Thursday, August 7, 2008

မနက်ဖန် အတွက် ဒီနေ့

မနုဿတ္တဘာဝေါ ဒုလ္လဘောတဲ့
လူတစ်ယောက်ဖြစ်ဖို့ လွယ်လွယ်လေးမှတ်လို့
လူမှုရေး
ပညာရေး
စီးပွားရေး
ကျန်းမာရေး
ဘာသာရေး
ဟိုအရေး
ဒီအရေး
ကိုယ့်သမိုင်း ကိုယ်ရေး ကြရာမှာ…
လောင်းရိပ်အောက်မှာ စီးဆင်းရင်း
လိပ်ပြာတွေက နောက်ပြန်ဝဲ
ယဉ်ကျေးမှု မှတ်တိုင်တွေပြိုလဲ
သမိုင်းကြွေးတွေက တရစ်ပြီးတရစ်တင်

မနုဿဓမ္မ ဆိုတာ
လွတ်လပ်ခြင်း
ညီမျှခြင်း
ချစ်ကြည်ခြင်း
အချုပ်ဆိုရတော့
တရားမျှတခြင်း ဗျ။
ခင်ဗျားလည်းလူ၊ ကျုပ်လည်းလူ
လူပါဗျ လူ
တုံးချင်ယောင် ဆောင်မနေစမ်းပါနဲ့
ကိုယ့်သမိုင်း ကိုယ်ရေး ကြရမှာ…
ယုံလိုက်စမ်းပါ
ညီညွတ်ခြင်းသည် အင်အား
တွဲထားကြ လက်များ
သမိုင်းကြွေးကို ဆပ်စို့လား။

သမိုင်းကောင်း ရေးသူများအား ဦးညွှတ်လျက် ~

2 comments:

tg.nwai said...

မနုဿဓမ္မ ဆိုတာ
လွတ်လပ်ခြင်း
ညီမျှခြင်း
ချစ်ကြည်ခြင်း
အချုပ်ဆိုရတော့
တရားမျှတခြင်း ဗျ။

တရားမျှတအောင် ကြိုးစား နေထိုင်ရင်းနဲ. ကိုယ့်သမိုင်းလည်း ကောင်းကောင်း ကျန်ခဲ့နိုင်သလို လူ.လောကအသိုင်းအ၀ိုင်းကိုလည်း အထောက်အကူ ပိုဖြစ်စေနိုင်တယ်လို့ မျှော်လင့်ပါတယ် မသီတာ။

တန်ခူး said...

ရှေးကထက် ပိုချစ်ကြရအောင်လား မ ရေ...