Sunday, February 22, 2009

“Now you are a changed person”

“Now you are a changed person” ဟု ပြောလိုက်သူနှင့် အပြောခံရသူသည် တစ်ယောက်တည်းဖြစ်၏။
မိမိကိုယ် မိမိပင် ဖြစ်သည်။

အတိတ်ဆိုသည့် ဟိုအရင် တခါက ငါသည် ဖြူစင်၏။ ရိုးသား၏။ နူးညံ၏။ ရိုကျိုး၏။ ယဉ်ကျေး၏။ နှစ်လိုဖွယ်ကောင်း၏။ အေးချမ်း၏။ အရှက်တရား၊ အကြောက်တရားတို့နှင့် အစဉ်ရှိ၏။ ငါ၌ မပြည့်စုံသေးမူကား ဖြည့်ဆည်းခြင်းသည် ဘ၀ပေးတာဝန်ဟု နားလည်ခဲ့ပါ၏။ အသိအလိမ္မာ ရှာဖွေစ ကာလက ဖြစ်သည်။ တောက်ပတဲ့ အလင်းရောင်ကို အစဉ်ရှေးရှုခဲ့၏။

တစ်စုံတစ်ချို့သော အသိတရားတို့ကား ငါ၌ စုဆောင်းမိလေပြီ။

ငါသည်လည်း ထိုအရာများမှ ပြောင်းလဲခဲ့ပေပြီ။ အပြစ်မြင်၏။ ရန်လို၏။ ခက်ထန်၏။ မောက်မာ၏။ ရိုင်းပျ၏။ စက်ဆုပ်ဖွယ်ကောင်း၏။ ပူလောင်၏။ တာဝန်ကို မသိကျိုးကျွန်ပြုရန် ၀န်မလေး။ အလိမ္မာသည် စာမှာသာရှိခဲ့လေသည်။ ငါသည် ညစ်ထေး၍ အရောင်မှိန်လေပြီ။

အသက်နှင့် လက်ကျန်အချိန် ပြောင်းပြန် အချိုးကျသော ဘ၀တွင် ငါသည် အလိမ္မာနှင့်လည်း ပြောင်းပြန် အချိုးကျနေ၏။ ငါသည် တစ်ခါတစ်ရံ အဆင်းကို ဘီးတပ်ခဲ့သည်။ တစ်ခါတစ်ရံမူလည်း ခေါက်တုံ့ခေါက်ပြန် လျှောက်ခဲ့ပါလေသည်။ လမ်းလျှောက်ရင်း လမ်းပျောက်ရုံသာမက ရွံ့နွံတွေက အလိမ်းလိမ်း၊ ဆူးငြိခြင်းက အကြိမ်ကြိမ်၊ ခလုတ်ထိသည့်တိုင် အမိတဖို့ မေ့လျော့လေသော ငါ…

နေ့တွင် အလုပ်လုပ်, ညတွင် အနားယူ၍ ပြောင်းလဲခြင်းနှင့် အကျွမ်းတ၀င်ရှိပြီးဖြစ်သော၊ အချိန်ကို အရင်းအနှီးပြုပြီး ဉာဏ်ပညာခွန်အားကို ရှာဖွေလေသော ငါသည် တဖြေးဖြေးချိနဲ့လာသည့် အဖြစ်ကြောင့် မိမိ စားသုံးခဲ့သည်မှာ အတ္တများဖြစ်ကြောင်း သိလိုက်ခြင်းသည် တမည်သော ပြောင်းလဲမှု၏အစပင် ဖြစ်သည်။

11 comments:

  1. ကိုဧရာလော မသီတာလော တွေးတောရင်း ဖတ်သွားပါသည်။

    ReplyDelete
  2. အဟဲ- လောလောလတ်လတ်မှ အတ္တကြီး အကောင်လိုက် ဖမ်းမိထားတဲ့.. ကျမ ကို စောင်းပြောသလားမသိဘူး။
    ပြောင်းလဲနေတာတော့.. တရက် နဲ့ တရက်ကို မတူဘူး.. မတို့ရေ-
    sketch လေးတော့ ကြိုက်သွားပြီ။ သချာင်္ မကျွမ်းလို့ သိပ်တော့ နားမလည်ဘူး။း)

    ReplyDelete
  3. အစက အခက်ခဲဆုံးမို့ စပြီးတဲ့ သူတွေဟာ အသိတောင် မရသေးသူတွေထက် မယှဉ်သာအောင် သာပါတယ်။
    စပြီးသားလမ်းကို ဆက်လျှောက်ဖို့ကတော့ နောက်ထပ် စိန်ခေါ်မှုတစ်ခုပါပဲ။
    အတွေးပွါးစေတဲ့ စာအတွက် ကျေးဇူးပါ။

    ReplyDelete
  4. ကောင်းလိုက်တာ။ ဒီပို့စ်ဖတ်ပြီး ထပ်ပြောလိုက်မိတယ်။

    “Now you are a changed person” ဟု ပြောလိုက်သူနှင့် အပြောခံရသူသည် တစ်ယောက်တည်းဖြစ်၏။
    မိမိကိုယ် မိမိပင် ဖြစ်သည် တဲ့..

