Women's Future World's Future ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက အမျိုးသမီးတွေရဲ့ သက္ကရာဇ်၂၀၅၀အတွက် အမြင်တွေကို ရောင်စုံဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ စုစည်းထားတဲ့စာအုပ်ကို The University Women's Association Singaporeမှ ၂၀၀၀ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ စာမျက်နှာပေါင်း ၂၀၀ကျော်ရှိပါတယ်။
ဒီစာအုပ်ရဲ့ editor ဖြစ်သူ Dr. Elsie Yu Chen Chee က ကျမကို လက်ဆောင်ပေးခဲ့တာပါ။ စာအုပ်နိဒါန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “It is time to apply in the arena of the world, the wisdom and experience women have gained.” ဆိုတဲ့ စာသားလေးကို ကိုးကားဖော်ပြထားပါတယ်။ (ကျမကလည်း အပြန်အလှန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရေးသားတဲ့ Freedom from Fear စာအုပ်ကို ပြန်ပေးခဲ့ပါတယ်။)
![]() | ![]() | |
| ရှေ့မျက်နှာဖုံး | နောက်မျက်နှာဖုံး | |
![]() | ![]() | |
| အတွင်းဖုံး | မြန်မာပြည်မှ ပါဝင်ရေးသားသူများ | |
![]() |

စာအုပ်ဖြစ်မြောက်ရေး ကော်မတီ (Dr. Elsie က ရှေ့တန်း အလယ် အနက်ရောင် ရှပ်၊ အနက်ရောင် ဘောင်းဘီနဲ့ ထိုင်နေသူပါ။)

စာဖတ်သူတို့၏ အမျိုးသမီးများ အနာဂတ်နဲ့ ကမ္ဘာ့အနာဂတ်အတွက် Vision, Mission and Goal...စသဖြင့်ကို ဒီပို့စ်နှင့်အတူ တစုတစည်းထဲ စုစည်းထားလိုသည့်အတွက် ကော်မန့်မှာ ဖော်ထုတ်ရေးသားခဲ့စေလိုပါတယ်။





3 comments:
ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့ လက်ဆိုတာ
အမျိုးသမီးတွေ ရဲ့ လက်ကိုသာ ရည်ညွှန်းပြောဆိုကြတာမို့
ကိုယ်တိုင် အမျိုးသမီး ဖြစ်ရတာ ဂုဏ်ယူမိတယ်
ကမ္ဘာ့ အနာဂတ်မှာ အမျိုးသမီးတွေ ရဲ့
အခန်းကဏ္ဍ ဟာ
မသေးသိမ်ဘူးဆိုတာ ဟိုတုန်းကပဲ ယုံ ကြည့်ခဲ့တယ်
ခုလဲ ယုံကြည်တယ်
နောင်လဲ ယုံ ကြည်သွားမယ်
အျမိုး သမီး အခွင့်အရေး တွေ အတွက်
တတ်နိုင်သလောက် တတ်စွမ်းသလောက် ဆက်လက် လုပ်သွား အုံးမှာပါ
ဒီစာအုပ်လေး ကတော့ အမျိုးသမီး အခွင့်အရေးနဲ့
ကာကွယ်ပေးရေး ဆိုင်ရာ အတွေး အမြင်တွေ ပါတဲ့ စာအုပ်မို့ လို့ အမျိုးသမီးရေးရာ နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ဆွေးနွေးပွဲ တွေ အတွက် အတော် အသုံးတည့်မဲ့ စာအုပ် တအုပ်ပါ
အမျိုးသမီးတွေကိုယ်တိုင် အမျိုးသမီးအချင်းချင်း ကူညီစောင့်ရှောက်နိုင်မှု။ ပြုစုပျိုးထောင်နိုင်မှုတွေ ရှိလာမယ့်နေ့မျိုးကို မျှော်မှန်းတယ်။ ရှိလာအောင်လဲ ကြိုးစားမယ်။ ဒီကနေ့ အမျိုးသမီးတွေကိုယ်တိုင် ကြိုးစားမှု ရှိရှိနဲ့ရှေ့တန်းကိုရောက်လာတာ၊ ဦးဆောင်မှုအပိုင်းတွေ ရောက်လာတာဟာ ကိုယ်ပိုင်အရည်အချင်းတွေကြောင့် ဆိုတာမျိုးကိုပဲ လိုလားပါတယ်။ အမျိုးသမီးတွေအတွက် သီးသန့်ကိုတာ ဆိုတာကို ကျမက လက်မခံချင်သူပါ။
မမသီရိနဲ့ မခင်မင်းဇော်...
ကော်မန့်တွေအတွက် ကျေးဇူး
သီတာလည်း ကော်မန့်တခု ပါဝင်ရေးသားနိုင်အောင် ကြိုးစားဆဲ...
Post a Comment