သေကၤယ် သကႋတဗၺာနိ၊ ရေကၡယ်ာ နာဂတံ ဘယံ
ရွံရှာသင့်သည်ကို ရွံရှာရာ၏။ အနာဂတ်ဘေးကို ကာကွယ်စောင့်ရှောက်ရာ၏။
ဧရာ(မန္တလေး)
စာညွှန်း။
ဇာတက-၄၁၂၊ သတ္တကနိပါတ်-ဂန္ဓာရ၀ဂ်-ကောဋသိမ္ဗလိဇာတ်
ကျမ တသက်နဲ့ တကိုယ် ၇တန်းမှာ မြို့နယ်အဆင့် လူရည်ချွန်အရည်အချင်းစစ် စာမေးပွဲ ဖြေခဲ့ရဖူးပါတယ်။ ကျောင်းက ပထမ အစမ်း စာမေးပွဲမှာ ပထမရလို့ပါ။ ဆိုလိုတာက ကျောင်းအဆင့်မှာ လူရည်ချွန်အတွက်ရယ်လို့ သီးသန့်အရည်အချင်းစစ်ခြင်း၊ စခန်းသွင်းလေ့ကျင့်စေခြင်းမျိုး မရှိခဲ့ပါဘူး။ ဟုတ်ပါတယ် လူရည်ချွန်တယောက်ဖြစ်ဖို့ စာတခုတည်း တော်နေလို့ မရပါဘူး။ အထွေထွေ ဗဟုသုတ၊ ဉာဏ်စမ်းနဲ့ ကိုယ်လက်ကြံ့ခိုင်မှု အားကစားများကိုလည်း အစစ်ဆေးခံကြရပါတယ်။ နှစ်ပတ် အလိုမှ အထက-၃ကို ကိုယ်စားပြုပြီး မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ၀င်ရမယ်ဆိုတာကို သိရတာပါ။ ကိုယ်လက်လှုပ်ရှား အားကစားဆိုလို့ ဘုံဘိုင်က လာတဲ့ရေကို တိုင်ကီထဲခပ်ထည့်တာလောက်သာ လုပ်ဖူးတဲ့ ကျမကို အမကြီးနဲ့ အကိုလေးက အိပ်-ထ-မတင် စတင်လေ့ကျင့်ပါတော့တယ်။ တယောက်ကခြေကကိုင်၊ တယောက်က ခေါင်းကမ။ သူတို့ အားနဲ့တော့ ကြွနေတာပဲ။ လွှတ်ထားလိုက်ရင်တော့ ကြမ်းပြင်နဲ့ကျောကပ်နေတာ တလက်မတောင် မကြွတော့ပါဘူး။
ဒီလိုနဲ့ပဲ အားကစားဖြေရမည့်နေ့ ရောက်လာခဲ့ပါတော့တယ်။ အထက-၄ ကျောင်းရှေ့ ကွင်းကြီးမှာ ပွဲဦးထွက်က မီတာ ၁၀၀ ပြေးရတာပါ။ ၃ယောက်ပြေးရတဲ့ အစုမှာ ကျမ ဒုတိယရပါတယ်။ ဒါတောင် လိုက်ပို့တဲ့ အတန်းပိုင်ဆရာမက “ရှေ့ဆုံးက တာထွက်လာတော့ ငါကစိတ်ထဲက တယ်ဟုတ်ပါလား ထင်နေတာ ပန်းလည်းဝင်ရော ပထမနဲ့ အတော်ကြီးကွာကျန်ခဲ့တယ်”လို့ မှတ်ချက်ပေးပါတယ်။ (အဖျားရှူးတတ်တဲ့ ဇာတိတို့ရဲ့ အစပါ)။ ဒီမှာဖြင့် မောလိုက်တာ ငါ့ပေါင်ကြီး ဒီလောက်လေးမှန်း ခုမှသိလို့ ကောင်းတုန်း နောက်တခါ လာပြန်ပြီ လားဟေ့ မီတာ ၄၀၀… အဲ့ဒီကွင်းကို နှစ်ပတ်ပြေးရမှာတဲ့… ။ ပြေးဆိုတော့လည်း ပြေးပေါ့… ။ ကွင်းတပတ်လည်း ပြည့်ရော ပြေးလမ်းကနေချော်ပြီး ဆရာမ ရင်ခွင်ထဲတန်းပြေး.. တရှုံ့ရှုံ့ ငိုရင်း ပါးစပ်ကလည်း တီချယ် သမီးမရတော့ဘူး သမီးမရတော့ဘူးနဲ့ ချွဲပေါ့…။ အခြားစောင့်ရှောက်နေတဲ့ သူတွေက “ဟဲ့ဟဲ့ ဘယ်လိုဖြစ်တာလဲ တပတ်ကျန်သေးတယ်လေ ပြေးဦးလေ… ဆရာမ ဆက်ပြေးခိုင်းဦးလေ”ပေါ့…။ ဆရာမလည်း သံပုရာသီးစိပ် ပါးစပ်ထဲလှမ်းထည့်ပြီး “မရဘူး မရဘူး ကျမသမီး အကြောင်း ကျမသိတယ်” ဆိုပြီး ပွဲလယ်တင့်ရပါတော့တယ်။
ကွင်းပြင်ကြီးထဲမှာတော့ ဒီလိုနဲ့ တစခန်းပြီးလို့ အခြားသော စစ်ဆေးမှုတွေအတွက် အားကစားရုံကြီးဆီ ချီတက်ကြပြန်ပါလေရော။ ပြိုင်ပွဲဝင်သူတွေ အကုန်တန်းစီပြီး အိပ်၊ ရွှီ ကနဲ ခရာမှုတ်တာနဲ့ စတော့ အိပ်-ထ-မတင်။ ပြိုင်ပွဲ ဆိုတဲ့ အသိကြောင့်လား မသိဘူးရှင် တချက်မှကို ကြွမလာတာပါ။ အသာလေးထပြီး ကိုယ့်ဘေးနားက အားတက်သရော လုပ်နေတဲ့ လူတွေကို ငုတ်တုတ်ထိုင် ကြည့်နေလိုက်တော့တယ်။ ဒီအချိန်မှာတော့ မငိုတော့ပါဘူး။ ခုနင်က တ၀ကြီး ငိုပြီးသွားပြီလေ။ ကလေးဆိုတော့ ကောင်းတယ်… ဖြစ်ကြောမရှည်ဘူး။ နောက်တော့ ဒိုက်ထိုးတဲ့။ နှစ်ချက်သုံးချက်တော့ ထိုးခဲ့သေးတယ် မှတ်တာပဲ။ အခြားစစ်ဆေးမှုတွေ တခုနှစ်ခု အပြီး ပြန်လာခဲ့ရတော့ သူတို့ကျောင်းတောင် မဆင်းသေးဘူး။ စာသင်ခန်းတွေနား တမင်တကာ အတင်း ကပ်လျှောက်ပြီး စပ်စုစိန် လုပ်ခဲ့သေးတာ မှတ်မိတယ်။ (ဟုတ်တယ်လေ ဒီလိုကျောင်းတက်ချိန်ကြီးမှာ ကိုယ့်ကျောင်းမဟုတ်ပဲနဲ့ သူများကျောင်း ကော်ရစ်ဒါမှာ လတ်လျားလတ်လျားလုပ်ရတာ နည်းတဲ့ အခွင့်အရေးကြီးလားလို့)။
