Saturday, November 12, 2011

စီးတဲ့ရေ

ကိုယ်ဟာ…လူပေါ့၊ လူသွမ်းတယောက်ပါ။
ဒါပေမဲ့…
အချစ်က မကြမ်း... မရမ်းရှာဘူး။

(နောက်ပြီး)
ကိုယ်ဟာ…လူ
ပို၊ လူခိုတယောက်ပါ။
ဒါပေမဲ့…
အချစ်က မငြို... မဆိုရှာဘူး။

(ကိုယ်သိပါတယ်)
ကိုယ်ဟာ…လူနုံ၊ လူချာတယောက်ပါ
ဒါပေမဲ့…
အချစ်က မလိမ်... မညာရှာဘူး။

(တကယ်တော့)
ကိုယ်ဟာ…(အနှစ်မရှိတဲ့) လူဖြုန်းတယောက်ပါ။
ဒါပေမဲ့…
အချစ်က မမုန်း… မမုန်းရှာဘူး။



လူပေ၊ လူတေလေးပါလား
...
အချစ်သည် ဧရာ

ဧရာသည် အချစ်ဖြစ်သည်။ ။

(ကိုဧရာအတွက် မွေးနေ့အမှတ်တရ)

20 comments:

  1. WOW......Lovely B'day present.
    HAPPY BIRTHDAY ...Ko Ayar.
    I believe Ko Ayar is chaw:P
    Gyidaw

    ReplyDelete
  2. ကိုအောင်(ပျူနိုင်ငံ)November 12, 2011 at 5:41 AM

    ကိုဧရာ အသက်ရာကျော်ရှည်ပြီး မိသားစုနျင့်အတူ ပျော်ရွှင်ပါစေဗျို့ ...

    ReplyDelete
  3. အမရေ.... အမအချစ်မွေးနေ့အတွက် စပ်ထားတဲ့ ကဗျာလေးက ချစ်စရာကောင်းလိုက်တာ...

    ReplyDelete
  4. Happy Birthday :)
    ချစ်စရာကောင်းတဲ့ မကြီးသီတာကိုပဲ ဖဲကြိုးချည်ပေးလိုက်မယ် (ခိခိ)

    ReplyDelete
  5. http://www.emotasia.com/wp-content/uploads/brown-teddy-bear-emoticons-14.gif

    ReplyDelete
  6. ဟက်ပီးဘသ်ဒေးပါ ကိုဧရာ..

    မမသီတာ စာလေးတွေက အမြဲချစ်ဖို့ကောင်း :)

    ReplyDelete
  7. Happy Birthday ကိုဧရာ...
    သီတာက လိမ်မာတယ် ကိုယ့်လို မဆိုးဘူး...
    သီတာ့ရဲ့  မွေးနေ့ လက်ဆောင်ကလည်း အမိုက်စားပဲ... :-))

    ReplyDelete
  8. ပျော်ရွှင်ဖွယ်မွေးနေ့ရက်မြတ်လေးဖြစ်ပါစေ မောင်ဧရာရေ
    အနှစ်ကတော့ 'အချစ်သည်ဧရာ ဧရာသည် အချစ်ဖြစ်သည်' ပေါ့း)။
    တော်လိုက်တာ မသီတာရယ်။ စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. မွေးနေ့ကဗျာနဲ့ အတူ ကိုဧရာကြီးကို အစ်မက မသိမသာ သိသိသာသာ ကပ်ဖဲ့ထားတာပဲး))

    ReplyDelete
  10. မေ့လို့

    ပျော်ရွှင်စရာမွေးနေ့လေးပါ အစ်ကိုကြီးရေ ။သီတာရေစင်အနားအမြဲအေးချမ်းနေပါစေဗျာ။

    ReplyDelete
  11. မွေးနေ့မှာ ကဗျာလေးတပုဒ်နဲ့တင် ပျော်ရွှင်သွားလောက်ပြီ
    အမသီတာရာ ချစ်ရင် ဘယ်လိုနေနေ အပြစ်မမြင်တော့ဘူးပေါ့နော

