Friday, February 26, 2016

မေတ္တာခြုံ လုံတဲ့ခရီး - ၆

1 January 2016

နှစ်သစ်ဦး မျက်စိနှစ်လုံးပွင့်တာနဲ့ Shinkansen ကြီးပေါ် ပြုံးစိစိနဲ့ ရောက်နေကြပြန်ပါပြီ
တွေ့တယ်နော် Japan Rail Pass ကို အိတ်ထောင်ထဲ ထည့်ထားတာ...
သွားရင်းလာရင်း ဝေးဝေးကသာ လွမ်းနေရသည့် Fuji San

Gala Yuzawa (Snow Resort)

ရောက်ပြီ ရောက်ပြီ ဆိုတော့ ဘာကိုမှ သတိမရနိုင်တော့လောက်အောင်
Wow... Ohhh... Wharr... တသက်မှာ အရှင်လတ်လတ်ကြီး မြင်လိုက်ရတာ...
Cable Car စီးပြီး တောင်ပေါ်တက်သွားရတယ်
ဒီလိုတွေ စတိုင်ထုတ်ကြည့်ကြသော်လည်း...
ဒါနဲ့သာ အဆင်ပြေ
နှင်းတွေ တဖွဲဖွဲကျ သိပ်သတိရ...
Ski တွေ skate တွေ Blade တွေနဲ့ နာရီအတော်ကြာ ကိုယ်လက်လှုပ်ရှားပြီးတဲ့ အခါ  (အမှန်မှာတော့ Sled ဂေါ်ပြားနဲ့ သာ ပြီးလာ ) Onsen ရေပူစမ်းမှာ စိမ်
ရှက်တတ်တဲ့ ယောက်ျားလေးတွေကတော့ အပြင်မှာဘဲ ထိုင်စောင့်နေကြပါတယ်။
ထုံးစံအတိုင်း ဒါကြီးနဲ့ ပြန်ကြပြန်တယ်
တိုကျို မြန်မာကျောင်းမှာ နှစ်သစ်ဦး ဘုရား တရား သံဃာ ရှိခိုး၊ နဝကမ္မလှူရင်း ကျောင်းထိုင်ဆရာတော်၊ ဝေယျာဝစ္စ အန်တီများနှင့် စကားစမြည် ပြောဖြစ်ခဲ့ပါတယ်။

မေတ္တာခြုံ လုံတဲ့ခရီး - ၅

31 December 2015
Ofuna ကွမ်ရင်မယ်တော်ဆီ ဦးစွာသွားခဲ့ကြပေမယ့် နှစ်သစ်ကူးည ကျင်းပရန် ညနေမှ ဖွင့်မှာမို့ ပိတ်ထားတာနဲ့ ကြုံ ပြီး အဝေးကနေသာ ဂါရဝပြု ဓာတ်ပုံရိုက်ခဲ့ကြရပါတယ်။

Kamakura Daibutsu (Kōtoku-in)
Till drowsy eyelids seem to see
A-flower 'neath her golden htee
The Shwe-Dagon flare easterly
From Burmah to Kamakura;
(Road to Mandalay ရေးခဲ့တဲ့ Rudyard Kipling ရဲ့ Buddha at Kamakura ကဗျာအပိုင်းအစ)

တန်းစီပြီးဝယ်ရတဲ့ ရေဘဝဲကို အပြားလုပ်ပြီး အကျွတ်ကင်ထားတဲ့ Japanese Signature သရေစာကို ဘုရားတန်ဆောင်းက တန်းလျားမှာ တန်းစီထိုင်စားကြတာ ...
Flavor မျိုးစုံ ရေခဲမုန့်တွေက ရာသီအေးအေးမှာ လမ်းသွားရင်း စားကောင်းတဲ့  သရေစာ