Result မျှော်တာပေါ့ရှင်…။ ကိုယ်ကောင်းကောင်းမွန်မွန် ဖြေနိုင်ခဲ့တယ် မဖြေနိုင်ခဲ့ဘူးဆိုတာ ကိုယ်ကိုယ်တိုင် အသိဆုံးဖြစ်ပေမဲ့ မျှော်တာကတော့ မျှော်တာပါပဲ။ ဒီလိုနဲ့ မမျှော်လင့်တဲ့ တနေ့မှာ ရပ်ကွက်ထဲက အင်္ဂလိပ်ကျူရှင်မှာ အထက-၄ ကျောင်းသူ တစ်ဦးက သူ မြို့နယ်အဆင့် လူရည်ချွန် အရွေးခံရကြောင်း သူ့သူငယ်ချင်းတွေကို ပြုံးစစနဲ့ ပြောပြနေတာ တစွန်းတစ ကြားလိုက်ရတဲ့ အခါမှာတော့… ကျမလည်း သူတို့ဝိုင်းထဲတိုးဝင်ပြီး “ငါ နင်တို့ကျောင်းမှာ အားကစားလာဖြေတုန်းက နင်လာဖြေတာ မတွေ့ပါဘူး” လို့ မေးမိတယ်။ “အဲ့ဒီနေ့က ငါနေမကောင်း”လို့တဲ့… နောက်သူဘာတွေ ဆက်ပြောနေခဲ့လဲ (တကယ်ပါ) ကျမ မှတ်ဉာဏ်ထဲ လုံးလုံးမရှိတော့လို့ ရေးမပြနိုင်တော့ပါဘူး။ သူ့ကို ကျမ တချိန်လုံး အကဲခတ်နေတယ် သူမျက်နှာ တချက်မပျက်ဘူး…။ ကျမသိပါတယ်.. ကျမလည်း မျက်နှာပျက်မှာ မဟုတ်ပါဘူး။ “နင်က သိပ်တော်တာပဲဟယ်”လို့ အဓိပ္ပါယ် ထွက်တဲ့ သူ့အတွက် ၀မ်းသာတဲ့ မျက်နှာပေးလေး ပေးခဲ့သေးလာတောင် မသေချာပါဘူး။ ပြိုင်ဘက်တွေလို့ ပြောလို့ရတဲ့ အားကစားဖြေတဲ့နေ့ကမှ တနေ့ထဲသာ တွေ့ဆုံခင်မင်ခွင့်ရခဲ့တဲ့ အခြားကျောင်းက သူငယ်ချင်းတွေရဲ့ ကြိုးစားပမ်းစား ပြေးကြ၊ အားတက်သရော ကုန်းကြ ကွကြ၊ အိပ်-ထ-မတင်လုပ်နေကြတာတွေ ပြန်မြင်ရင်း နင်တို့လည်း result ကို မျှော်နေကြတုန်းလား လို့ စိတ်ထဲကနေ စကားတွေ လှမ်းပြောနေမိပါရဲ့။ ကျမတို့တွေဟာ ၇-တန်းဆိုတော့ သိပ်ကို ငယ်ပါသေးတယ် ပြောမလား၊ အသိတရားရှိနေပါပြီလို့ ပြောမလား။ transparency ဆိုတဲ့ အသုံးအနှုန်းကို မသိသေးပေမဲ့ transparency မရှိရင် တရားမျှတမှုမရှိနိုင်ဘူးဆိုတာ ခပ်ရေးရေး သဘောပေါက်နေပြီလို့ ပြောလို့ရပါတယ်။ အဲ့ဒီနောက်တော့ လူရည်ချွန်ရဖူးတယ်ဆိုတဲ့ သူတွေ တွေ့တိုင်း အိပ်-ထ-မတင် လုပ်တတ်လားလို့ တအံ့တသြကြီး လိုက်မေးနေမိတဲ့ ခပ်ကြောင်ကြောင် ကောင်မလေး တယောက်ဟာ မသီတာပဲ ဖြစ်ပါတော့တယ်။
ဒီလိုနဲ့ ငုတ်လျိုးသွားရတဲ့ လူရည်ချွန်ပိုးဟာ ဆယ်တန်း အတန်းတင်စာမေးပွဲ ဖြေတဲ့ ပထမဦးဆုံးနေ့ - မြန်မာစာဖြေတဲ့နေ့ စာမေးပွဲအခန်းထဲမှာ အခါအားမလျော်စွာပဲ ပြန်ပေါ်လာပါတော့တယ်။ ထုံးစံအတိုင်းမေးခွန်းကို အေးအေးဆေးဆေး ဖတ်လာရင်း နောက်ဆုံး အောက်ပါ ခေါင်းစဉ်များမှ ကြိုက်ရာတခု စာစီကုံးပါ ဆိုတဲ့ မေးခွန်းမှာ
ခေါင်းစဉ်(၁) မြန်မာ့သစ်လုပ်ငန်း - သုတ ကိုမေးတာ
ခေါင်းစဉ်(၂) သုတ-ရသ မေးတဲ့ ခေါင်းစဉ်
ခေါင်းစဉ်(၃) “ပျော်ရွှင်ဖွယ် မြင်ကွင်းတခု” တဲ့ ရသ ကို ရေးရမည့် အခက်ဆုံးလို့ ပြောလို့ရတဲ့ဟာ
ကျမလေ လူရည်ချွန်တွေ စခန်းသွားကြရင် ‘ရန်ကုန်ဘူတာကြီးမှ ထွက်ခွာသွားကြပါသည်’ ဆိုတဲ့ သတင်းစာထဲက သတင်းမျိုးမှာ ပါတဲ့ ဓာတ်ပုံ မျက်စိထဲ ဖျောက်မရအောင်လာထင်နေပြီး အခြားမေးခွန်းတွေ ဖြေနေတဲ့ အချိန်လည်း အဲ့ဒီပျော်ရွှင်ဖွယ် မြင်ကွင်းကို ဘယ်လိုရေးချလိုက်မယ် ဆိုတာ တန်းတန်းစွဲရင်း မြန်မာစာ ၆၅-မှတ်ဖြင့် အောင်မြင်ခဲ့ပါတော့တယ်။
မှတ်ချက်။ ။ ၇တန်း အတန်းပိုင် ဆရာမ ဒေါ်ဗစ်တိုးရီးယားလူပါ။ (ခရစ်ယာန် ဘာသာဝင် ကရင်လူမျိုး- မြန်မာ အမည် ဒေါ်ဆိတ်ကျင်) ဆရာမနဲ့ ၆တန်း ၇တန်း နှစ်နှစ်ဆက်တိုက် သင်္ချာ(၂) သင်ခဲ့ရပါတယ်။ အသင်အပြ စည်းကမ်း အလွန်ကောင်းမွန်ပါတယ်။ ကြုံဖူးခဲ့တာလေး ချရေးခြင်းမျှသာပါ။ အရည်အချင်းရှိတဲ့ လူရည်ချွန်တွေ အများကြီးပါ။ ကျမကို ကွန်ပြူတာနဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့၊ အခွင့်ကြုံသလို သွန်သင်ဆုံးမတတ်တဲ့၊ အမအရင်းတယောက်မဟုတ်ပေမဲ့ ကျေးဇူးတရားကြီးမားတဲ့ အမတယောက်ကလည်း လူရည်ချွန် အကြိမ်ကြိမ်ရခဲ့ဖူးသူပါ။
ဟယ် သီဟ...
