သားကြီးက ဒီနှစ် P5 လို့ ခေါ်တဲ့ Primary 5 ပါ။ နောက်နှစ်ဆိုရင် P6… PSLE လို့ ခေါ်တဲ့ Primary School Leave Examination ဖြေရမှာပါ။ ဒီမှာတော့ ကျောင်းသား၊ မိဘ၊ ဆရာ အားလုံး လှုပ်လှုပ်ရွရွနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ စာမေးပွဲတခုပါ။ အခု သားကြီး P5 Semester 2 စာမေးပွဲ ဖြေနေပါပြီ။ ဒီနေ့တော့ သူက “မေမေ သားကို မုန့်ဖိုးပိုပေးလိုက်ပါ…သားတို့ ဆရာမက စာမေးပွဲပြီးတာနဲ့ ကျောင်းမပိတ်ခင်ထိ ရတဲ့ အချိန်မှာ P6 အတွက် Algebra စသင်တော့မယ်တဲ့ သားတို့ကို Book Shop က စာအုပ်ဝယ်ခိုင်းထားတယ်” လို့ ဆိုလာပါတယ်။
ဒီမှာတင် အဖေက “သားတွေ့လား P6 က အရေးကြီးတယ်။ လာလာ သားကို အဖေ Algebra သင်ပေးမယ်..” ဆိုပြီး
“အေး တအုပ်က ‘a’, နှစ်အုပ်ဆိုတော့ ...”
“‘2a’”
“ဗူးတဗူးက ‘b’, နှစ်ဗူးဆိုတော့…”
“‘2b’”
“‘a’ နဲ့ ‘b’ နဲ့ ပေါင်းတော့” ( ‘c’ ဒါက သားငယ်က ဝင်ပြောတာပါ။ ကျမကတော့ သားငယ် အဖြေကို ရီနေရပါပြီ)
သားကြီး - “ဘယ်ပေါင်းလို့ ရမလဲ အမျိုးမှ မတူတာ။ Value ဆိုရင်တော့ ပေါင်းလို့ရတာပေါ့”
“အေး ဟုတ်တယ်”
“အေး ဟုတ်တယ်”
“a + b = b + a ဆိုတာ Mathematic မွာ law လို့ခေါ်တယ်...။ Commutative Law တဲ့”
ဒီမှာတင် သားငယ်က
“Mother in Law ဆိုတာ ဘာတုန်း” လို့ ထမေးပါတော့တယ်။
“(a + b) + c ဟာ a + (b + c) နဲ့ ညီတယ်ဆိုတာကိုရော သားသိလား အဲ့ဒါ အရေးကြီးတယ် Associative Law လို့ ခေါ်တယ် ဒါသိပ်အရေးကြီးတယ်။”
“သိတယ်” ဆိုပြီး ပြောပြောဆိုဆို သားကြီးက အခန်းထဲက ထွက်သွားပါပြီ။
ဒီမှာ တင် ကျမက “ဘာ.. ဘာ.. (a + b) + c = a + (b + c) ဟုတ်လား…”တွေကနဲ ခဏ စဉ်းစားပြီးမှ “အော် တူမှပေါ့ အားလုံးပေါင်းတာကိုး” လို့ ဆိုလိုက်မိတော့…
“မင်းတို့တွေ အဲ့ဒါ ခက်တာပဲ ဘာမဆို လွယ်လွယ်လေး လွယ်လွယ်လေးနဲ့၊ သူများတွေလို အသေးစိတ် သေသေချာချာ ဂဃနဏ စူးစမ်းလေ့လာချင်စိတ်မရှိဘူး။ သူများတွေက တူတယ်ဆိုရင် ဘာ့ကြောင့်တူတယ်ဆိုတာ အရေးတယူ စဉ်းစားနေတဲ့ အချိန်မှာ..” ဆိုပြီး လက်ချာက ကျမဖက်လှည့်လာပါတော့တယ်။
“အောင်မလေးတော် ကျမကလည်း လွယ်တယ်လို့ မပြောပါဘူး။ အပေါင်းမလို့ တူတာပေါ့ လို့ ပြောတာပါ။ အခြား ဟာဆိုရင်တော့ ဘယ်လာတူနိုင်ပါ့မလဲ” လို့ နှုတ်လန်ထိုးလိုက်တော့မှ
“အင်း” ဆိုပြီး ဆရာကြီး ကွန်ပြူတာဖက် မျက်နှာလှည့်ပြီး အသံတိတ်သွားတော့တယ်။
စကားချပ်။ ။ ကျမတို့ လင်မယားကတော့လေ … ဆရာ ဓနုဖြူဆွေမင်းရဲ့ “ဆြာတွတ်နဲ့ မသေးမျှင်” အတိုင်းပါပဲ။
“ဒီမှာ သား စာအုပ်တအုပ် ရှိတယ်။ ဗူးတဗူးလည်း ရှိတယ်။”
“ဟော စာအုပ်တအုပ် ထပ်ထည့်လိုက်မယ်”
“စာအုပ် ဘယ်နှစ်အုပ် ဖြစ်သွားသလဲ?”
