Wednesday, September 22, 2010

မြို့ပြလရောင်တမ်းချင်း

ဘလော့ဂ်ဆိုတာကို ဘာမှန်းမသိ ညာမှန်းမသိ ပုံဖော်နေတာ… အသက်ဝင်လာပုံကတော့ ဖွင့်ချထားတဲ့ ဒိုင်ယာရီပါပဲ…
တွေ့ကြုံခံစားမိတာလေးတွေ ရေးချဖြစ်တော့ ပို့စ်လေးတွေ ဖြစ်လာတယ်။
အဲ့ဒါတွေမှ မရေးရင်လည်း ဘလော့ဂ်ဟာ ရင်ဘတ်ဟောင်းလောင်းနဲ့ အကျည်းတန်လှတယ်…။

မနေ့က မမKOM အိမ်ဘက်ကနေ မျောလွင့်လာတဲ့ တိမ်တွေ ဒီနေ့မှ ဒီဘက်မှာ မိုးတွေအဖြစ်ရွာချထားလို့ အိမ်နောက်ဖေး ပန်းခြံထဲ အမှတ်မထင် လမ်းလျှောက်ဖြစ်တယ်။ အမှတ်မထင် ဆိုပေမဲ့ မိုးရွာပြီး အငွေ့အသက်ကို တို့ထိ ခံစားချင်နေမိတဲ့ အသွေးထဲ အသားထဲက တောင့်တချက်ကြောင့် ရောက်အောင် လျှောက်ခဲ့တဲ့ လမ်းပါ…။

သူတို့တွေ လမုန့်ပွဲတော် (Mooncake Festival) မှာ ပျော်ဝင်နေကြတယ်။ မနက်ဖန် လပြည့်နေ့ ကိုး…။

ကိုယ်တို့အနားမှာ တခါတလေလည်း ပြည့်ပြည့်၀၀ကြီးပြုံးလို့၊ တခါတရံလည်း ပြုံးတယ်ဆိုရုံ လဲ့လဲ့လေးပြုံးလို့ အေးမြတဲ့ အလင်းတွေ ပေးတဲ့ လသခင်ကို အချိန်များများ မေ့လျော့နေမိကြတာဟာ မွေးရာပါ အခွင့်အရေးတခုကို လက်လွှတ် အဆုံးရှုံးခံတဲ့ မိုက်မဲမှုပဲ လို့ ကိုယ့်ကိုကိုယ် အပြစ်ဆိုမိပါရဲ့။

ကိုတို့ ဆီမှာ ဘယ်လို…
ကျမတို့ ဆီမှာ ဘယ်လိုနဲ့
အပြိုင်အဆိုင်လုပြောနေကြတာတွေက လမုန့်ပွဲတော်အကြောင်းတော့ မဟုတ်ပြန်လေဘူး…
မီးပုံးလေးတွေ အပြိုင်အဆိုင် ထွန်းလို့ ကလေးတွေ ပျော်နေကြတာကို သားငယ်ကတော့ သီတင်းကျွတ်ပွဲတော်လို့ ဘယ်သိနိုင်ပါ့မလဲ

ဒီပွဲတော်ရောက်တိုင်း ဟိုလူကြီး ပြောပြတတ်တဲ့ ပုံပြင်လေး…
ဟိုးရှေးရှေး တရုတ်ပြည်ကို မွန်ဂိုတွေ သိမ်းပိုက်ထားတဲ့ အချိန်ကပေါ့၊ လူစုလူဝေးလည်း လုပ်ခွင့်မရတော့ တော်လှန်ရေးသမားတွေက “၈လပိုင်းရဲ့ လပြည့်နေ့မှာ မွန်ဂိုတွေကို တော်လှန်ကြ”လို့ တပ်လှန့်တဲ့ စာခေါက်လေးတွေကို လမုန့်တွေထဲထည့်ပြီး ဝေကြတယ်။ တကယ်လည်း အဲဒီလပြည့်နေ့မှာ မွန်ဂိုတွေကို တော်လှန်နိုင်ခဲ့ကြတယ်...တဲ့။


Get this widget | Track details | eSnips Social DNA
သီချင်းကို ဒီက ယူပြီး စာသားကို www.htooeainthin.com က ယူပါတယ်။

13 comments:

  1. ဘလော့ဂါတွေကို တော်လှန်တဲ့ည..
    ဟုတ်လား..။
    ကောင်းတယ်။

    ဟီးဟီ

    Xထုံ

    ReplyDelete
  2. စင်ကာပူ မှာ သာတဲ့လ...