ဟင် သီရိ...
ဘယ်တုန်းက မြို့ပြန်ရောက်နေတာလဲ
သိပ်မကြာသေးပါဘူး လွန်ခဲ့တဲ့ ၂ပတ်လောက်ကမှပါ အဖေ အသည်းအသန် ဖြစ်လို့လေ
အော် ဟုတ်လား
ဘယ်ကတည်းက ပြန်ရောက်နေတာလဲ
မနေ့ကပဲ ရောက်တယ် အငယ်မ မင်္ဂလာဆောင်လာတာလေ
အော်
...
အချိန်ရတယ် မဟုတ်လား လ္ဘက်ရည်ဆိုင် ဖြစ်ဖြစ် ခဏလောက်ထိုင်ကြတာပေါ့
သွားလေ
လူနှစ်ယောက် လမ်းမပေါ်မှာ မထင်မှတ်ပဲ ဆုံတယ်... သူတို့ဟာ သိဟောင်းကျွမ်းဟောင်းတွေ ဖြစ်ခဲ့ကြပြီး နှစ်အတော်ကြာ အဆက်အသွယ်ပြတ်နေကြပုံပဲ။ သူတို့ရဲ့ အတိတ်က ဆက်ဆံရေးက ဘယ်လိုပုံစံလဲ…ငယ်သူငယ်ချင်းတွေလား…လုပ်ဖော်ကိုင်ဖက်ဟောင်းတွေလား…အဲ.. ငယ်ချစ်ဟောင်းတွေလား???
သိချင်ရင် ဆက်ဖတ်ကြည့်လေ…တကယ့် အဖြစ်အပျက်မှာတော့ သီဟနဲ့ သီရိ မဟုတ်ပါဘူး... Peter နဲ့ Amanda ပါ...
“And so, Peter, did you become a foreign correspondent?”
“Not exactly,”... “I’m a lawyer, believe it or not.”
“You enjoy it?”
“Yes,”...“And you? Are you a world famous artist?”
“Well, …no.”
“So, What are you up to?”
“Nothing much,”... “I’ve tried a few things...”
“So you are not painting at all?”
“Only doors and walls,”
...
“So where are you in London?”
“North,” ...“And you?”
“South. It’s okay, I rent a room.”...“But I’m thinking of buying somewhere. It’s one of the reason I came home. I want to sort things out a bit,”
...
“Oh, Peter, I don’t know why I left that day,”
“It’s all right,” ... “We were young. Young people do things like that all the time,”
“I suppose you’re right.”
...
“Well, I ought to be going,”
“Already? I thought you had time to kill.”
“I did,” ...“But I ought to get back now to help my mother with the wedding.”
“I understand,”... “Shall I give you my phone number. Perhaps we could meet up?”
“perhaps,” “Thanks. Goodbye, Peter.”
“Goodbye, Amanda.”
ကဲ ..သူတို့ ပြောပုံ ဆိုပုံတွေ ကြည့်ပြီး ရိပ်ဖမ်းသံဖမ်းတော့ ရှိလာပြီ မဟုတ်လား…သူတို့က ဇတ်လမ်းတွေ ရှိခဲ့ပုံပဲ…အပြည့်အစုံလေး သိချင်ရင်တော့…
They walked towards Gaby’s, a small café just off the high street. They had spent hours there when they had first met, laughing and holding hands under the table, and discussing their plans for the future over cups of coffee.
“And so, Peter, did you become a foreign correspondent?” she asked, remembering the places they dreamed of visiting together – India, Moroccco, and Australia.
“Not exactly,” he said. “I’m a lawyer, believe it or not”. She looked at his clothes, and she could believe it. They were a far cry from the second-hand shirts and jeans he’d worn as a student. “You enjoy it?” she asked.
“Yes,” he lied. “And you? Are you a world famous artist?” He’d always loved her pictures. He remembered the portrait of herself which she’d painted for him for his twentieth birthday. He still had it.
“Well, …no.” She tried to laugh. She wondered if he still had her self-portrait. She’d stopped painting years ago. He looked at her hair, cascading in dark unruly waves over her shoulders. He could see a few white hairs now, but she was still very beautiful.
“So,” he said. “What are you up to?”
“Nothing much,” she said. “I’ve tried a few things.” She didn’t want to tell him about the succession of temporary jobs that she’d hoped might lead to something more permanent but never had.
“So you are not painting at all?”
“Only doors and walls,” she joked, and he laughed politely. She remembered the evenings they’d spent in the bedsit that they rented together in their last term at college. He’d sit for hours just watching her paint. She filled sketch book after sketch book.
“So where are you in London?” she asked.
“North,” he said. It was a three-bedroom flat in Hampstead. Nice in an empty kind of way. He thought about all the evenings he wished he had someone to come home to.
“And you?” he asked, after a pause.
“South. It’s okay, I rent a room.” She thought of the small room with the damp walls which she rented in an unfashionable part of Clapham.
“But I’m thinking of buying somewhere. It’s one of the reason I came home. I want to sort things out a bit,” she signed, thinking about the letters from him that she’d found in her old bedroom. She’d been reading them only yesterday.
“Oh, Peter, I don’t know why I left that day,” she said at last. He looked up at her.
“It’s all right,” he said, remembering the evening she hadn’t come back to the bedsit.
“We were young. Young people do things like that all the time,” he added, knowing that this wasn’t true, knowing that he hadn’t deserved such treatment. He thought of all the letters he’d sent to her parent’s home. He’d written every day at first, begging her to return or at least to ring him. He’d known even then that he would never meet anyone like her again.
“I suppose you’re right.” She swallowed hard, trying to hide her disappiontment and hurt that he seemed to have no regrets.
“Well, I ought to be going,” she said.
“Already? I thought you had time to kill.”
“I did,” she said, blinking to hold back the tears. “But I ought to get back now to help my mother with the wedding.”
“I understand,” he said, though he didn’t. Surely her parents would understand?
“Shall I give you my phone number. Perhaps we could meet up?”
