Tuesday, December 9, 2008

ဆွမ်းတော်ကပ်

ကျမ အဖွား (အဖေရဲ့ အမေ) က တရုတ်ကပြား။ အဖွားရဲ့ အဖေက ဦးအမွိုင်တဲ့ (တရုတ်ပြည်က လာတဲ့ တရုတ်ကြီး) အမေ ကတော့ ဒေါ်ဆင့်တဲ့ (မြန်မာပါ)။ ဒေါ်ဆင့် ဖဲအားကြီး ရိုက်တယ်။ အိမ်ကပ်တယ် မရှိ။ ရွာစဉ်လျှောက် ကစားတယ်။ ဒေါ်ဆင့် တစ်ယောက် နေမကောင်းဘူးဆိုပြီး အိမ်ထဲမှာမှိုင်နေရင်တော့ သဘောပေါက်။ လက်ကိုင်လေး လက်ထဲထည့်ပေးလိုက်ပြီဆိုရင် တဘက်လေး ခေါင်းပေါင်းပြီး ထွက်သွားတော့တာ။ ဦးအမွိုင် တရုတ်ကြီးကတော့ အိမ်မှာ ကုန်စုံဆိုင်ကြီး ဖွင့်ပြီး စီးပွားရှာတယ်။ တဖက်ကလည်း အိမ်မှုကိစ္စတွေ လုပ်လို့ အိမ်က ဘုရားကို ဆွမ်းပွဲလေးပြင်ပြီး ဆွမ်းတော်ကပ်တယ်။

“အကျိုးအကြောင်းကိုတော့ မဆင့်လာမှ ပြောပါလိမ့်မယ် ဘုရား” တဲ့။

အမျိုးသားတွေ ဆွမ်းတော်ကပ်ရင် အကျိုးအကြောင်း သေသေချာချာပြောတတ်အောင် လုပ်ထားကြနော်။ တော်ကြာ ဦးအမွိုင်လို မဆင့်ကိုပဲ အားကိုးနေရမယ်။

13 comments:

  1. တရုတ်ပေမယ့် သူ့ခမြာ မြန်မာလို လိုတိုရှင်း ထိမိအောင် ပြောနိုင်သားပဲဗျိုး။ (ဘုရားရှိခိုးမရတာကတော့ တပိုင်းပေါ့လေ)။

    မိန်းမတော့ တော်တော်ချစ်ပုံရတယ်။ ဦးလေးအေး လို့ ကျနော်တို့ခေါ်တဲ့ ကျနော့်အဒေါ်ရဲ့ ယောက်ျား တရုတ်ကြီးကို သွားသတိရတယ်။ သူ့အကိုတွေက မြို့ပေါ်ကိုလာခဲ့။ မြို့ပေါ်မှာ ဆိုင်ဖွင့်ပေးမယ်ဆိုတာတောင် မသွားဘူး။ ရွာက မိန်းမရှိရာမှာပဲ သေတပန်သက်တဆုံး နေသွားတယ်။ သူလည်း သူ့မိန်းမ မြန်မာမကို တော်တော်ချစ်ရှာတယ်။ အဒေါ် ကျနော်တို့အိမ်လာလည်ရင်တောင် ခဏနေရင် သူလိုက်လာပြီ။ စိတ်မချလို့။း-)

    ReplyDelete
  2. ဟားဟား.. သီတာက ဒါမျိုးလည်း ရေးတတ်တာပဲကိုး။ တော်ကြာ သူတို့တွေ ဖတ်မိပြီး အကျိုးအကြောင်း ဆက်ပြောလိုက်ဦး ဆို ဒုက္ခ.. .ဟဲဟဲ

