Wednesday, June 9, 2010

မိုးထစ်ချုန်းခြင်းနဲ့ ပတ်သက်၍



မိုးလေးညိုလာရင် ပို့စ်မှာ မိုးခြိမ်းတာ၊ မိုးကြိုးပစ်တာကို အလွန်ကြောက်ရွံကြောင်း ရေးခဲ့ပါတယ်။ စင်္ကာပူမှာကလည်း အိမ်ထဲ ထိုင်နေရင်းကို မိုးကြိုးက အိမ်ထဲပဲ ဝင်ပစ်တော့မလိုလို ဟိန်းသံဟောက်သံက ကြောက်မခန်းလိလိပါ။ မိုးခြိမ်းရင် မေ့ရဲ့ရင်မှာ ကြောက်စိတ်တွေ ဝင်မိတယ်...ဆိုတဲ့ ကိုင်ဇာရဲ့ "မနိုးပါစေနဲ့ မိုးရယ်" သီချင်းထဲက စာသားလေးလို…

မိုးခြိမ်းသံတွေဟာ ထိပ်လန့်စရာကောင်းတာ မှန်ပေမယ့် လျှပ်စီးလက်ခြင်းကြောင့် လေထုကို ionization ဖြစ်စေပါတယ်။ သဘာဝရဲ့ လေသန့်စင်ဖြစ်စဉ်လို့တောင် ခေါ်လို့ရပါတယ်။ ionized air က လူတွေရဲ့ စိတ်ကို ပေါ့ပါး လန်းဆန်းစေတယ်။ ငြိမ်သက်စေပါတယ်။


မိုးကြိုးထစ်ချုန်းပြီး လျှပ်စီးတွေလက်နေရင် အလွန်အင်အားကြီးတဲ့ လျှပ်စစ် စက်ကွင်းတွေကြောင့် လေထုထဲမှာရှိတဲ့ အောက်စီဂျင်တွေက အမဓာတ်ရှိတဲ့ အိုင်ယွန် - Negative ionizationတွေ ဖြစ်သွားကြပါတယ်။

တကယ်တော့ လျှပ်စီးလက် တာတင်မကပါဘူး။ သမုဒ္ဒရာထဲက လှိုင်းလုံးကြီးတွေ,
သစ်တောတွေကို ဖြတ်တိုက်လာတဲ့ လေညှင်းနုနုလေးတွေ,
ခွန်အားနဲ့ စီးဆင်းနေတဲ့ ရေတံခွန်ကြီးတွေကလည်း
Ionization 
ကိုဖြစ်စေပါတယ်။

ဒီလို Ionize ဖြစ်နေတဲ့ လေကို ရှုရှိုက်တာဟာ သာမန်လေထက် ပိုပြီး လူ့စိတ်ကို လန်းဆန်းစေတယ်။ စိတ်လက် ပင်ပန်းနောက်ကြည့်မှုကို ပယ်ဖျောက် ပေးနိုင်တယ်။ သွေးထဲမှာ အောက်စီဂျင်ဓာတ် ပိုရစေတယ်။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက် အညစ်အကြေးတွေကိုလည်း ပိုပြီး ဖယ်ရှားပေးနိုင်လို့ လူကို ပိုပြီး နုပျိုစေတယ်။

တကယ်တော့ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကိုသာ ဖယ်ရှားတာမဟုတ်ပါဘူး။ လေထုထဲမှာ မျောပါနေတဲ့ ဖုံမှုန့်တွေ, မကောင်းတဲ့ အနံ့အသက်တွေ, ရောဂါပိုးမွှားတွေကိုလည်း အနည်ထိုင်သလို အောက်ကို ကျသွားစေပါတယ်။

အခုတော့လည်း မိုးခြိမ်းသံကြားရင်... ကြောက်စိတ်တွေကြားက ကမ္ဘာကြီးရဲ့ တနေရာမှာတော့ ကောင်းတာတွေ ဖြစ်နေပြီ လို့ စိတ်ညွှတ်ရင်း...  