“perhaps,” she said. He wrote his telephone number on the back of the bill and she tucked it into the zipped compartment of her handbag.
“Thanks. Goodbye, Peter.”
“Goodbye, Amanda.”
Years later, every so often, she still checked that compartment to make sure his number was there.
သင်တန်းမှာ သင်ခဲ့ရတဲ့ Fiona Goble ရဲ့ Things we never said က စာအချို့ပါ။ Perfect tense တွေကို ဆေးရောင်လေးချယ်ပြထားပါတယ်။
ကိုယ့်ရဲ့အစဟာ သူရဲ့သွေးတစက်ပေါ့
ကိုယ့်ရဲ့ ခြေလှမ်းတွေအောက် သူ့လက်ဖ၀ါးတွေ
ကိုယ့်ကိုသူက ချစ်ဖို့မွေးခဲ့တာလေ...
အချိန်မရွေး သူပေးလေတဲ့
မေတ္တာချို စေတနာဆိမ့်
ကရုဏာမွှေး အကြင်နာနွေးတွေ
လှိုင်လှိုင်ကြီး စားသုံး
လူလုံးလည်း လှခဲ့သပေါ့...
ကိုယ့်ရဲ့ ဖြူစင်ခြင်းဟာ သူ့ရဲ့ အသွေးအသား
ကိုယ့်ရဲ့ ရှင်သန်ခြင်းမှာ သူ့ရဲ့ အနစ်နာ
ကိုယ့်ရဲ့ ယုံကြည်ခြင်းက သူ့ရဲ့ အလင်းရောင်
ကိုယ့်ရဲ့ ဖြစ်တည်ခြင်းက သူ့ရဲ့ အမျှော်အမြင်
ကိုယ့်ရဲ့ ရပ်တည်မှုကတော့…
ထောက်တည်ရာမရတဲ့ သူ့အဝေးကအရိပ်
မိန်းမတယောက်ဟာ
ထူးဆန်းတဲ့ ဘ၀တခုကို ပိုင်ဆိုင်ခဲ့ပြီဆိုရင်
အနစ်နာခံခြင်း
ယုံကြည်ခြင်းနဲ့
ချစ်ခြင်းတရားတွေမှာ
တစုံတရာတော့
မှားယွင်းနေခဲ့ပြီလေ...
မျက်ရည်တွေ ခမ်းခြောက်ပါစေတော့ … အမေ။ ။
| နီလ (အပြာ) – Loving kindness, peace and universal compassion |
| ပီတ (အ၀ါ) – The Middle Path – avoiding extremes, emptiness |
| လောဟိတ (အနီ) – The blession of practice – achievement, wisdom, virtue , fortune and dignity |
| သြဒါတ (အဖြူ) – The purity of Dharma – leading to liberation, outside of time and space |
| မဉ္ဇိဋ္ဌ (အမောင်း) – The Buddha’s teachings – wisdom |
ဧရာ (မန္တလေး)
ငယ်စဉ်က အဖိုးအဖွားများရှိရာ မြစ်ဝကျွန်းပေါ် ရွာလေးတရွာတွင် နွေရာသီ ကျောင်းပိတ်ရက်များကို ကုန်ဆုံးရလေ့ရှိ၏။ ရွာသူရွာသားတို့၏ အသက်မွေးဝမ်းကျောင်း အလုပ်မှာ ဆန်စပါးစိုက်ပျိုးခြင်းသာ ဖြစ်၏။ စပါး တမျိုးသာ စိုက်ကြ၏။ အိမ်စားရန် ဟင်းသီးဟင်းရွက်ပင် တပိုင်တနိုင် စိုက်ပျိုးသူမရှိ။ မြေကြီးက စိုက်မရ၍လော၊ စိုက်ကို မစိုက်တတ်ကြ၍လော၊ မိမိဉာဏ်ဖြင့် မမီ၍ လူကြီးများကို မေးကြည့်ဖူးသော်လည်း ရေရာသော အဖြေကားမရ။ မြစ်ဘေးချောင်းဘေး နေသော်လည်း ငါး၊ ပုဇွန် ပေါပေါများများမစားရ။ ၀က်သား၊ အမဲသား.. ချောင်းရိုးထဲတွင် လှေကလေးဖြင့် အော်ရောင်းသူများ၏ သိုးသိုးသံ့သံ့ အသံလေးများသည် ရံဖန်ရံခါမှသာ ကြားရလေ၏။ အိမ်ရှင်မတို့၏ “ဒီနေ့ဘာဟင်းချက်သလဲအေ”့ ဟူသော စကားမျိုးသည် ထိုရွာတွင် ပြောလေ့မရှိ။ ဆိုလိုချင်သည်မှာ ထမင်းဝိုင်းတွင် ပဲ၊ အာလူး၊ ဘဲဥ၊ ငါးပိ၊ ငါးခြောက် စသဖြင့် အခြောက်အခြမ်းများဖြင့်သာပြီး၏။ လေကောင်းလေသန့်တွေရ၊ အချိန်နှင့် ကစား၊ အချိန်နှင့် စားနေ၍ပေလားမသိ ထမင်းဝိုင်းပြင်ချိန်တွင် မဲ့ချင်သလို ဖြစ်မိသော်လည်း ထမင်းအနပ်တိုင်းသည် ရှောရှောရှူရှူဝင်သွားသည်ချည်းသာ။ တခါတော့ မိုးဦးကျတနေ့တွင် အဖွားသည် ကျမတို့အား ငြုပ်သီးစပ်စပ်ဖြင့် ချက်ထားသော အတုံးသေးသေးလေးတွေ တုံးထားသော အသားဟင်း တမျိုးဖြင့် ကျွေး၏။ အစေ့အစေ့လို ပြွတ်တွဲတွဲလေးများလည်း ပါ၏။ အဖွားကို “ဒါဘာဟင်းလဲ” ဟု မေးရာ၊ အဖွားက “ဖားသားဟင်း” ဟု ပြော၏။ ပထမဦးဆုံးအကြိမ်စားဖူးသော ဖားသားဟင်း အရသာကို သေချာမှတ်ရင်း ထမင်းတွေ နှစ်ပန်းကန်လား သုံးပန်းကန်လား စားနေမိသည်။ ထမင်းစားပြီးသောအခါ အဖွားက “သမီး မြိန်လား” ဟု မေး၏။ မြိန်ဟူသော စကားလုံးသည်လည်း ကျမအတွက် မကြားဖူးသော အစိမ်းဖြစ်ပြန်ပါ၏။ စိတ်ထဲမှာ အလျင်အမြန် စဉ်းစားလိုက်သည်။ မြိန်…မြိန်…အသံကြီးကလည်း ဘယ်လိုကြီးမှန်း မသိဘူး၊ မကောင်းဘူး ပြောတာပဲဖြစ်မယ် ဆိုပြီး “မမြိန်ဘူး” ဟု ပြန်ဖြေလိုက်၏။ အဖွားက “သြော်..မြိန်ဆိုတာကို မသိဘူးကိုး” ဟု တိုးတိုးဆိုသောအခါမှ ကျမ အထင်နှင့် အဖြေမှားသွားပြီ ဆိုတာကို သိသွားရပြီး၊ ထိုအချိန်မှစ၍ စားမြိန်သည် ဟူသော စကားအသုံးအနှုံး ဝေါဟာရကို စွဲစွဲမြဲမြဲကြီး မှတ်သားမိရပါတော့သည်။
