Sunday, September 12, 2010

ပျောက်ဆုံးသွားမှာ...စိုး...

- အစဉ်အလာအားဖြင့် ထိန်းသိမ်းလာသော ဓလေ့ထုံးတမ်းစဉ်လာ (ရိုးရာ ယဉ်ကျေးမှု)
- သိမ်မွေ့ ပြေပြစ်သော တတ်သိလိမ္မာမှု (စာပေ၊ အနုပညာ ယဉ်ကျေးမှု)
- တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း (မြို့ပြ ယဉ်ကျေးမှု)
- ခေတ်ရေစီးကြောင်း

စသည်ဖြင့် သူ့နေရာနှင့်သူ သုံးရမည့် ယဉ်ကျေးမှု၏အဓိပ္ပါယ်များစွာ အနက်မှ
ကောင်းအောင်လုပ်တာ ယဉ်ကျေးမှု ဟူသော ဆရာတော်ကြီးတပါး၏ အဆိုအမိန့်ကို မှတ်သားရင်း…

ကွမ်းယာ ယဉ်ကျေးမှု
အသားကင် ယဉ်ကျေးမှု
ဘီယာ ယဉ်ကျေးမှု

ကိုးရီးယားဇတ်လမ်းတွဲ ယဉ်ကျေးမှု
ကာရာအိုကေ ယဉ်ကျေးမှု
နိုက်ကလပ် ယဉ်ကျေးမှု

ကျူရှင် ယဉ်ကျေးမှု
စာသင်ဝိုင်း ယဉ်ကျေးမှု
ပရိုက်ဗိတ်ကျောင်း ယဉ်ကျေးမှု

နှစ်လုံး သုံးလုံး ယဉ်ကျေးမှု
ဘောလုံးပွဲ ယဉ်ကျေးမှု
လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှု

လက်ကိုင်ဖုန်း ယဉ်ကျေးမှု
အင်တာနက် ယဉ်ကျေးမှု
ဆေးမင်ကြောင် ယဉ်ကျေးမှု

အထူး,
ရှယ်,
ထူးထူးရှယ် ယဉ်ကျေးမှု
တွေကြား…

လူ ယဉ်ကျေးတွေ

ဝေးလွင့် မှုန်ဝါး
ပွန်းပဲ့ လျော့ပါး
လွတ်ကျ ကွဲရှသွားမှာ…

စိုးထိတ်
ရင်မော
အခါခါ နှမြောနေမိပေါ့

ဘလော့ဂ်ယဉ်ကျေးမှုမှာ စီးဝင်မျောပါလျက်…

21 comments:

  1. သီချင်းမှတ်လို့..
    ဟယ်ရီလင်း သီချင်း


    ပေါက်

    ReplyDelete
  2. ပြောလိုက်တဲ့ ယဉ်ကျေးမှုတွေ ကွက်ကွက် ကွင်းကွင်းပါပဲ..။

    ပေါက်



    (ဟိုဘလော့က ပြောထားတယ်နော်..
    word verificationတွေ တဲ့..ဟိးး)

    ReplyDelete
  3. အဲ့ဒီ သီချင်း ပေါက် ဆိုပြ :)

    ပေါက်ရေ word verification ထည့်ထားရတာက...
    ကွန်ပြူတာနဲ့ အော်တိုပေးနေတဲ့ ကော်မန့်တွေရန်က ကာကွယ်တဲ့ အနေနဲ့ ထည့်ထားရတာ...
    ခု ဖြုတ်လိုက်ပါပြီ

    ReplyDelete
  4. ပျောက်ဆုံးသွားမှာ....စိုး..(ဟယ်ရီလင်း)



    အဝေးမှာ စောင်နေ့ကြတဲ့ နဂါးငွေ့တန်းတွေလား မသိဘူး..
    စည်းတွေလည်းချထား အတားတွေအဆီးတွေက မနည်းဘူး..။
    နေရောင်ခြည်မခနိုင်တဲ့...အချစ်ရဲ့ အိမ်ရှေ့ဦး..
    ဟေးး..အရောက်လာခဲ့မှာပဲ..အားမငယ်နဲ့ကွယ် ကိုယ့်အချစ်ရေ့....
    ညအမှောင်တံခါးတွေလည်း ဖြတ်ကျော်ရင်းနဲ့ တွန်းဖွင့်မယ်..
    ခွန်အားအသစ်များနဲ့ လှမ်းခဲ့ ချစ်သူလေးး...