    ReplyDelete
  3. သြစတြေးလျားမှာ သာတဲ့လက အကြီးကြီးပဲလို့ ပြောကြတယ်။

    ငယ်ငယ်က မီးထွန်းပွဲတော်မှာ မီးပုံလေးတွေနဲ့အတူ လမ်းလျှောက်ထွက်ခဲ့တာကို သတိရတယ်။

    မြို့ပြလရောင်တမ်းချင်းကိုလည်း လိုက်ဆိုသွားတယ်။

    ReplyDelete
  4. 22 Sep 10, 23:17
    မိုးယံ: မြို့ပြလရောင်တမ်းချင်းလေး ခံစားသွားပါသည်။

    ReplyDelete
  5. ရန်ကုန်မှာ သာတဲ့ လ ကတော့ မီးပျက်ညတွေတိုင်း ပိုအသက်ဝင်လွန်းလှတယ် မသီတာ...မသီတာရင်ထဲ သာတဲ့ လမင်း ကတော့ ဧရာဝတီမြစ်ကြီးတစင်းရယ်..ရေချမ်းရေစင်လေးများနဲ့ အသက်ဝင်ပြီး ပိုလှပနေမှာပါပဲ....ဟဲဟဲ

    tg

    ReplyDelete
  6. မြို့ပြမှာ သာနေတဲ့ လ,အလင်းမှာ ရင်ဘတ် ခပ် ပြည့်ပြည့် ဘလော့ဂ်ကို ဖတ်သွားတယ်ဗျို့...။ :)

    ReplyDelete
  7.ုတော်လှန်ချင်တယ် ? လမုန့်ကတော့ တအားကြိုက်တယ်ဗျာ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  8. မ- မမသီတာ
    လ- လသာသာကို
    ခ- ခဏခဏလွမ်းတတ်သလားး)))

    ..ကော်ဖီတစ်ခွက်နဲ့ လကို ခံစားရတာ တကယ့်ကို ဖီလင်ပဲ။ နော်။

    တခါတလေလည်း ပြည့်ပြည့်၀၀ကြီးပြုံးလို့၊ တခါတရံလည်း ပြုံးတယ်ဆိုရုံ လဲ့လဲ့လေးပြုံးလို့ အေးမြတဲ့ အလင်းတွေ ပေးတဲ့ လသခင်ကို
    မမသီတာနဲ့ အတူလာငေးမယ်ဆို ကော်ဖီတစ်ခွက်တော့ တိုက်ပါနော်.. တိုက်မှာလား.. လာတော့မယ် အခု (^^)

    ReplyDelete
  9. 23 Sep 10, 15:47
    crystal: တမ်းချင်းလေး လာဖတ်စ်...။

    ReplyDelete
  10. မီးလဲ
    လသခင်ကို ချစ်တယ်၊
    လမှာ ဆွဲအားရှိတယ်ဆိုတာ ယုံတယ်၊
    လမုန့်က ဗမာပြည်က လမုန့်မှ စားလို့ကောင်းတာလို့ ထင်တယ်၊
    သီချင်းကို အဲဒီလို ပေါက်ပေါက်ကွဲကွဲ သီဆိုပစ်လိုက်ချင်တယ်၊ မသီတာနဲ့လေ။

    ReplyDelete
  11. မနေ့က ဂျူဂျူတို့လဲ အောက်ဆင်းပြီး မီးထွန်း၊ မီပန်းလေးတွေနဲ့ ကစားတယ်။ သမီးက သစ်ရွက်ခြောက် အမှိုက်ကလေးတွေ မီးရှို့ပြီးဆော့တော့ ငယ်ငယ်က ကိုယ်တွေလဲ ဒီလိုလုပ်ခဲ့တာပဲဆို ငယ်ဘ၀ကို သတိရသွားတယ်။ သမီးရှို့နေတာကိုလဲ မတားတော့ဘူး အစ်မရေ။ သူလဲ ခလေးဘ၀ရဲ့ လွတ်လပ်မှုကို ခံစားရပါစေဆိုပြီးတော့။ မနေ့ညက အောက်မှာ တော်တော်စည်တယ်။

    ReplyDelete
  12. သီတင်းကျွတ်ရောက်တော့မယ် ..း))

    ReplyDelete
  13. မြို့ပြလရောင်တမ်းချင်း... မကြာခဏ နားထောင်ဖြစ်တဲ့ သီချင်း... အခုလည်း လိုက်ဆိုသွားတယ်...

    မတွေ့တာကြာလို့ လွမ်းနေတယ် သီတာ...း))

    ReplyDelete