အိမ်တွင် ကြွက်ရန်မှအေးရန် အမေက ကြောင်မွေး၏။ အမေက ကြောင်တွေကို အသွင်အပြင်၊ အကျင့်စရိုက်နှင့် လိုက်ဖက်စွာ အပျံစား နံမည်တွေ ပေးထားလေ၏။ “ကျည်းတန်မ” တဲ့၊ “ညစ်ပတ်မ” တဲ့၊ “ငကျိုး” တဲ့။ ညစ်ပတ်မ တော်တော်ညစ်ပတ်၏။ အမေကုတင်အောက်မှာ ညတိုင်းလိုလို အီးပါ၍ မနက်မိုးလင်းသည်နှင့် အမေနဲ့ အတူအိပ်သော ကျမ၊ ပျော့ပျော့လေးနဲ့ တော်တော်နံတဲ့ ကြောင်ချေးတွေကို အုန်းဆံဖတ်တွေနဲ့ ကျုံးရပါပြီ။ လေးလေးနက်နက်တွေး၍ ပြတ်ပြတ်သားသား ပြောတတ်သော မိမိ၊ တခါတော့ ကြောင်ချေးတွေ ငုံ့ကျုံးရင်း အနားတွင်ရပ်နေသော အကိုလတ်ကို “သီတာလေ ပါးစပ်ထဲက တံတွေးတွေ ထွက်လာတယ် စားချင်လို့လားမသိဘူး” ဟု ပြောလိုက်ရာ
“ဟာ ဒီကောင်မလေး အဲ့ဒါ စားချင်လို့ သွားရည်ယိုတာ မဟုတ်ဘူးဟဲ့ ရွံလို့ တံတွေး တပျစ်ပျစ် ဖြစ်တာ” ဟုရှင်းပြရလေ၏။ ထိုအချိန်မှ စ၍ ပါးစပ်ထဲတွင် သွားရည်များ ပြည့်လာတိုင်း ဒါကြောင့်လား၊ ဟိုဟာကြောင့်လား ဆိုသည့် ခွဲခြမ်းစိတ်ဖြာတတ်သော အကျင့်သည်လည်း တပါတည်း ရရှိခဲ့ပါလေတော့သတည်း။
(၁၀)ယောက်ပဲ ရေးပါဆို စည်းကမ်းမလိုက်နာတာလည်း အကျင့်ကြီးကိုဖြစ်လို့ (ဆူခံရမှာလည်း ကြောက်ကြောက်နဲ့ပဲ) အလည်ရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲစေသောဝ် ထဲက အားလုံး တွေ့ဖူးချင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ကွန်မန့်တွေ အပြန်အလှန်ရေးလို့ အိမ်လည်ပြီး CBox က အော်တာမျိုးတွေ မရှိပေမဲ့လည်း ပို့စ်လေးတွေ သွားဖတ်မိရတဲ့ သူတွေကိုလည်း တွေ့ဖူးချင်ပါသေးတယ်။
မသီတာရဲ့ ပင်ကိုယ်သဘာဝက sensitive ဖြစ်ပါတယ်။ စိတ်ထားမရှင်းဘူးပေါ့ကွယ်။ စိတ်ကောက်တတ်တယ်။ ကြိတ်ကောက်တယ်။ ဗြောင်ကောက်တယ်။ ဒီ tag ပို့စ်လေးကို ဘလော့ဂါတော်တော်များများရေးပြီးကြပါပြီ။ မသီတာလေးမှာ သွားသွားဖတ်တာပေါ့လေ။ “သီ” ဆိုတာလေးများ ပါမလား။ “တာ” ဆိုတာလေးများ တွေ့မလားနဲ့ပေါ့။ ပို့စ်သာဆုံးသွားရော… စိမ်းကားသူကြီးတွေ… ရက်စက်သူကြီးတွေ… မေ့နိုင်အားသူကြီးတွေကလေ… များကို တွေ့ချင်ကြဘူးတဲ့ (ကောက်ချင်လွန်းလို့ကို လှည့်ယူပလိုက်တာ) သိပ်ဝမ်းနည်းတာပဲ ကွေးနေအောင်ကောက်လိုက်ရတာ၊ စိတ်ထဲက မကောင်းဖြစ်လာလိုက် ထမင်း ထ,စားလိုက်နဲ့ပေါ့။
တဆက်တည်းမှာပဲ မသီတာ ရင်ထဲက တအုံနွေးနွေးကို ချရေးလိုက်ဦးမယ်။ ဘာလဲဆိုတော့ ဆိုပါစို့ ဘလော့တခုကို သွားလည်ပြီး ကော်မန့်တွေရေး၊ ခြေရာတွေ ချပေါ့လေ။ သူ့အိမ်လေးမှာက စည်စည်ကားကားနဲ့ အခြားဧည့်သည်တွေလည်း ရှိတယ်။ (သူ့အိမ်လေးကို ကိုယ်အ၀င်အထွက်ရှိတယ်ဆိုတာလည်း မြင်နေတွေ့နေရတာကိုး) ဘလော့ပိုင်ရှင်တင် နှုတ်ဆက်ပြီး အခြားသူတွေကို Hi မလုပ်နိုင်တော့… မသီတာ စိတ်ထဲ တမျိုးကြီးပဲ…ရှုပ်သွားပြီလား…အဲ့လို ရှင်းကို မရှင်းတာ မသီတာပါပဲ။
ဘလော့ထဲ ခင်နေတာတော့ ဟုတ်ပါပြီ။ အပြင်မှာ တကယ် တွေ့ဖူးပြီးကာမှ ခင်ပါဦးတော့မလား။ အဲ့လိုလည်း စိုးရိမ်မိသေး။ မသီတာက ဆိုးတယ်နဲ့ တူပါရဲ့ အပြင်မှာ ခင်တဲ့လူ လက်ဆယ်ချောင်း မပြည့်ဘူး...
သမ္ဗာဓပဋိပန္နောသ္မိ၊ တဿ မေ သရဏံ ဘ၀ါ။
“Let homage be to you, the Buddha!
O hero, you are everywhere released.
I have fallen into captivity,
So please be my refuge.”