    ReplyDelete
  3. ဟားဟား.. တကယ်တော့..မသီတာရဲ့ အဘိုး က..တကယ်ညဏ်ကောင်းတာပဲ။

    ReplyDelete
  4.း) ဟီးး ရယ်ရတယ် လိုရင်းတိုရှင်း ဘုရားရှိခိုးနည်း

    ReplyDelete
  5. ဟားဟား ဒါမျိုးအတုယူရမယ်။

    ReplyDelete
  6. ဦးအမွိုင်က တော်တာပဲ။ စီးပွားလည်း ရှာ၊ အိမ်မှု ကိစ္စလည်း လုပ်တဲ့အပြင် ဘုရားတရားလည်း မမေ့ရှာဘူးနော်။ ဘုရားရှိခိုးမရလို့ အဲဒီလို ပြောလိုက်တဲ့ စကားထဲမှာ သူ့ရဲ့ ရိုးသားမှုကို မြင်ရတယ်။
    မိန်းမကိုလည်း တော်တော်အလိုလိုက်မယ့်ပုံပဲး)

    ReplyDelete
  7. မသီတာတို့ အဖိုးက ရိုးလိုက်တာ။ ချစ်စရာကြီး။

    ReplyDelete
  8. စိတ်သာလျှင်စော ဘုရားဟော ဆိုလားပဲ မသီတာရေ။ ကျွန်မသိသလောက်ကတော့ စိတ်စေတနာသာအဓိ
    လို့ ထင်ပါတယ်။ ပါးစပ်က တတွတ်တွတ် ရွတ်တာတွေက သိပ်အရေးမကြီးဘူးမဟုတ်လားဟင်။
    ဒါနဲ့ မသီတာရဲ့ ဘွားဘွားက ကံကောင်းတာပေါ့။ ခုထိရှိနေဦးမယ်ဆိုရင် ဖဲလည်မရိုက်ပဲ ဘလော့ဂ်ပဲလည်နေ
    တော့မယ်ဆိုရင် ဘိုးဘိုး ဘာများဘုရားထံပါး ပြောကြားမှာပါလိမ့်..အဟီး။

    ReplyDelete
  9. မေအောင်December 14, 2008 at 6:29 AM

    တော်ကြာ များ ဘလော့ဂ်လည်နေလို့ ဆွမ်းကပ်ချိန်ပြန်မရောက်ရင် အခက်...
    ဆွမ်းတော်ကပ် သင်ပေးထားဦးမှ အဟိ။

    ReplyDelete
  10. မ ရဲ့ အဘိုးရော အဖွားပါ ချစ်စရာနော်…

    ReplyDelete
  11. ဟားဟားဟားဟား....း)

    ReplyDelete
  12. မှတ်သားသွားကြောင်းပါ။ ကျွန်တော်တို့ ကျိုင်းတုံ ဘက်မှာ ယောက်ျားမှန်ရင် နောက်မယားယူကြတယ်။ မိန်းမကျတော့ အိမ်လည် ဖဲရိုက်တဲ့ အကျင့်ကိုယ်စီ ရှိတယ်။ လက်မထပ်ခင် စာချုပ်ချုပ်ကြတယ်။ ယောက်ျားက မယားငယ်မယူဖို့နဲ့၊ မိန်းမက အိမ်လည် ဖဲမရိုက်ဖို့ပေါ့ (ဒါပေမယ့် ဗီဇကိုက ပြင်နိုင်တာမှမဟုတ်တာ) အရင်တုန်းက ပြောပါတယ်။ ခုတော့ ခေတ်တွေ စနစ်တွေ ပြောင်းကုန်ပါပြီ။ (မန်းလေးမှာ ကျောင်းတက် တုန်းက ဖဲဝိုင်းမိရင် မိန်းကလေးအဆောင်က ချည်းပါပဲ= စကားချပ်)

    ReplyDelete
  13. လူ့စရိုက်လေးတွေ၊ သူတို့ ကျင်လည်ဖြတ်သန်းခဲ့ရတဲ့ ဘ၀အခြေအနေတွေ၊ ကိုယ့်အမျိုးဆိုတဲ့ အစေးလေးတွေကို ကိုယ့်အဆွေတွေဆီ ပို့လွှတ်သည် ကပ်ကြစေသတည်း...

    ReplyDelete