Friday, July 18, 2008

Sonata - Cantata ရဲ့ အတွေးအမြင်

Cantata ရဲ့ အတွေးအမြင်

ကျမ သားကြီးကို ကျူရှင် လိုက်ပို့တာ၊ ဆရာမကို နည်းနည်းစောလွှတ်ပေးဖို့ request လုပ်ခဲ့တယ်။ ကျူရှင်က အပြန် ကျောင်းကို တန်းပြီး Badminton Training သွားရမှာမို့ပါ။

ကျူရှင်က အပြန်၊ ကျောင်းကိုအသွား လမ်းမှာ သားက “သား tournament မဝင်ချင်တော့ဘူး မေမေ။ သားပြိုင်လည်း နိုင်မှာ မဟုတ်ပါဘူး။” “ ဘာဖြစ်လို့လဲသား။ သား ဒီလောက်ပင်ပင်ပန်းပန်း လေ့ကျင့်ထားရတာ။ အချိန်တွေလည်းကုန်။” ဒီတော့ သားက “tournament က November လထဲမှာ မေမေ။ သားတို့ မြန်မာပြည် ပြန်ကြမှာ မဟုတ်လား။ (မနှစ်က မပြန်ဖြစ်၍ ဒီနှစ်ပြန်မည်၊ ဟု သူတို့ ခဏခဏမေးတိုင်း ပြောထားပြီးဖြစ်သည်။) ဒါပေမဲ့ လူစားထိုးဖို့ကလည်း မရှိဘူး။ ဆရာက သားမပါတော့ရင် Good reason ပေးရမယ်တဲ့။”

ခဏကြာတော့ သားက “သားက တစ်ယောက်ထဲပါ၊ သားပြိုင်လိုက်ပါမယ်။” တဲ့…

သား မနှစ်က,စ badminton ကစားပေမဲ့ အတော်ကြီး မဟုတ်တာ ကျမသိပါတယ်။ သားတို့ ကျောင်းက ရပ်ကွက်ထဲက ကျောင်းလေးဖြစ်ပြီး ကျောင်းသားဦးရေ နည်းတာကိုလည်း ကျမသိပါတယ်။ Good reason ပေးရန်လည်း ရှိပါသည်။ ဒါပေမဲ့ သားရဲ့ ဆုံးဖြတ်ချက်ကို ကျမ…
ကျမက “သြော် သားဘက်ကတော့ တစ်ယောက်ထဲဘဲ၊ သားမပါတော့ရင် သူများတွေ အလုပ်ရှုပ်ကြမယ် လို့ ပြောတာလား” ဆိုတော့ သားက “အင်း” တဲ့။
*****
Sonata ရဲ့ အတွေးအမြင်

ကျမ သားငယ်လက်ကို ဆွဲပြီး ခပ်သုတ်သုတ်လျှောက်နေတယ်။ ဘုန်းကြီးကျောင်း ဆွမ်းကပ်သွားမှာမို့ ဆွမ်းစားချိန်အမှီရောက်ဖို့လိုတယ်။ ဆွမ်းပွဲတွေ ပြင်ဆင်ရဦးမှာမို့၊ စောစောရောက်နိုင်လေ ကောင်းလေ အတွေးနဲ့။

ရုတ်တရက် သားက “မေမေ ခဏနေဦး။ သားသားဖိနပ်က ကျွတ်ကျွတ်ထွက်လို့”… မအေ့ခြေလှမ်းကို အမှီ အမြန်ကြီးလိုက်ရရှာလို့ သားရဲ့ ညာဘက်ခြေထောက်က သားရေဖိနပ်လေးက ကျွတ်ထွက်တာပါ။

ခဏကြာတော့ သားက “မေမေ တစ်ခုက ရှေ့ရောက်ရင်၊ ဘာလို့ တစ်ခုက နောက်မှာ ကျန်ခဲ့တာလဲ” တဲ့။ ကျမက ဖိနပ်ကျွတ်ပြန်ပြီ အထင်နဲ့၊ “ဘာလဲသား” လို့ ပြန်မေးတော့။ သားက “ဒီမှာကြည့်” ဆိုပြီး ခြေလှမ်း လှမ်းပြပါတယ်။ ဘယ်ဘက်ခြေထောက်က ရှေ့ကို လှမ်းလိုက်တော့၊ ညာဘက်ခြေထောက်က နောက်မှာ ကျန်ခဲ့တာကို ပြတာပါ။ “တွေ့လား” ဆိုပြီး ခြေလှမ်းတွေ ဆက်လှမ်းပြနေပါတယ်။

ကျမက “သြော်ဒါလားသား” လို့ဘဲ ပြန်ပြောခဲ့ပါတယ်။ ဘာအဖြေမှ မပေးခဲ့ပါဘူး။ သားကလည်း ဆက်မမေးတော့ပါဘူး။


သားငယ်က ငါးနှစ် မပြည့်သေးပါဘူး။ (၁၇.၇.၂၀၀၈ Thursday ၊ ၁၃၇၀ ခု ဝါဆိုလဆန်း ၁၅ ရက် ဝါဆိုလပြည့်နေ့)

7 comments:

Yu Wa Yi said...