ရဲရင့်သော မြတ်စွာဘုရား၊ အရှင်ဘုရားအား ရှိခိုးပါ၏။
အရှင်ဘုရားသည် အလုံးစုံမှ လွတ်မြောက်တော်မူပြီ။
အကျွန်ုပ်ကား အကျဉ်းအကြပ် ရောက်နေပါ၏။
အရှင်ဘုရားသည် အကျွန်ုပ်၏ ကိုးကွယ်ရာ ဖြစ်တော်မူပါလော့။
“နမောတေဂါထာနဲ့အနက်ကို ဓမ္မဒါန လုပ်ပေးပါနော်” တောင်းဆိုထားလို့ပါ။
လနတ်သားကို ရာဟုဖမ်းတယ်, နေနတ်သားကို ရာဟုဖမ်းတယ်ဆိုတာက လကြတ်ခြင်း, နေကြတ်ခြင်းကို ဆိုလိုပါတယ်။ နေကြတ်ြခင်း, လကြတ်ခြင်းနဲ့ နတ်ဒေ၀တာတွေ ဆက်စပ်မှုကတော့ စဉ်းစားစရာပါပဲ။ သို့သော်လည်း သင်္ကေတပုံရိပ်များရဲ့ နောက်မှာ မြတ်စွာဘုရားရဲ့ “ခန္ဓာ, ကိလေသာ, သင်္ခါရ …” စသဖြင့် အလုံးစုံသော အနှောင်အဖွဲ့များမှ လွတ်မြောက်ခြင်း (၀ိမုတ္တိ)ကို ရည်မှန်းပြီး, မိမိလွတ်မြောက်မှုအတွက် အားကိုး အားထားပြုခြင်း (သရဏဂုံ) ဆိုတဲ့ အဓိက message ကို ယူသင့်တယ်လို့ မြင်ပါတယ်။ အမေရိကန်ဘုန်းတော်ကြီး ဘိက္ခုဗောဓိ ဘာသာပြန်တဲ့ The Connected Discourse of the Buddha ထဲက ဘာသာပြန်ကိုပါ ကူးထည့်ပေးလိုက်ပါတယ်။ ရွတ်ဆိုကောင်းအောင် ရေးစပ်ထားတဲ့ ပါဠိတစ်ချက်-မြန်မာတစ်ချက် နိဿယ ဘာသာပြန်မျိုးကိုတော့ မတွေ့မိသေးပါဘူး။
ရောင်ခြည်တော်ဘုရားပင့်
အင်္ဂီရသဿ ဥဏ္ဏာယ၊ ဒါဌာဟိ သေတရံသိယော၊
ဝဇီရာဝ ၀ိရောစန္တိ၊ ဇိနော မေ ဌာတု သီသကေ။
အင်္ဂီရသဿ -
အယုတ်အလတ် အမြတ်ပိုင်းခြား လွန်ကြိုးစားသည့်
သုံးပါးဆယ်လီ ပါရမီတော် အဟုန်တို့ကြောင့်
ခြောက်ရောင်စုံ ကွန်မြူးလျှက်၊
အင်္ဂီရသ ဆိုတဲ့ ဘွဲ့ထူးကို
အံ့ကြူးခံ့ခိုင် ဘက်မပြိုင်နိုင်အောင်
လက်ကိုင် ရရှိတော်မူသော
ရှင်တော်မြတ်ဘုရားကြီး၏
ဘမုကန္တရေ မျက်ခုံးတော် နှစ်သွယ် အလယ်ဗဟို တည့်တည့်၌
သဉ္ဇာတာယ နုဖြူထွားထွား ကောင်းစွာ ပေါက်ဖွား၍နေသော
ဥဏ္ဏာယ စ -
ဆွဲလို့ဆန့်လျှင် နှစ်တောင်ခန့် ရှည်လျားသဖြင့်
စိန်သားနှစ်အသွင် ငွေနန်းချည် အမျှင်ကဲ့သို့
ဖြူစင်ဝင်းသစ် လက်ျာရစ်ခွေရုံ
စိန်ကြယ်ပွင့် အနေပုံကဲ့သို့
ဥဏ္ဏလုံခေါ် မွေးရှင်တော်ဓာတ်
လွန်ထူးမြတ်သည့် အရပ်တော်တို့မှ၎င်း
ဒါဌာဟိ စ -
ပတ္တမြားခေါင်ရမ်း နှင်းဆီပန်းကဲ့သို့
နီမြန်းသော နှုတ်ခမ်းတော်တို့ဖြင့်
မပေါ်အောင် ဖုံးပိတ်၍ ထားအပ်သော
သွားတော်မြတ်လေးဆယ်
စွယ်တော်မြတ် လေးဆူ
ဖြူရာရာ ဓာတ်တော်ထူးတို့မှ၎င်း
သေတရံသိယော -
ပုလဲအနှစ် စိန်စစ်နမူ
ဘော်ဖြူငွေရွက် ဖြန့်ကျက်စီချယ်
ငွေကြယ်ရောင်သန်း
ကေလာသ ငွေတောင်ကို
နေအရောင်လွှမ်းဘိသကဲ့သို့
မြတ်လေးပန်း စံပယ်ငုံ
ကြာဖြူပွင့် ၀တ်မှုံလို
ပုံပမာကပ်
စိန်တောင်ကို တိမ်အရောင်ဟပ် သကဲ့သို့
တလျှပ်လျှပ် တဖိတ်ဖိတ်
တရိပ်ရိပ် ထိန်ပြောင်ကြည်တဲ့
စိန်ရောင်ခြည်ဓာတ်
ဖြူဖွေးသော အဆင်းတော်မြတ်တို့သည်
ဝဇီရာဝ -
စိန်နှစ်စိန်သွေး
ဖြူဖွေး တောက်ပြောင်
စိန်သားတောင်ကြီးကဲ့သို့
ဝိရောစန္တိ -
ဖူးမြင်ရသူတို့၏ စိတ်၌
အထူးဘ၀င် ကြည်နူးလောက်အောင်
ရွှင်မြူးတက်ကြွ ဘက်မမျှသဖြင့်
လှပဆန်းကြယ်
တင့်တယ်တော် မူပါပေကုန်၏။
သော ဇိနော -
ထူးထွေဆန်းလည်
စိန်ရောင်ခြည် ဓာတ်တို့ကြောင့်
အင်္ဂီရသဘွဲ့ထူး ခံသည့်
ငါးမာရ်အောင်ပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်
မေ -
ခန္ဓာငါးစု ငါဟုသမုတ် အကျွန်ုပ်၏
သီသကေ -
ဦးခေါင်းရတနာ မြတ်အင်္ဂါ၌
ဌာတု -
မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့
ခိုင်ခိုင်မတ်မတ် ရပ်တည်တော်မူလှည့်ပါ့
စိန်ရောင်ခြည်နေ တနှုန်းကဲ့သို့
ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။
မူကွဲများ
ဓမ္မဟေ၀န် - စိန်ရောင်ခြည် ဘုရားပင့်
မင်္ဂလာ သတင်းစဉ် - စိန်ရောင်ခြည် ဘုရားပင့်
လိပ်စာ မြေပုံ အညွှန်း - http://smcmeditation.org/SMC_map.htm
