Friday, December 10, 2010

ပုံရိပ်ဟောင်းများ - (၂)


ပုံရိပ်ဟောင်းများနှင့် ပန်းချီ
ကျမတို့ ပထမနှစ်တက်ပြီး မကြာခင်မှာပဲ စက်မှုခန်းမထဲမှာ ပန်းချီပြပွဲလုပ်ပါတယ်။ သူငယ်ချင်းတသိုက် အတန်းအားတိုင်း ပြပွဲထဲမှာ ခြေရှုပ်ပါတယ်။ ပြပွဲမှာ ကားတင်တဲ့ ပန်းချီဆရာကြီးတွေက ပို့စကတ်လေးတွေကိုလည်း တထိုင်တည်း ဆွဲပေးပါသေးတယ်။ အားပေးကြတာပေါ့။ ပုံလေးတွေက ကျောင်းရဲ့ Building 1 ပုံ၊ ဦးလူပေါဂိတ်၊ စွယ်တော်ရွက်လေးတွေ စသဖြင့်ကို အခြေခံအားဖြင့် ဆွဲထားပြီးသားပေါ်မှာ ဝယ်ယူသူအကြိုက် နည်းနည်း ထပ်ဖြည့်ဆွဲပေးပါတယ်။ ရေးချင်တဲ့ စာတွေ ကဗျာတွေ ပို့စ်ကတ်ပေါ်မှာ ရေးပေးတဲ့ ဝန်ဆောင်မှုကိုပါ တပြိုင်တည်း ပေးပါတယ်။ ကျမတို့လည်း အခြားတက္ကသိုလ်က သူငယ်ချင်းတွေကို ပေးဖို့ ဝယ်ကြပါတယ်။ သူများထက်ထူးတာက ပို့စ်ကတ်ပေါ်မှာ ကိုယ်ရေးချင်တဲ့ စာကို ကိုယ့်ဖာသာရေးမယ်ဆိုပြီး ပန်းချီဆရာဆီက ဖောင်တိန်ကို တောင်းယူရေးတာပါ။ ပုံဆွဲတဲ့ Pen လေးတွေက ကျမတို့ သုံးနေကျတွေနဲ့ မတူဘူးကိုး.. Pen လက်ထဲရောက်တော့ စိတ်ကြီးဝင်မိသေးတယ်။ ကိုယ်ဝယ်ထားတဲ့ ကတ်ပေါ် ကိုယ်တိုင်စာချရေးလိုက်တော့ ပန်းချီဆရာကြီးက “လက်ရေးက ပန်းချီလက်ရေးပဲ” လို့ ပြောချလိုက်တော့ ပြုံးလိုက်တဲ့ ကိုယ့်မျက်နှာကြီးကိုယ် တသက်မမေ့ မှတ်မိနေတော့တယ်။ ပန်းချီဆရာကြီးတွေကလည်း  တကျောင်းတည်းသား အစ်ကိုကြီးတွေပဲမဟုတ်လား။ သူတို့တင်ထားတဲ့ ကားတွေက “ဘယ်သူ့ပုံကို ဆွဲထားတာမလား၊ ဘယ်ဝါ့ပုံကို ဆွဲတာမလား” ဆိုတဲ့ မေးခွန်းတွေ အစ်အောက်မေးပြီး ရစ်ခဲ့ကြတာပေါ့…။ အော်… ပုံရိပ်ဟောင်းထဲက ပန်းချီ…

ပုံရိပ်ဟောင်းများနှင့် ဝတ္တု

အဲ့ဒီ စက်မှုခန်းမကြီးထဲမှာပဲ မောင်မယ်သစ်လွင် ကြိုဆိုပွဲ လုပ်တယ်။ နောက်နှစ်တန်းလောက်မှာ ထိုင်နေတဲ့ သစ်လွင်တယောက် ခြေဖမိုးအောက် မျက်စိက တောက်တောက်ဆို ပြုတ်ကျသွားလို့၊ ဟဲ့ကောင်ကလေး နင်နဲ့ငါနဲ့ ရည်းစားဖြစ် ဆိုပြီး စိတ်ကူးတွေ ယဉ်လိုက်တာ… “အချစ်ဆုံးသမား” ဆိုတဲ့ ဘဝမှာ ပထမဦးဆုံးရေးလိုက်တဲ့ ဝတ္တုတို တစ်ပုဒ်ရပါတယ်…။ အော်… ပုံရိပ်ဟောင်းထဲက ဝတ္တုဇတ်လမ်း…