Enoshima







နှစ်သစ်ကူးဆုတောင်းပွဲ




ပင်လယ်ကမ်းခြေဆိုတော့လည်း ပင်လယ်စာက စားရပါသေးတယ်


Tokyo ပြန်ရောက်မှ စားတဲ့ New Year Eve Dinner ကတော့ အသားကင် ပါ

Thursday, February 25, 2016

မေတ္တာခြုံ လုံတဲ့ခရီး - ၎

30 December 2015
Kyoto ကနေ မနက်စောစော ထွက်တဲ့ ရထားနဲ့ Nara ကို သွားပါတယ်။

ဒီခရီးမတိုင်မီ အထိ ဂျပန်ဟာ ကျမရင်ထဲ တိုးတိုးဝင်ဝင် မရှိလှသေးပါဘူး။ ရုပ်ဝတ္ထုတွေနဲ့ သာမန်ဆွဲဆောင်မှုမျိုးသာ ရှိခဲ့ပါတယ်။ ဘူတာပလက်ဖောင်းရောက်တော့ ဂိတ်ထိုးထားတဲ့ရထားက ကိုယ်သွားလိုတဲ့ Naraကို သွားမယ့်ရထား မဟုတ်မှန်း ဆိုင်းဘုတ်မှာ ထိုးထားတဲ့ စာတန်းအရသိပါတယ်။ ဒါပေမဲ့ ရထားခေါင်းခန်းထဲက ဆရာကြီးကို "We are going to Nara." လို့ ပြောလိုက်တော့ ဆရာကြီးက ကျမပြောတဲ့ နာရ ဆိုတဲ့ အသံကို ချက်ချင်း မဖမ်းမိပါဘူး... နောက်မှ "အော်... န့ ရာ.." ဆိုပြီး ရထားခေါင်းခန်းထဲက စာအုပ်တအုပ်သွားယူလာပြီး၊ စာအုပ်ထဲက ဇယားမှာ Nara သွားမည့်ရထားထွက်ချိန်ပြပြီး ဒီပလက်ဖောင်းကနေပဲ ထွက်မှာဖြစ်ကြောင်း၊ ဒီကနေပဲ စောင့်နေပါ ဆိုတာကို ဂျပန်လိုပဲ ပြောပါတယ်။ သူ့ရဲ့ မျက်နှာအနေအထား၊ ပြောပုံဆိုပုံ၊ လှုပ်ရှားပုံတို့ဟာ Typical Japanese တယောက်ဆိုတာ အတိအကျပါပဲ။ ခရီးလမ်းတလျှောက်က အိမ်ပုလေးတွေ... ညကကျထားတဲ့နှင်းသီးနေတဲ့ ရိုးပြတ်တွေနဲ့ လယ်ကွင်းတွေ... ဝေလီဝေလင်းက လှပလို့
Nara မှာ အရမ်းအေးနေပါတယ်။ ဘူတာက ထွက်... သွားလိုတဲ့ အရပ်ကို မှန်းဆလို့ မျက်နှာမူ၊ စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ ဆိုတဲ့အထာနဲ့ အားကြိုးမာန်တက် လျှောက်နေကြပါပြီ... မန္တလေးအခေါ် တပြလောက်ရောက်မှ... အဖေကြီးက အိတ်..အိတ်..အိတ်ကြီးရော... ဆိုပြီး ရထားစင်ပေါ်မှာ တင်ထားတဲ့ ကျောပိုးအိတ် မေ့ကျန်ခဲ့တာ သတိရရင်း ဘူတာကို ငယ်ငယ်တုန်းကလို လျင်မြန်သော အရှိန်နဲ့ ပြန်ပြေးတာ..လည်ပင်းမှာ ပတ်ထားတဲ့ မာဖလာ ပြုတ်ကျကျန်ခဲ့တာတောင် မသိပါဘူး...ဆက်လို့သာ ပြေးနေတာကို နောက်ကနေ မြင်နေရတယ်ခင်ဗျ... GYM သွားနေကျဟန်ပန်ရှိတဲ့ အနောက်နိုင်ငံသားတယောက်က ကျသွားတဲ့ မာဖလာကို ကောက်ယူလို့ သူ့နောက်ပြေးပြီးလိုက်ပေး...Nara ဘူတာမှာလေ Action ကား အစောကြီးရိုက်တာ...
ပြန်ရပါတယ် ခင်ဗျာ။ ဒီမှာ ဂိတ်ဆုံးတဲ့ ရထားမို့ တွေ့တဲ့တယောက်ယောက်က အိတ်ကို ရုံးခန်းထဲ ပို့ထားခဲ့လို့သာ နို့မဟုတ်ရင် အိတ်နောက် ကျမတို့လေးယောက် ဘယ်လိုလိုက်ကြရဦးမယ်မသိ။