အစီအစဉ် - နံနက် ၉း၃၀ နာရီမှာ အခန်းအနား စတင်ပါမည်။ မြတ်စွာဘုရားနှင့် သံဃာတော်များအား သြကာသကန်တော့ချိုးဖြင့် ညီညာဖြဖြ ရှိခိုးကြပြီး ဆရာတော် ထံမှ ငါးပါးသီလခံယူကြပါမည်။ ဆရာတော်များ ချီးမြှင့်သော ပရိတ်တရားတော်များကို ရိုသေစွာ နာယူကြပြီး၊ ဆရာတော်ထံမှ ဆုံးမသြ၀ါဒ ခံယူကြပါမည်။ နှစ်သစ်ဦးအခါသမယတွင် သတ္တ၀ါအပေါင်းအား ကျန်းမာ ချမ်းသာကြပါစေကြောင်း မေတ္တာပို့သပြီး၊ မိမိတို့ပြုပြုသမျှ ကုသိုလ် အ၀၀အတွက် ဆုတောင်း အမျှပေးဝေကြပါမည်။စတုဒီသာ - http://smcmeditation.org/2009_BNY2.jpg နံနက် ၁၁နာရီမှ စတင်ပါမည်။
သက်ကြီးပူဇော်ပွဲ
ယဉ်ကျေး လိမ္မာ မင်္ဂလာ ကဗျာ
“Foucault ဂိုဏ်းသားတော့ မဟုတ်ပါဘူး။ “ပညတ်”ဆိုတာကိုက ပညတ်ထားတာလို့ လက်ခံရင် သေခြင်းတရားဟာ ပညတ်ဖြစ်နိုင်ပါတယ်။ လူတွေနားလည် (အထူးသဖြင့် ခံစားတဲ့) “သေခြင်း” နဲ့ ဆေးပညာအရသတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အင်္ဂါတွေက အသက်ရှင်နေတဲ့ သူတစ်ယောက်လို အလုပ်မလုပ်တော့ပဲ ရပ်ဆိုင်းပျက်စီးသွားတာဟာ မတူပါဘူး။ ပါဠိစာပေတွေမှာတော့ ပထမသေခြင်းကို “မရဏ” လို့သုံးပြီး၊ ဒုတိယအမျိုးအစား သေခြင်းကို “ကာယဿ ဘေဒါ” ကိုယ်ပျက်စီးခြင်းလို့ သုံးထားပါတယ်။”
ပညတ်လို့ဆိုရင် လူတွေသတ်မှတ်ထားတဲ့ အရာလို့ နားလည်ကြပါတယ်။ အများညီရင် ‘ဤ’ကို ‘ကျွဲ’ဖတ်လို့ရတဲ့ အရာမျိုးလို့ သိကြပါတယ်။ အများညီလို့ ‘ကျွဲ’ လို့အသံကြားတိုင်း ‘ဤ’မှန်းသိရင် ပြီးတာပဲ၊ ရေးကြီးခွင်ကျယ် လုပ်နေစရာမလိုဘူးလို့ အဓိပ္ပါယ်ရပါတယ်။
‘လူ’ ပဲခေါ်ခေါ်၊ ‘human’ ပဲခေါ်ခေါ် လူကိုဆိုလိုမှန်း သိကြပါတယ်။ ဒီနေရာမှာ ‘လူ, human’ စသဖြင့် ဘာသာစကား ဝေါဟာရတွေ, အမည်နာမတွေကို ပညတ်လို့ခေါ်ပါတယ်။ ဒီဝေါဟာရ နာမပညတ်တွေပေါ်မှာ ရေးကြီးခွင်ကျယ်နေစရာ မလိုဘူးပေါ့။ ‘လူ, human’ စသဖြင့် ဖတ်ရရင်, အသံကြားရရင် စိတ်ကူးထဲမှာ ‘လူ’ဆိုတာကို သိပါတယ်။ အဲဒီ စိတ်ကူးထဲမှာ သိလိုက်တဲ့ ‘လူ’ဆိုတာကလည်း ပညတ်ပါပဲ။ “မတ်တပ်ရပ်ပြီး လမ်းသွားတတ်တယ်, တိရစ္ဆာန်တွေထက် အသိဉာဏ်ပိုရှိတယ်, လှုပ်ရှားနိုင်ပေမဲ့ စက်ရုပ်တစ်ရုပ်လို မဟုတ်ဘူး ခံစားနိုင်တယ်။” စသဖြင့် အဓိပ္ပါယ်တွေပေးထားတဲ့ အရာအဖြစ် စိတ်ထဲမှာ သိသွားတယ်။ ဒီပညတ်တွေနဲ့ အပြင်ကအရာတွေကို ကိုယ့်စိတ်ထဲ ကူးယူနိုင်သလို၊ ကိုယ်စိတ်ထဲက အရာတွေကိုလည်း အခြားတစ်ယောက်ရဲ့ စိတ်ထဲကို ကူးပေးနိုင်ပါတယ်။ စိတ်ကူးခြင်းကို ၀ိတက်ဝိစာရ (thinking and pondering) လို့ခေါ်ပါတယ်။ ဒီစိတ်ကူးတွေက ဘာသာစကားရဲ့ အခြေခံ၊ စကားပြောဆိုခြင်းရဲ့ အခြေခံဖြစ်လို့ ၀ိတက်ဝိစာရကိုပဲ ‘၀စီသင်္ခါရ’ (formations of verbal actions) လို့ အဓိပ္ပါယ်သတ်မှတ်ပါတယ်။ စိတ်ကူးဟာ ဘာသာစကားရဲ့ အခြေခံပါ။ စကားဆိုတာဟာလည်း လေတိုက်သံ, လှိုင်းခတ်သံတွေလို အသံသက်သက်မဟုတ်ပဲ စိတ်ကူးကနေ အဓိပ္ပါယ် သတ်မှတ်ချက်တွေ ထည့်ပေးထားတဲ့ အသံတွေပါ။ ‘လူ, human’ စတဲ့ ဘာသာစကား ဝေါဟာရပညတ်တွေပေါ်မှာ ရေးကြီးခွင်ကျယ် မလုပ်ပဲ နေကောင်း နေနိုင်ပေမယ့်၊ အဲဒီဘာသာစကား နောက်က အဓိပ္ပါယ် သတ်မှတ်ချက်တွေ ထည့်ပေးထားတဲ့ အတ္ထပညတ်တွေပေါ်မှာတော့ ရေးကြီးခွင်ကျယ် မလုပ်ပဲ မနေနိုင် ကြတော့ ပါဘူး။ ဒီအတ္ထပညတ်တွေကြောင့်ပဲ ကြည်နူးရ, လွမ်းမောရ, ချစ်ရ, မုန်းရ, စစ်တွေဖြစ်ကြရ မဟုတ်လား။
“ပညတ်သွားရာ ဓာတ်သက်ပါတယ်”ဆိုတဲ့ စကားရှိပါတယ်။ ဒီစကားအဓိပ္ပါယ်က “ကံ့ကော်ပန်းကို ကံကော်ပန်းလို့ ပြောဝယ်ပြီး ဘုရားကပ်တာနဲ့ ကံကောင်းလာလိမ့်မယ်” ဆိုတဲ့ ဗေဒင်ဆရာနဲ့ ဘုရားဈေးပန်းသည်တွေရဲ့ အဓိပ္ပါယ်မျိုး မဟုတ်ပါဘူး။ ဒီနေရာမှာ ‘ဓာတ်’ ဆိုတာက ဘာသာဗေဒ အသုံးအနှုံးပါ။ စကားလုံးဝေါဟာရတွေရဲ့ အနက်ဇစ်မြစ် (Root) ကိုပြောတာပါ။ စကားလုံး ဝေါဟာရ နာမပညတ်တွေရဲ့ နောက်မှာ အနက်အဓိပ္ပါယ် အတ္ထပညတ်တွေရဲ့ အငွေ့အသက်တွေ ပါနေတယ်လို့ ဆိုလိုတာ မျိုးပါ။