    ReplyDelete
  12. ကဗျာလေး မိုက်တယ် အစ်မ....
    ဆရာ့မွေးနေ့မှာ ချစ်မိသားစု နဲ့ အတူ ပျော်ရွှင် ချမ်းမြေ့ပါစေ....း)

    ReplyDelete
  13. ချစ်စဖွယ်ဖြစ်နေဖို့ပဲ လိုတယ်ဆိုတယ် လက်ခံတယ် မသီတာ၊

    ReplyDelete
  14. မွေးနေ့မှသည်...နောင်နှစ်ပေါင်းများစွာ.....မိသားစုတစ်တွေ
    ပျော်ရွင်ချမ်းမြေ့ပါစေဗျားးးးးးး

    ReplyDelete
  15. ချစ်ခြင်းများနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာလေး လက်ဆောင်ပေးတယ်ပေါ့..
    အစ်မသီတာတို့များ အိုင်ဒီယာ အလန်းစားတွေနဲ့ အားကျအောင် လုပ်နေတယ်..
    ပျော်စရာမွေးနေ့ပါကိုဧရာရှင့်..
    ချစ်သော မသီတာနဲ့အတူတူ ၊ မိသားစုနဲ့အတူတူ ဘဝခရီးလမ်းကို စိတ်ဝမ်းနှလုံး ရွှင်ပြုံးချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်တောင်းပေးချင်ပါသည်။.

    ReplyDelete
  16. ဟားး အခုမှ လာဆုတောင်းရတဲ့ဘီလိတ်တတ်ဘတ်ဒေးဝှစ်ခ်ျပါနော်း)

    ဘ၀ဆုံးတိုင်တူယှဉ်တွဲလို့
    ချစ်ပွဲရယ်တဲ့ပျော်ပျော်ရွှင်
    နိဗာန်ကိုဝင်နိုင်ကြပါစေ ဗျာ..း)

    ခင်တဲ့
    ညီမ
    မဒိုးကန်

    ReplyDelete
  17. HAPPY BIRTHDAY PAR မသီတာရဲ့အချစ်

    အချစ်သည် မသီတာ
    မသီတာသည် အချစ်ဖြစ်သည်။ (ကိုဧရာအစား)ရေးပေးတာ။း)

    မွေးနေ့ ရှင်ဒီကဗျာဖတ်ပြီးပျော်နေမှာနော်း)

    ပျော်ရွှင်သောမွေးနေ့လေးနှင့်အတူ ချစ်သောမိသားစုလေးနှင့်အတူ သာသနာပြုနိုင်ပါစေရန်တောင်းဆုပြုပါတယ်။

    စိတ်ရောကိုယ်ပါအေးချမ်းပြီး
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  18. ဂွတ်လိုက်တာ အစ်မရာ။ ဂွတ်တာတင်မဟုတ်ဘူး..ဂွတ်ရှယ် နော်..မး))နောက်ကျမှရောက်လာလို့ ခွင့်လွှတ်ပါ အစ်ကို နဲ့ အစ်မရေ..။
    အစ်ကိုကတော့ ဒီကဗျာဖတ်ပြီး သွားကြီးဖြီးနေမှာ မြင်ယောင်သေး..။

    အစ်ကိုပျော်ရွှင်ပါစေလို့ ထပ်ဆုတောင်းခဲ့ပါတယ်း)

    ReplyDelete
  19. အချစ်သည် ဧရာ
    ဧရာသည် အချစ်ဖြစ်သည်။ ။ တဲ့....

    ကြည်နူးစရာကောင်းလှပါပေ့ မသီတာရေ....း)
    ဒီမိသားစု ယခုကဲ့သို့ပဲ အမြဲထာဝရပျော်ရွှင်ကြည်နူးစွာ နေထိုင်သွားနိုင်ကြပါစေ....။း))

    ReplyDelete
  20. ညီမလေး မသီတာရဲ့ ကိုဧရာ့ အတွက် မွေးနေ့တိုင်း မွေးနေ့တိုင်း မှာ စီးနေအုံးမယ့် ရေ။

    ReplyDelete