    ReplyDelete
  5. အမှန်တရားပါပဲ.. ပြဿနာ ရှိရင် အဖြေရှိမယ် ထင်ပါတယ်။ ထုံးစံအတိုင်း ဆရာ့အားကိုးပဲ..။ ကိုယ်တိုင်က ပုစ္ဆာကိုတောင် ဝေေ၀၀ါးဝါးရယ်မို့ အဖြေက ဝေးနေသေးတယ် ကိုဧရာ..။

    ReplyDelete
  6. အမ အတွေးအခေါ်တွေ
    ခပ်ငယ်ငယ်ကတော့ သိပ်ကိုကြီးကျယ်တဲ့ အတွေးအခေါ်တွေ တွေးခဲ့ဘူးပေမဲ့

    အရွယ်ရလာတော့ သိပ်ပင်ပန်းတဲ့ အတွေးအခေါ်တွေထက် ဘ၀မှာ နေပျော်အောင်နေတတ်တဲ့ အကြောင်းတွေပဲ တွေးနေမိတာများလာတယ်။း(

    အရမ်းကို အတွေးပွါးရမဲ့ စာကြီးပေကြီးတွေ..

    ReplyDelete
  7. စာကို တစ်ခေါက်လာဖတ်ပြိးသားဖြစ်ပါသည်။
    ဒီတစ်ခေါက် စာရော၊ ပုံပါ ပြန်လာကြည့်ပါတယ်..။
    ပုံဆွဲသော၊ ဆရာ /မသီတာကို အရမ်းချီးကျူးမိပါတယ်..။
    ပုံလေး ကူးသွားချင်လို့....။ သိမ်းထားဖို့ပါပဲ
    Fwd လုပ်ဖို့ မဟုတ်ပါ..။

    ReplyDelete
  8. ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ဆင်ခြင်မိတယ်..။
    အဲဒီ အတိုင်း ဖြစ်နေပြီလို့...။
    ဒါတောင် ကိုယ့်ဘာသာ သိတာ မဟုတ်..၊ ဒီစာ ဖတ်ပြီးမှ တွေးမိတာ ။

    ReplyDelete
  9. 23 Feb 09, 00:10
ုKom: “Now you are a changed person” အဲဒါ ကိုဓရာ ရေးတာလား။

    23 Feb 09, 00:10
ုKom: နဲနဲတော့ခေါင်းစားသွားတယ်။ ဖြူစင်ချင်ပါတယ်။

    23 Feb 09, 00:11
    pauk: အင်းး..ဒီင်္ပို့စ်လဲ အထပ်ထပ် အခါခါ ဖတ်ရမယ်နဲ့တူပါတယ်..(လမ်းလျှောရင်း လမ်းပျောက်နေသူ)


    မမKOM
    ပေါက်
    ယုဝရီရေ မသီတာတွေးမိတာလေးကို ရေးပြီး၊ ကိုဧရာကို sketch ဆွဲခိုင်းလိုက်တာပါ။

    ကေရေ စောင်းမပြောပါဘူး…ပို့စ်လေးတင်မယ် လုပ်တော့ ကေ့ပို့စ်ကို သတိရတာတော့အမှန်။

    နုသွဲ့ရေ စိန်ခေါ်မှုတွေကတော့ အချိန်နဲ့အမျှ ရင်ဆိုင်နေရပါတယ်။

    ချိုသင်းရေ တို့တွေ အသက်တွေကြီးလာတာ ပြောင်းလဲမှုတွေကို သတိထားမိ၊ လက်ခံမိရုံ သက်သက်နဲ့တော့ မလုံလောက်သေးဘူးပေါ့နော်။

    tg ရေ အနာသိ၊ ဆေးရှိ မသီတာနဲ့ ညှိ…တန်းရောက်စေရမယ်…တံတားလေး။

    မြတ်နိုးရေ မသီတာနဲ့ လိုက်တွေးပေးလို့ ကျေးဇူး။

    23 Feb 09, 20:15
    sin dan lar: ဒီတစ်ခါ စားပွဲပေါ် တက်မဖတ်ရဘူး၇ှန့်...။
    23 Feb 09, 20:15
    sin dan lar: ပုံလေးကို အရမ်းကြိုက်တယ်


    လိုတာအကုန်လုံးယူ စင်စင်လေး။
    (စာရေးပြီး ဒီဇိုင်း ကိုဧရာဆီ အပ်လိုက်တာလေ...)

    ReplyDelete
  10. မန့်ဖို့ ကြိုးစားဖတ်နေရသည်မှာ ကြာချေပြီတမုံ့။
    ငါသည် အချိန်ကို အရင်းအနှီးပြု၍ မန့်ရန်ကြံစည်နေသော်လည်း ညဏ်ပညာမပြည့်ဝလေသော ငါ့အတွက်မူကား
    .....

    ReplyDelete
  11. ပုံမှာတင်ထားတာ feedback control system block diagram လားဟင်။ သိသလိုလို..ပဲ၊ ။ ဆရာမ သိရင် ရင်ကျိုးမယ်။

    ReplyDelete