သားကြီး က “နှစ်အုပ်”“အေး တအုပ်က ‘a’, နှစ်အုပ်ဆိုတော့ ...”
“‘2a’”
“ဗူးတဗူးက ‘b’, နှစ်ဗူးဆိုတော့…”
“‘2b’”
“‘a’ နဲ့ ‘b’ နဲ့ ပေါင်းတော့” ( ‘c’ ဒါက သားငယ်က ဝင်ပြောတာပါ။ ကျမကတော့ သားငယ် အဖြေကို ရီနေရပါပြီ)
သားကြီး - “ဘယ်ပေါင်းလို့ ရမလဲ အမျိုးမှ မတူတာ။ Value ဆိုရင်တော့ ပေါင်းလို့ရတာပေါ့”
“အေး ဟုတ်တယ်”
“တကယ်က သားတို့ P1 ကတည်းက သင်ပြီးပါပြီ…Triangle ပုံလေးတွေ Rectangle ပုံလေးတွေနဲ့လေ…
Triangle က ဘယ်နှစ်ခု
Rectangle က ဘယ်နှစ်ခု” လို့ ဆက်ပြောပါတယ်… သားကြီးကတော့ ဘယ်အရာမဆို ခပ်ပေါ့ပေါ့ပဲ...သူ့အဖေက ဆက်ပြီး
“‘a’ နဲ့ ‘b’ ပေါင်းတာ ဟာ ‘b’ နဲ့ ‘a’ ပေါင်း တာနဲ့ တူတယ်...ဒီတော့
a + b = …”
“b + a” လို့ သားကြီးက ပြန်ဖြေပါတယ်“အေး ဟုတ်တယ်”
“a + b = b + a ဆိုတာ Mathematic မွာ law လို့ခေါ်တယ်...။ Commutative Law တဲ့”
ဒီမှာတင် သားငယ်က
“Mother in Law ဆိုတာ ဘာတုန်း” လို့ ထမေးပါတော့တယ်။
(ဟုတ်တယ်လေ သူလည်း သူသိတာ သူဝင်ပြောရတာ)
“မေမေ့ကို မေး” ဆိုပြီး အဖေက ဆက်နေပြန်ပါတယ်။“(a + b) + c ဟာ a + (b + c) နဲ့ ညီတယ်ဆိုတာကိုရော သားသိလား အဲ့ဒါ အရေးကြီးတယ် Associative Law လို့ ခေါ်တယ် ဒါသိပ်အရေးကြီးတယ်။”
“သိတယ်” ဆိုပြီး ပြောပြောဆိုဆို သားကြီးက အခန်းထဲက ထွက်သွားပါပြီ။
ဒီမှာ တင် ကျမက “ဘာ.. ဘာ.. (a + b) + c = a + (b + c) ဟုတ်လား…”တွေကနဲ ခဏ စဉ်းစားပြီးမှ “အော် တူမှပေါ့ အားလုံးပေါင်းတာကိုး” လို့ ဆိုလိုက်မိတော့…
“မင်းတို့တွေ အဲ့ဒါ ခက်တာပဲ ဘာမဆို လွယ်လွယ်လေး လွယ်လွယ်လေးနဲ့၊ သူများတွေလို အသေးစိတ် သေသေချာချာ ဂဃနဏ စူးစမ်းလေ့လာချင်စိတ်မရှိဘူး။ သူများတွေက တူတယ်ဆိုရင် ဘာ့ကြောင့်တူတယ်ဆိုတာ အရေးတယူ စဉ်းစားနေတဲ့ အချိန်မှာ..” ဆိုပြီး လက်ချာက ကျမဖက်လှည့်လာပါတော့တယ်။
“အောင်မလေးတော် ကျမကလည်း လွယ်တယ်လို့ မပြောပါဘူး။ အပေါင်းမလို့ တူတာပေါ့ လို့ ပြောတာပါ။ အခြား ဟာဆိုရင်တော့ ဘယ်လာတူနိုင်ပါ့မလဲ” လို့ နှုတ်လန်ထိုးလိုက်တော့မှ
“အင်း” ဆိုပြီး ဆရာကြီး ကွန်ပြူတာဖက် မျက်နှာလှည့်ပြီး အသံတိတ်သွားတော့တယ်။
ဒီကနေ့ သင်ခန်းစာ ဒီမှာတင်ပြီးပါပြီ။ ။
စကားချပ်။ ။ ကျမတို့ လင်မယားကတော့လေ … ဆရာ ဓနုဖြူဆွေမင်းရဲ့ “ဆြာတွတ်နဲ့ မသေးမျှင်” အတိုင်းပါပဲ။
2 comments:
သားငယ်အမေးကိုတော့ သဘောကျလို့ ပြုံးသွားတယ်။ နောက်ဆုံးလက်ချာက အမေ့ဘက်လှည့်လာပါလား။ :)
်မယ်သီတာ နင်ဘယ်လိုမှ kATM ကိုနိုင်အောင် မယှဉ်နိုင်ပါဘူး။
Post a Comment