့ စာလေးတွေ ဖတ်ခဲ့ရတဲ့ ဘလေဂ့်လေး ကို မမေ့ပါဘူး...

    ချစ်တဲ့
    ရွှေစင်ဦး

    ReplyDelete
  2. ဘလော့ဂ်တာဆိုလို့လန့်သွားတာပါပဲ....အမတော်ရယ်း)
    ဘလော့အေးရိပ်နဲ့ နောင်တော်ကိုဧရာ အရိပ် ဘယ်ဒင်းက ပိုလဲဟမ်......အဖြေခက်ရင်လဲ ရပါ့လေဗျာ.......:P

    ReplyDelete
  3. စာဖတ်လိုက်ပြီးတော့

    ကျွန်မ နူတ်ခမ်းပေါ်မှာ အပြုံးစလေးခိုတွယ်သွားပြီး
    စိတ်ထဲမှာ ပြောလိုက်မိတာက
    လူငယ်လေးတွေလို
    မိုက်တယ်ကွာလို့၊
    ခွင့်လွတ်တယ် မဟုတ်လား၊
    ခင်လို့ဆိုတာ။

    ReplyDelete
  4. မမရွှေစင်၊ စစ၊ အပြုံး ... Facebook မှ like ကြသူ အားလုံး
    ကြည်စေ အေးစေ နော်.... :D

    ReplyDelete
  5. နောက်ကျတယ်လို့ မမြင်မိဘဲ သတိတရ ရေးချင်စိတ်လေးရှိနေတဲ့ အခံလေးကိုပဲ လေးစားချီးကျူးမိပါတယ်ဗျာ.
    ဒီပို့စ်လေးကို Facebook ပေါ်မှာရှိတဲ့ Myanmar Blogs Digest Fan Page လေးမှာ ရှဲပေးဖို့ ယူသွားပါတယ်။

    ခင်မင်လေးစားလျက်

    Yan.

    ReplyDelete
  6. ရှဲပါ...ကိုရန်အောင်ရေ...:)

    မမြသွေးနီ...<3<3

    ReplyDelete
  7. မမသီတာ..ဘလော့အကြောင်း ဖွင့်ဆိုချက်လေးက တကယ့်ကို မှတ်သားစရာပါ။

    မမသီတာရော အကိုကြီး ကိုဧရာ.. သားလေး နှစ်ယောက်ရော နေကောင်းကြပါရဲ့လားး..။
    မရောက်ဖြစ်လို့ အခုမှ မေးရတော့တယ်။ စိတ်တော့ဆိုးဘူးမို့လား။ (ဘယ်သူလဲ မေ့နေပြီလို့တော့ မပြောကြေးနော် :D)

    ReplyDelete
  8. ဟန်ကြည်September 5, 2013 at 6:33 AM

    ဟုတ်ပဗျာ ကိုယ့်ဘလော့နဲ့ အရာရာကို အကောင်းတိုင်းဖြစ်ခဲ့ပါကြောင်း...း)

    မရောက်ဖြစ်ခဲ့တဲ့ ဘလော့တွေကို စာရင်းလုပ်ပြီး ကျကျနနလည်နေဖြစ်ပါပြီ...နောက်များလည်း မကြာမကြာ ရောက်ဖြစ်ဖို့ သေချာပါသဗျား...

ံHappy belated Blogging Day !

    ReplyDelete
  9. လသာညရေ... ရုန်းရင်းကန်ရင်း တော်လှန်ရင်း အားလုံးနေကောင်းကြပါ၏...း)

    ကိုဟန်ကြည်...
    တယောက်ကိုတယောက် အားပေးရင်း စာတွေ အတူတူဆက်ရေးကြပါစို့...

    ReplyDelete
  10. သီတာရေ... တီတင့်လဲအခြေအနေအရ ဘလော့ဒေးနေ့ကမရေးဖြစ်ခဲ့သလို ပို့စ်တွေလဲ အခုမှ လိုက်ဖတ်နေရတယ်... ဘာဖြစ်ဖြစ် အမှတ်တရလေးတော့ ရေးချင်ခဲ့တာ ရင်ထဲကဆန္ဒပါ။
    တန်ဖိုးရှိတဲ့အရာတွေ လဲလှယ်နေတဲ့ ဘလော့ရပ်ဝန်းလေးကို ထပ်တူထပ်မျှချစ်တယ်...
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete