Wednesday, September 9, 2009

ဘလော့တာ...(၉)

ကိုယ်ဟာ တစုံတခုကို စောင့်နေခဲ့တာဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ကိုယ်စောင့်နေမိတာ အချိန်ဖြစ်နေလို့ပါ...

ကိုယ်ဟာ တစုံတခုကို မကြာခဏ ကြည့်ဖြစ်နေခဲ့တယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ကိုယ်တွေ့တွေ့နေတာ ကိန်းဂဏန်းတွေမို့ပါ...

ကိုယ်ဟာ တစုံတခုကို ပျောက်ဆုံးသွားမှာ စိုးရိမ်နေတယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ကိုယ်ဆုံးရှုံးနေတာ နုပျိုခြင်းတွေ...

ကိုယ်ဟာ တစုံတခုအတွက် နောင်တရနေတယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ရွှင်ပျတဲ့ ဟဒယနဲ့ မွေးဖွားမလာခြင်း(သို့) ရင်းနှီးမနေခြင်း...

ကိုယ်ဟာ တစုံတခုသော အသွေးအမွေးရှိမယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ရာသီလိုက်ပြီး အရောင်ပြောင်းတတ်တာ...

ကိုယ်ဟာ တစုံတခုကို မှီခိုအားထားရတော့မယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
အချိန်မှန်မှန် ဆေးမသောက်တတ်တာ...

ကိုယ်ဟာ တစုံတခုအတွက် စွန့်လွှတ်စွန့်စားဖို့လိုရင်
ဝမ်းနည်းစရာကောင်းတာက
ထုတ်သုံးတဲ့ ဓား.. ကြားဖူးကြရဲ့လား ယိမ်းနွဲ့ပါး တဲ့...

အကောင်းနဲ့ အဆိုး တစုံတခုကိုရွေးရမှာ…
ဝမ်းနည်းစရာကောင်းတာက
ကိုယ်ဟာ အဆွေးအမြေ့တွေနဲ့သာ အသားကျပြီးနေတတ်တာ...

ကိုယ်ဟာ တစုံတခုကို အဖော်ပြုပြီး နေမိတယ်ဆိုရင်
ဝမ်းသာစရာကောင်းတာက
(ဘလော့ဂင်း) blogging နေတတ်တာ…

မသီတာ တပတ်(သို့) နှစ်ပတ်လောက် ပျောက်မယ် ခွင့်ပြုနော်...

17 comments:

pN said...

ဘယ်တွားမို့ရဲ။ :)

မီယာ said...

ဝမ်းနည်းစရာကောင်းတာတွေပဲ ဆက်တိုင်ဖတ်လာပြီး ဘလော့ဂင်း ကျမှပဲ ၀မ်းသာရတော့တယ် မသီတာ...
ပျောက်ပြီး ပြန်လာနော် အားလုံး ၀မ်းသာရအောင် :)

အပြုံးပန်း said...

ဆုံးရူံးနေတာ နုပျိုခြင်းတွေဆိုတာကို
အပြုံးပန်းလည်း မကြာခဏ စိုးရိမ်နေမိတယ်၊

(ဘလော့ဂ်ချစ်သူတွေ ခဏခဏ ပျောက်နေကြတယ်နော်၊ မစူးနွယ်ကလည်း ပျောက်အုံးမှာတဲ့)။

MANORHARY said...

မသီတာ
ကဗျာလေးက လူကိုငြိမ်သက်သွားစေတယ်
ထုတ်သုံးတဲ့ဓါးက ယိမ်းနွဲ့ပါးတဲ့လား....
.....................
(နှစ်ပတ်တောင် ဘာလုပ်မလို့လဲ...း(..မြန်မြန်ပြန် လာခဲ့..)

ရွက်လွင့်ခြင်း said...

အမရေ
ပျောက်ဦးမလို့ လား
မြန်မြန်ပြန်လာနော်
စောင့်နေမယ်

tin min htet said...

လာလာတော့ ဖတ်ပါတယ်၊ တရားတွေချည်းတွေ့နေတာနဲ့
အမြိုက်တရားမနီးတဲ့ ငမိုက်သားကြီး ပြန်ပြန်လှည့်သွားတာ :P

စူး said...

very nice,..

good idea..

တန်ခူး said...

ကဗျာလေးက ကောင်းလွန်းလိုက်တာ… တပိုဒ်ချင်းဆီမှာ ရင်ခုန်သံတွေက ထပ်တူကျနေတယ်…
မ ရေ… တရားဝင်မလို့ လား အိမ်ပြန်မလို့ လား… လွမ်းနေမယ်

rose of sharon said...

ဝမ်းသာစရာလေးရှိနေတာ မင်္ဂလာ တစ်ပါးပါဘဲ

Anonymous said...

သူ..ဘာများလုပ်မလို့ပါလိမ့်..
အင်း..တစ်ခုခုပဲ။ ဟိုဘလော့ဂ်က အစ်မကြီးလိုများလားမသိ။
ဘာပဲဖြစ်ဖြစ်..ကျန်ခဲ့တဲ့သူက လွမ်းနေတော့မှာ။.. ရွှတ်..
mm

မမသီရိ said...

သီတာ.. သီတာ... သီတာ...
ကဗျာလေး ကောင်းလိုက်တာ..
များများ ဆက်ရေး ပါ...
မြန်မြန် ပြန်ခဲ့ပါ...း))

Rita said...

စိတ်ကူးကောင်းလိုက်တာ မမရယ်

သီဟသစ် said...

မမသီတာ
အကြာကြီး မပျောက်ပါနဲ့ဗျို့


ခင်မင်စွာဖြင့်
သီဟသစ်

Blubber said...

ရာသီလိုက်ပြီး ပြောင်းလဲတတ်တာ ကောင်းပါတယ် မ ရယ်.. အလိုက်အထိုက်ပေါ့ :P

အဖွဲ့လေးအရမ်းသဘောကျတယ်

သက်ဝေ said...

အမှန်တရားဟာ တော်တော်ခါးသီးတတ်ပေမယ့် လက်မခံချင်လို့မှ မရတာလေ... နော်...
သီတာ့ရဲ့ အတွေးလေး အရေးလေး ကို တကယ်ပဲ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နှစ်သက် သဘောကျမိပါတယ်...။

ဝမ်းသာစရာ ကောင်းတာက (ဘလော့ဂင်း) နေတတ်တာ…" ဆိုတာလေးကိုတော့ အနှစ်သက်ဆုံးပါပဲ...။

tg.nwai said...

ဝေဖန်ဆန်းစစ်နေတာလား မသီတာ.. ကဗျာလေးက ထိထိမိမိနဲ့ ကောင်းလှပါတယ်..။

ဘယ်တွေ လျှောက်လည်မလို့လဲဟင်။ ပြန်လာရင် စာတွေ အများကြီးပါလာမှာပေါ့..:)

Yu Wa Yi said...

ဝမ်းနည်းစရာကောင်းတာက ဒီမှတ်ချက်လေးရေးနေချိန်မှာ မသီတာက ဘလော့လေးကို ပစ်ထားခဲ့တာ :(