အော်…ကောင်းဆိုး နှစ်တန် အစုံတွဲလို့ တလဲစီလှည့် အမြဲနေ…
ကိုဧရာက အချက်အလက်တွေ ရှာဖွေစုဆောင်းပေးပါတယ်။
အော်…အစုံတွဲရမယ် ဆိုရင် သူမပါလို့ မဖြစ်ဘူးလေ…:P



 

10 comments:

ချစ်ကြည်အေး said...

ဟမ် အဲဒီလေကို အိမ်ထဲကနေ ထိုင်ရှုလို့ရလား....အဲဒီအချိန် အိမ်ပြင်ထွက်ဖို့ ကြောက်ပါတယ်ဆိုမှ...:)

Rita said...

အဆုံးလေးကို ပိုသဘောကျမိတယ်။

အိမ်ထဲမှာနေရင်တော့ မကြောက်ဘူး မမ။
အပြင်ရောက်နေမှ ကြောက်တာ။
မိုးကြိုးပစ်ခံရတယ် ဆိုတာ နာမည်ဆိုးလွန်းလို့ပါ။
:D

PAUK said...

မိုးချုန်းရင် အပြင်ထွက်လေရှုမှပဲ..
လူကိုပိုနုပျိုစေတယ်ဆိုလို့ပါ..

နဂိုနုပျိုသူ...
ပိုပိုပျို

Anonymous said...

အဲဒီလိုလား အခုမှသိတယ်၊
နောက်လကြရင် ရေတံခွန်ဆီသွားမှာ၊


မိုးခြိမ်းရင်၊ လျှပ်စီးလက်ရင် တယောက်တည်း ရှိမနေချင်ဘူး၊

ဇွန်မိုးစက် said...

စင်္ကာပူက မိုးထစ်ချူန်းသံကြီးတွေ ကြောက်စရာ။
ပုံတွေက မိုက်တယ် မမရာ။
အစုံတွဲ...တဲ့... သဘောကျသွားတယ်။း)

သင်းနွယ်ဇင် said...

လျပ်စီးလက်ပြီဆိုကတဲက နားနှစ်ဖက်ပိတ်ပြီး မျက်လုံးနှစ်လုံးပါပိတ်ထားတာ။ အော်..နုပျိုစေတယ်ဆိုရင်တော့..
ကြောက်တာတွေခဏထားပြီး အဲဒီလေကိုရအောင် ရှူတော့မယ်။း)

:P said...

ဒီလိုလား... မိုးခြိမ်းရင် ပြူတင်းပေါက်က နှာခေါင်းလေးထွက်ပြီး လေရှူဦးမှပဲ။ ပေါက်လိုတော့ တစ်ကိုယ်လုံး မထွက်ရဲဘူး၊ :P

သက်ဝေ said...

တကယ်ကြီးလားဟင်...
တကယ်ကြီးကို နုပျိုမှာလား...
ဒါပေမယ့် အဲ့အချိန်မှာ လေရှုရမှာ
ကြောက်လိုက်ထှာ....း))

ShwunMi- said...

မိုးချုန်းရင် ရုတ်တရက်ဆို လန့်တတ်ပါတယ်.. တခါတလေတော့လည်း သတိမထားမိဘူး..
မိုးရွာရင် တံခါးပြေးပြေးပိတ်နေတာဆိုတော့ အောက်ဆီဂျင်နည်းမှာစိုးတယ်.. တံခါးဖွင့်ပစ်လိုက်မယ် ဒီတစ်ခါ =)

tg.nwai said...

အော်..ဒီလိုကိုး... မိုးထစ်ချုန်းတုန်း လေကိုတော့ သတိတရ ဂရုတစိုက် မရှူဖြစ်သေးဘူး...ရေတံခွန်နားတို့...တောင်ပေါ်မှာတို့မှာတော့ လေရှူရတာ တော်တော်ကောင်းတယ်လို့တော့ သတိထားမိတယ်.. ကျေးဇူးပါပဲ..ဒီစုံတွဲကို...:)