    အကောင်းဆုံးပဲ ကြင်နာပါ့မယ် ကိုယ့်ရဲ့ ချစ်သူလေး..
    အကောင်းဆုံးပဲ မင်းကလေး ကိုယ့်ရဲ့ ချစ်သူလေး..
    မျှော်လင့်ရင်ခုန်ခြင်းများ..
    ပျောက်ဆုံးသွားမှာစိုးး...

    (ဟုတ်တယ်..)





    ပေါက်

    ReplyDelete
  5. ကျေးဇူးပေါက်
    ဒီက ခေါင်းစဉ်ပဲ မှတ်မိတော့တာ :)

    ReplyDelete
  6. ကျေးဇူးမလိုပါ ...
    အမျိုးအရင်းကြီးတွေပဲဟာကို..
    သြော်..
    မေ့လို့..
    ဟိုဘလော့ကပြောထားတယ်..သီချင်းဘာညာဆိုလဲ
    မကြိုက်ဘူးတဲ့...

    အခုဆို နောက်တခုတိုးလိမ့်အုန်းမယ် (ထင်တယ်)
    ကော်မန်ပ အသွားအပြန်တွေများရင်လည်း မကြိုက်ဘူး
    လို့...

    ခက်လိုက်တာနော်..။


    ဟီးးဟီးး


    ပေါက်

    ReplyDelete
  7. ယဉ်ကျေးမှုတွေ တစ်လှေကြီးပေးတော့လည်း ယဉ်ကျေးမှုတွေ တပြုံကြီး ယူပြီးပြန်ပြီဗျာ
    မဝေးလွင့် မမှုဝါး
    မပွန်းပဲ့ မလျော့ပါး
    မလွတ်ကျ မကွဲရှ
    မစိုးထိတ် ရင်မမော
    မနှမြောနေနဲ့
    ဘလော့ဂ်ယဉ်ကျေးမှုမှာ မစီးဝင် မမျောနိုင်တာ ကြာပေါ့
    ခင်မင်တဲ့
    seesein

    ReplyDelete
  8. အစ်မသီတာရဲ့ ဘလော့ယဉ်ကျေးမှုပါဝင်တဲ့ “ပျောက်ဆုံးသွားမှာ..စိုး” စီးရီးရော ပေါက်ရဲ့ သီချင်းဆိုသံစဉ်လေးပါ အတူနားထောင်သွားပါတယ်း)))

    လသာညလည်း အတူတူ သီချင်းဆိုသွားပါတယ်...

    ♪♪♪ ဝေးလွင့် မှုန်ဝါး
    ပွန်းပဲ့ လျော့ပါး
    လွတ်ကျ ကွဲရှသွားမှာ… ♪ ♪

    ♪♪♪စိုးထိတ်
    ရင်မော
    အခါခါ နှမြောနေမိပေါ့♪ ♪

    ♪♪♪ဘလော့ဂ်ယဉ်ကျေးမှုမှာ စီးဝင်မျောပါလျက်…

    ReplyDelete
  9. ငယ်ငယ်တုန်းက အဲဒီသီချင်းကြိုက်တယ်၊

    ပျောက်ဆုံးသွားမှာ...စိုး ဆိုတဲ့ အစွဲနေရာလေးကို သဘောကျတာ၊


    ဘလော့ဂ်ယဉ်ကျေးမူမှာ စီးမျောနေသူတစ်ဦး။ :)

    ReplyDelete
  10. ကောင်းအောင်လုပ်တာ ယဉ်ကျေးမှု တဲ့လား။ သဘောကျမိတယ်။

    ReplyDelete
  11. ရိုးရာ ဝတ်စားဆင်ယင်မှု၊ လူကြီးသူမကို ရိုသေ သိတတ်မှု၊..စတဲ့... ယဉ်ကျေးမှု..ယဉ်ကျေးမှု.တွေ
    ပျောက်ဆုံးသွားမှာ စိုးပါတယ်...

    ReplyDelete
  12. အင်း... ဟင်း.... အတွေးတွေတူသွား၊ သက်ပြင်းချသွား...

    ပုံ/
    ဘလော့ယဉ်ကျေးမှုထဲ စီးမျောပါဝင်နေသူတစ်ဦး

    ReplyDelete
  13. ဘလော့ဂ်ယဉ်ကျေးမှုမှာ စီးဝင်မျောပါလျက်…

    မျှော်လင့်ရင်ခုန်ခြင်းများ..
    ပျောက်ဆုံးသွားမှာစိုးး...