သြော်.. သားနှစ်ယောက်ရဲ့နာမည်လေးတွေနဲ့ ဘလော့နာမည်ပေးထားတာပေါ့နော်။
ဟုတ်တယ်မသီတာ၊ ကျွန်မသမီး ၂ယောက်မှာလည်း အငယ်မက အမေးအမြန်တအားထူတာ။ မောင်လူအေးဝတ္ထုထဲက မောင်လူမွှေးအတိုင်းပဲ။ အငယ်တွေက ပို creative thinking, critical thinking ပိုရှိနေတာတွေ့ ရတယ်နော်။ အကြီးမကတော့ ခိုင်းတာလုပ်တာပါပဲ။

sonata-cantata said...

နာမည် အရင်းတွေ မဟုတ်ပါဘူး။ သူတို့ နာမည် အစ စာလုံးတွေနဲ့ Blog နာမည်ကို ရွေးလိုက်တာပါ။
Comment တွေ အတွက် ကျေးဇူးပါ... မယုဝရီ

သက်ဝေ said...

ကလေးငယ်တွေရဲ့  အတွေးအမြင်လေးတွေက တကယ်ကို အပြစ်ကင်းစင်ပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ မိဘတွေရဲ့  နည်းမှန် လမ်းမှန် ဆုံးမသွန်သင်မှုတွေနဲ့  အတူ လေးနက် မှန်ကန်တဲ့ တွေးခေါ်မှုတွေကလဲ သူတို့ လေးတွေအပေါ် သက်ရောက်မှု အလွန်များတာ တွေ့ ရပါတယ်။
အစစအရာရာ ဘက်စုံ အောင်မြင် ထူးချွန်တဲ့ သားနှစ်ယောက်ပိုင်ရှင် မသီတာ ဖြစ်ပါစေ...။

tg.nwai said...

သီတာရေ... ကလေးတွေရဲ. အတွေးတွေ ကို ဖြစ်နိုင်ရင် များများတင်ပေးစေချင်ပါတယ်။ ရိုးသားဖြူစင်သလို စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ တခါက တို.သားကို ပြောခဲ့ဖူးသလိုပေါ့။ သား.. ဘယ်သူဘယ်ဝါကတော့တော်တယ်၊ လိမ္မာတယ်.. သား သူ.ကို အတုယူရမယ်နော် ဆိုတော့... အတု ဆိုတာ မကောင်းဘူးဆို မေမေက အစစ်မယူခိုင်းပဲ ဘာဖြစ်လို. မကောင်းတဲ့ အတုကို ယူခိုင်းရတာလဲ ဆိုတော့... တို.လည်း ....အင်း..ဘာပြောရမှန်း မသိဖြစ်သွားရတယ်လေ..။ ဟဲဟဲ

တန်ခူး said...

Sonata, cantata ညီအကိုလေးက ဒီက မြန်မာအသိုင်းအ၀ိုင်းမှာ စံပြပါ… မိဘဘိုးဘွား သွန်သင်ဆုံးမမှုကို လိုက်နာတတ်တဲ့ မြန်မာပီသတဲ့ မြန်မာကလေးတွေမို့  အားကျမိပါတယ်… သားကို ဘယ်လိုဆုံးမရမှန်းမသိတဲ့အခါ အမျိုးသားကို အမြဲပြောမိတယ်… Sonataတို့ အိမ်နဲ့ နီးရင်ကောင်းမှာပဲလို့ … အတုခိုးစေချင်တာပါ… မ ရေ… နည်းလေးဘာလေးပေးပါဦး….

sonata-cantata said...

သက်ဝေ တောင်းတဲ့ဆုနဲ့ ပြည့်ဝရစေသား။
ကလေး အတွေးတွေ များများရေးခိုင်းတဲ့ မြတ်နိုးနဲ့ သိင်္ဂီရေ ဘာလိုလိုနဲ့ တို့တွေ လူကြီးဖြစ်ရတော့ မှာပါလား။
တန်ခူးရေ အချီးမွမ်း မစောနဲ့ဦး တို့တွေက အခုမှ တာ ထွက်ကာစပဲ ရှိကြသေးတာလေ..နော်

မေအောင် said...

သားတို့ကညဏ်ရည်ထက်မြက်တယ်
ဂုဏ်ယူပါတယ် မသီတာ