Monday, October 24, 2016

ပင်လယ်မှသည် တောင်တန်းဆီသို့

မြစ်ဝကျွန်းပေါ်ဒေသ ချောင်းလေးတခုရဲ့ ကမ်းပါးတစ်ဖက်ဆီမှာ မိဘနှစ်ပါးရဲ့ ရွာလေးတွေ မေးတင်ထားတယ်။
ရန်ကုန်မြစ်နံဘေးက ဗိုလ်တထောင်ဆိပ်ကမ်းဟာ ဆံပင်လိမ်ကွေးကွေးနဲ့ ကလေးငယ်လေး ကိုယ့်ကို ထိန်းကျောင်းခဲ့တဲ့ နေရာဖြစ်တယ်။
ပင်လယ်ကာရံထားတဲ့ ကျွန်းလေး ပေါ်မှာ ရေကြည်ပြီး၊ မြက်နုပြန်သေးသတဲ့ ၂၇နှစ်အရွယ် မိန်းမပျိုကို မြုဆွယ်တယ်။
ချောင်းကို ပစ်လို့၊ မြစ်ကို ရှာခဲ့သူ တယောက်ဟာ ပင်လယ်မှာ သီးချိန်တန်သီးပြီး၊ ပွင့်ချိန်တန် ပွင့်နေလိုက်တာ… ရာသီစက်ဝန်း အနှစ် နှစ်ဆယ်။
ပြန်…မယ်…ရည်…ရွယ်…
ပြန်…မယ်…ရည်…ရွယ်…မှကွယ်
လား…ရာ…နဲ့…သွေ…ဖယ်…
ရောက်ခဲ့ပေါ့…
တောင်တန်းတွေဆီရယ်…။
သေကွဲ ရှင်ကွဲ ကွဲကြတဲ့အခါ ကျန်ခဲ့တဲ့သူက ပိုခံစားရတယ်လို့ ယုံကြည်တဲ့အတွက် မိတ်ဆွေသူငယ်ချင်းတွေကို နှုတ်မဆက်ပဲ ထွက်လာခဲ့တာ တောင်းပန်ပါတယ်နော်။ တကယ်တော့လည်း ပင်လယ်နဲ့ တောင်တန်းဆိုတာ သံသရာမှာ ကျင်လည်နေသရွေ့တော့ တဆက်တည်း မဟုတ်လား...။

၄၇ နှစ်ပြည့် မွေးနေ့မှာ အမှတ်တရ ရေးပါတယ်။
ပျော်ရွှင်ပါစေ ဆုတောင်းပေးတဲ့ မိတ်ဆွေသူငယ်ချင်းများကို ကျေးဇူးတင်ရင်း၊ တောင်းပေးတဲ့ ဆုနဲ့ ပြည့်စုံအောင် ကြိုးစားပါမယ်…။