ငါးထပ်ကြီးဘုရား

Nara Park မှာ သမင်တွေက တင်ပါးကို လိုက်ဝှေ့ပြီး အစာတောင်းတယ်

Todai-Ji Temple
Birushana Buddha (ဝိရောစန ဗုဒ္ဓ) နာရခေတ် ရဟန်းတော် Gyōki (行基?) (668–749) ဦးဆောင်တည်ခဲ့တယ်။ (ပုဂံခေတ်က ရှင်အရဟံ အလားတူ)  အရင်ခေတ်က မင်းတွေက ဗုဒ္ဓဘာသာကို ဂမ္ဘီရဆန်ဆန် ကိုးကွယ်ခဲ့ကြ။ ရဟန်းတော် Gyōki က ဂျပန်ပြည် တနံတလျားသွားပြီး ဘုရားတွေ၊ ကျောင်းတွေဆောက်၊ ဆင်းရဲသူ ဆင်းရဲသားတွေအတွက် ဆေးပေးခန်းတွေ၊ ဆည်မြောင်းတွေ ဆောက်ပေးပြီး၊ ပရဟိတလုပ်ငန်းတွေ လုပ်ခဲ့တယ်။ ဂျပန်ပြည်ရဲ့ ပထမဆုံး မြို့ပြအင်ဂျင်နီယာလို့တောင် သတ်မှတ်ကြတယ်။

အဘယမုဒြာ နဲ့ ဝဒရမုဒြာ
Add caption
Add caption
ဘုရားစောင့် ဘီလူး
အချင်း 1.5m ရှိတဲ့ ဟသာင်္ပြဒါးသုတ် တိုင်လုံးကြီးတွေ တိုင်ချေမှာ ဖောက်ထားတဲ့ အပေါက်ထဲကို ကလေးတစ်ယောက် ဝင်နိုင်တယ်။


Fushimi Inari Shrine
Inari လို့ခေါ်တဲ့ ကောက်ပဲသီးနှံဖြစ်ထွန်းအောင် စောင့်ရှောက်တဲ့ နတ်ရဲ့ နတ်ကွန်း

မြေခွေးက Inari နတ်ရဲ့ စေတမန် - ကောက်နှံတွေကို ကိုက်ထားတဲ့ မြေခွေး ရုပ်တုတွေရှိတယ်

ဟင်္သာပြဒါးအနီးသုတ်ထားတဲ့ တိုင်လုံးမုခ်ဦးတွေ Torii Gates စီထားတဲ့ လမ်း
Arashiyama ဝါးတော
Arashiyama ဝါးတော

သွားလိုရာကို လိုက်ပို့တဲ့ ကိုရွှေရထားတွေ...


Toei Uzumasa Eigamura (Kyoto Studio Park) Theme Park


ရုပ်ရှင်ရိုက်တာကို တခန်းရပ်ပြဇတ်လိုပြပါတယ်။ ကလေးလူကြီး ရယ်လိုက်ရတာ တဝေါဝေါ ပါ။  အမူအယာ ဆူပါကြောင့် စကားနားမလည်တဲ့သူတွေတောင် ရယ်ရပါတယ်။
Ninja Show - ဇာတ်ခုံအဆင်အပြင်နဲ့ သရုပ်ဆောင်ပြတာ မြန်မာပြည်က ဇာတ်ပွဲတွေကို သူတို့လို ဖြစ်စေချင်မိတယ်။

Theme Park ကနေ တက္ကဆီ စီးပြီး Nijo Castle သွားပါတယ်။ တက္ကစီထဲ ထိုင်လိုက်ပြီး Nijo Castle သွားမယ်ဆိုလိုက်ကတည်းက ဒရိုင်ဘာက ဒီအချိန်ဆို ပိတ်ပြီနော်လို့ ပြောပါတယ်။ ကျမတို့က ရပါတယ် သွားမယ်ဆိုတာကို မဟုတ်သေးဘူး...သူက အင်တာနက်ကနေ လှမ်းစစ်သေးတယ်... ကျမတို့က ပိတ်ပါစေ သွားမယ် ဇွတ်လုပ်တော့မှ ပို့တာပါ။ တိကျ မှန်ကန်တဲ့ ကိုဂျပန်တို့ရယ်... (တို့က ဒါမျိုးမှ ကြိုက်တာ)။ ရောက်သွားတော့လည်း ဟုတ်တယ် ပိတ်နေပါတယ်...Renovation အတွက် ပိတ်ထားတာပါ။ အပြင်ကနေပဲ ဓာတ်ပုံရိုက်...
side gate ပါ။ ခေါင်းမိုးစွန်းလေးပဲ မြင်ရတဲ့ castle ကို သွားချင်တာပါ
အနီးက ဘူတာကို သွက်သွက်လျှောက် Shinkansen ကြီးစီးပြီး Tokyo ပြန်ကြတယ်။