ဝေါဟာရအသုံးအနှုံးအရ သေတယ် ပြောပြော, အသက်ထွက်တယ် ပြောပြော “သေခြင်း” ဆိုတဲ့ အနက်အဓိပ္ပါယ်ကို သိကြပါတယ်။ ဘာအဓိပ္ပါယ်လည်းဆိုရင်တော့ လူတွေကိုယ်တိုင် သတ်မှတ်ပေးထားတဲ့ အဓိပ္ပါယ်လို့ပဲ ဆိုရမှာပါ။ အချို့လူများဆို သေစကားပြောသံကြားရရင် “ဟဲ့ နိမိတ်မရှိ မနာမရှိ” လို့ပြောတတ် ကြပါတယ်။ ဝေါဟာရပညတ်တွေကို “သေခြင်း” လို့ စိတ်ထဲ ကူးယူပြီး သိလိုက်ယုံတင် မကပါဘူး၊ သေခြင်းရဲ့ အဓိပ္ပါယ်တွေကို ခံစားယူလိုက်ကြပါတယ်။ သေခြင်းရဲ့ နောက်ကွယ်မှာ “ငါ မသေချင်သေးဘူး” ဆိုတဲ့ စိတ်ကူးတွေ ဆင့်ပွားပြီးယူပါတယ်။ ဒီနေရာမှာ “ငါ” ဆိုတာဟာလည်း လူတွေ အဓိပ္ပါယ်သတ်မှတ်ချက်တွေ ထည့်ပေးထားတဲ့ အတ္ထပညတ်နောက်တစ်မျိုး ပါပဲ။ (related post: သံဝေဂ)
“ငါ” ဆိုတဲ့ မာနကိုပယ်သတ်ထားတဲ့ ဘုရားရဟန္တာတွေမှာတော့ “ငါ သေရမယ်” ဆိုတဲ့ သေခြင်းမျိုး မရှိတော့ပါဘူး။ လူအများစု သိရှိနားလည်ခံစားတဲ့ “ငါ သေရမယ်” ဆိုတဲ့ အနက်အဓိပ္ပါယ်ပွားတွေရှိတဲ့ “သေခြင်း”ဆိုတဲ့ ဝေါဟာရဟာ အာသဝေါကင်းကွာပြီးတဲ့ ရဟန္တာများနဲ့ မသက်ဆိုင်တော့ပါဘူး။
“မွေးဖွားလာပြီး အိုခြင်းသေခြင်းကင်းတဲ့ သူတစ်စုံတစ်ဦး ရှိပါသလား”ဆိုတဲ့ မေးခွန်းကို ကောသလမင်းကြီးက မြတ်စွာဘုရားထံ မေးလျောက်ခဲ့ဖူးပါတယ်။
“မင်းကြီး… အိုခြင်းသေခြင်း (ဇရာမရဏ) ကင်းလွတ်သော မွေးဖွားသူဟူ၍ မရှိ။ ပစ္စည်းဥစ္စာ အလွန်ကြွယ်ဝ ချမ်းသာသော မင်းမျိုးသည်လည်း မွေးဖွားလာပြီးနောက် အိုခြင်းသေခြင်းမှ ကင်းသည်မရှိ။ … ဘ၀သံယောဇဉ် ကုန်ပြီးသော ရဟန္တာသော်မှလည်း ကိုယ်သည် ပျက်စီးခြင်းသဘောရှိ၏။ ပစ်ချခြင်းသဘောရှိ၏” လို့ မြတ်စွာဘုရားက ဖြေကြားခဲ့ပါတယ်။
ဝေါဟာရဆိုတာ ပညတ်တွေပါလို့ဆိုပေမဲ့ သေခြင်းကို လွန်မြောက်ပြီးတဲ့ ရဟန္တာအတွက် ‘မရဏ’ လို့မသုံးပဲ “ကာယော ဘေဒနဓမ္မော နိက္ခေပနဓမ္မော - ကိုယ်သည် ပျက်စီးခြင်းသဘောရှိ၏၊ ပစ်ချခြင်းသဘောရှိ၏” လို့ သုံးစွဲသွားတာကို တွေ့ရပါတယ်။
၁။ သံ-၁-၁၁၄၊ ကောသလသံယုတ်- ပဌမ၀ဂ်- ဇရာမရဏသုတ်
၂။ မ-၁-၄၆၃၊ မူလပဏ္ဏာသပါဠိတော်-စူဠယမက၀ဂ်-စူလဝေဒလ္လသုတ်
Taste of Asia:
Mixed bean thread noodle and cooked shrimp in lettuce cups with chilli,garlic lime dressing."
မသီတာရဲ့ သူငယ်ချင်း "သီတာ" ချက်ထားတာလေး အားပေးကြပါဦး
ဒါကတော့ သူ့ဆီကစာ
Hello my dear Family and Friends,( all over the world)
I wish you all have wonderful, prosperous Burmese New Year.
As I have chance of contesting for the Macy's Culinary Challenge, I tried my best to present myself as food demonstrator.
There must be some weakness and strength.
The contesting period will end at April 10th. It is a great deal to have your support to get highest rating. If I got a lot of 5 star rating I will earn a chance to win.
The clock is ticking and click the attached file and rate and vote for my food presentation uploaded at Macy website.
It will count every single viewer and rating.
Please forward this mail anybody that related to our community and every vote and comment will count.
I appreciate every support that you vote for me and hope that someday I will be the proud culinary host of my country as well as Asia.
Every single vote and rating counts and please support for my chance of fair competition.
I wish you all have Healthy, Happy & Prosperous New Year!
Sincerely,
Thida
View my video by clicking the following link.
http://social.macys.com/keepitcooking/myvideos.html?entry_id=316927
http://social.macys.com/keepitcooking/home.html
If you have problem to view from the link,
Simply go to http://www.macy.com/
when you see the Macy shopping web, click to for the home on the top left side under macy logo
Then you can click the kitchen word on the left side of menu bar.
After that you can click the name : Tyler Florence under the bold print of Related Contents.( end of the left side menu bar)