    ကိုယ်လဲ ပေါက်နဲ့ အမျိုးပါ...
    သီချင်းတွေ့ရင် ဘယ်လို ဆိုချင်မှန်းမသိဘူး...း))

    ReplyDelete
  14. အစ်မရေ...ဒီလိုပါပဲ...ယဉ်ကျေးမှုတွေကတော့.....။
    ပျောက်ချိန်တန်တော့လည်း...........။

    ReplyDelete
  15. အရင်နေ့က မန္တလေး ထမင်းပေါင်း..ဒီတစ်ခါ ဟယ်ရီလင်းသီချင်းခေါင်းစဉ်နဲ့ဆိုတော့ မန္တလေးက အမှတ်တရ ညတွေကို သတိရရင်းရောက်လာခဲ့ပါတယ်။
    စကားမစပ် တလောတုန်းက ဘာဂါဆိုင်ဖွင့်ပွဲမှာ ဗမာပြည်မှာ Fast Food ယဉ်ကျေးမှု့တိုးတက်ရေးဆိုပြီး ဘာမှန်းညာမှန်းမသိသူတစ်ယောက် ပြောဖူးတယ်။ ညစ်တယ်ဗျာ...

    ReplyDelete
  16. ပြီးတော့ ကျန်သေးတယ် မမသီတာ

    လူငယ်တွေ နိုင်ငံခြားထွက်တဲ့ ယဉ်ကျေးမှု၊
    နောက် မြန်မာပြည်မှာ ကျန်ခဲ့တဲ့ လူငယ်တွေ အတွက် ရာထူးကောင်းစရာမလို၊ ဌာနန္တရကောင်းဖို့ပဲ လိုတယ်ဆိုတဲ့ ယဉ်ကျေးမှု။

    ReplyDelete
  17. I have to hear what Keri thinks about this???

    ReplyDelete
  18. I am very glad you took the time and said this?!

    ReplyDelete
  19. Great writing! You should definitely follow up to this topic!?

    ReplyDelete
  20. ကောင်းအောင်လုပ်တာ ယဉ်ကျေးမှု ဆိုတာတော့ မဟုတ်သေးဘူးထင်တယ်၊
    (ထိန်းသိမ်းထားရမည့် "ကောင်းတာတွေ") ကသာ ယဉ်ကျေးမှု ဖြစ်သင့်တယ်ထင်တယ်။
    ကောင်းအောင်လုပ်တာက ယဉ်ကျေးမှုအသစ်ကို ဖန်တီးတာပဲ ဖြစ်မည်... လို့ ထင်ပါတယ်။
    တွေ့ကရာတွေကို ထိန်းသိမ်းထားတာလည်း ယဉ်ကျေးမှု မဖြစ်သင့်ဘူး...လို့ ထင်ပါတယ်။

    အမှားပါလျှင် ခွင့်လွှတ်ပါ။

    ReplyDelete
  21. ဒီ post ကိုသိပ်ကြိုက်ပါတယ်။
    အခုတစ်လော လူလူချင်း (အထူးသဖြင့် အစိမ်းရောင်ဝတ်ထားရင်) ရှိခိုးပြီးကြိုဆိုကြတာတွေ၊ နတ်တွေ၊ ဝိုင်အရက်တွေ၊ တက်တူးတွေ၊ ကိုယ်တုံးလုံးဆေးချယ်တာတွေ၊ လိင်တူကိစ္စတွေ၊ ရေခြားမြေခြားကအောက်တန်းစားတွေ ဆဲဆိုသီချင်းဆိုပြီး ပေါက်ကွဲတာတွေ၊ ပါးရိုက်တာတွေ၊ အဆန်းအပြား ကာမဆက်ဆံကြ ဗဟုကာမဆက်ဆံကြ ဗဟုအိမ်ထောင်ပြုကြ တာတွေ၊ တရားမဲ့ ကိုယ်ချင်းစာခွင့်လွှတ်ကြရင်း ကိုယ်ကျူးလွန်ထားတဲ့ အပြစ်ပါ ခါတော်မီ celebrity ရေစိးကြောင်းမှာ ခဝါချပြီး တရားဝင်အောင်လုပ် အလွတ်ရုန်းတာတွေပါမကျန် ယဉ်ကျေးမှုထဲ "အဆင်အခြင်မဲ့" ထိုးထည့် ထိုးဝင် လာကြလို့ ယဉ်ကျေးမှုလည်း ပေါက်ကွဲလုနီးနီးဖြစ်နေတာ မြင်နေရလို့ ဒီလိုမျိုးရေးပြချင်နေတာ ကိုယ်တိုင်မရေးတတ်လို့၊
    ရင်ထဲမှာ အစာမကြေဖြစ်နေတာ ဒီpost ဖတ်လိုက်ရမှ ရင်နဲနဲချောင်သွားတယ်။

    ReplyDelete