မေတ္တာခြုံ လုံတဲ့ခရီး - ၃

29 December 2015

ကျမတို့မိသားစုလေးယောက်တည်း Tokyo ကနေ ၃၂၈မိုင် ဝေးတဲ့ Kyoto မြို့သို့ တနာရီကို မိုင် ၂၀၀ထိ ပြေးတဲ့ Shinkansen (Japanese Bullet Train) ကြီးစီးပြီးသွားပါပြီ…။

နှင်းတွေဖုံးနေတဲ့ ဖူဂျီတောင်ကို ရာသီဥတု အခြေအနေအရ ပိတ်ထားတဲ့အတွက် အဝေးကသာ လှမ်းမြင်ခဲ့ရပါတယ်။

Kyoto ရောက်ရောက်ချင်းမှာ သူငယ်ချင်း ကြိုတင် စီစဉ်ထားတဲ့ Day Tour ရှိရာကားဂိတ်ဆီ (Kyoto ဘူတာ အနီးမှာပဲ ရှိပါတယ်) အယင်သွားပြီး စနည်းနာလိုက်ပါတယ်။ ပြီးတော့မှ ဘူတာကြီးအနားမှာပဲရှိတဲ့  ကြိုတင်ဘွတ်ကင်လုပ်ပေးထားတဲ့ New Miyako ဟိုတယ်ကို ပစ္စည်းတွေ သွားအပ်ပါတယ်။

Tour ကားစီးပြီး ၃ နေရာ ရောက်ခဲ့တယ်။ တိုးဂိုက်က ဂျပန်လို အားပါးတရ ရှင်းပြပေမည့် အများစုက နားမလည်ကြပါဘူး။ သူ့စကား ကိုယ်မသိ၊ ကိုယ့်စကား သူမသိပါပဲ။ ကားပေါ်မှာ ပြတဲ့ ဗွီဒီယို ကိုတော့ English အသံထွက်ကို ရွေးလို့ရတဲ့ transmiter နဲ့ နားကြပ်ပေးပါတယ်။
Kinkakuji (金閣寺, Golden Pavilion) ရွှေကျောင်း
ဂျပန်မှာ လူစည်ကားတဲ့နေရာတွေမှာ selfie stick နဲ့ tripod ကို သုံးခွင့် မပေးပါဘူး။

Kiyomizudera (清水寺, literally "Pure Water Temple")

သံမသုံးဘဲ သစ်သားတွေနဲ့ဘဲ ဆောက်ထား
I love myself when I am being serious,  I love you (my husband) when you are with me , I love you (my two sons) unconditionally.
Otowa Waterfall စမ်းရေကျပါ။ ရေကျ ၃-ခုရှိပါတယ်။ တစ်ခုစီက ကျန်းမာရေး၊ ပညာရေး၊ အချစ်ရေးအတွက် ကံကောင်းတယ်လို့ဆိုပါတယ်။ ဘယ်ရေကျက ဘာကောင်းတယ်တော့ မသိပါ။ တုတ်ချောင်းရှည်ကြီးမှာ တပ်ထားတဲ့ ခွက်နဲ့ ရေကျက ရေကို ခံပြီး သောက်ကြ၊ မျက်နှာကို သပ်ကြတယ်။ ပြန်ထားတဲ့ ခွက်တွေကို ultraviolet နဲ့ ပိုးသတ်ထားတယ်။

Ginkakuji (銀閣寺, Silver Pavilion) ငွေကျောင်း
Kinkakuji ရွှေကျောင်းကို တည်ထားခဲ့သူရဲ့ မြေးဖြစ်သူက ရွှေကျောင်းနဲ့ ပုံစံတူ တည်ခဲ့တာပါ။
Sand Garden