ပုံရိပ်ဟောင်းများနှင့် ကာတွန်း

Building 1 အောက်၊ ပါချုပ်ရုံးခန်း ထွက်ပေါက် အရှေ့၊ ထောင့်လေးမှာ Cartoon Box လေးရှိတယ်နော်။ အသစ်တင်တိုင်း တိုးဝှေ့ ခံစားပလိုက်တာ ကျောင်းသူ ကျောင်းသားတိုင်းရဲ့ ဝတ္တရား။ ပုံရိပ်ဟောင်းထဲမှာ ကိုယ်တဦးတယောက်တည်းနဲ့ ဆိုင်တဲ့ ကာတွန်းလေးတခု ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ Building 1 ကနေ ကင်တင်းဘက်သွားတဲ့ စင်္ကြန်ဘက်ထွက်တဲ့ အပေါက်နားက Notice Board မှာ ကပ်ထားတာကို သူငယ်ချင်းတွေ တွေ့လို့ ဖြုတ်ယူလာခဲ့ကြတာလေ…။
ဆံပင်ကောက်ကောက်
ပိန်ခြောက်ခြောက်နဲ့
စိန်မျောက်မျောက်… ဆိုတဲ့ စာလုံးမဲကြီးတွေနဲ့၊
New Model ပုံစံသစ်ဖြင့် ဝင်လာသူ
ဆိုပြီး ဆွဲထားလိုက်တာ၊ ကျမ ခုံနံပါတ်ပါ ရေးထားလိုက်သေး…။
ဆွဲတဲ့သူ နာမည်ကို ရေးပြီးမှ ဖျက်ထားတယ်။ ရသလောက် ဖတ်ကြည့်လိုက်တာတော့ Section C မှ XXX လက်စွမ်းပြသည်တဲ့။ စနောက်ချင်ဇောနဲ့ ကျမပုံကို မလှမပ ဆွဲထားတာ ဖြစ်ပေမဲ့ ကျမ စိတ်မဆိုးပါဘူး၊ ပုံရိပ်ဟောင်းများထဲက ကာတွန်းလေးအတွက် ကျေးဇူးပါလို့ ဒီနေရာကနေ ပြောလိုက်ပါရစေ စွမ်းအားရှင်ကြီးရေ…။
(၈၈ အရေးအခင်းမှာ ဆန္ဒပြစဉ်က သုံးခဲ့တဲ့ နဖူးစီးတို့၊ လက်ပတ်တို့နဲ့အတူ စက္ကူဗူးလေးထဲ ထည့်သိမ်းထားခဲ့တာမို့ အခု ကိုယ်နဲ့အတူ ရှိမနေပါ။)

ပုံရိပ်ဟောင်းများနှင့် ဂီတ

ကျမတို့ ပဉ္စမနှစ်ရောက်တော့ စက်မှုခန်းမကြီးထဲမှာဗျာ… ပြင်ကြဆင်ကြ လှုပ်လှုပ်ရွရွနဲ့…။ စတိတ်ရှိုးလုပ်မှာ တဲ့။ အဆောင် ကျောင်းသူကျောင်းသားတွေအတွက် Annual Dinner ဆိုလား။ နေ့ ကျောင်းသားများနဲ့ လားလားမှမဆိုင် ဖိတ်စာပါမှ လာရမယ်ဆိုလို့၊ ကျမတို့ ခန်းမရှေ့ အကြိမ်ပေါင်းများစွာ လျှောက်ပြန်သံပေးပြီး ခြေအေးဝမ်းယောင်လာတဲ့အခါမှ ပေစောင်းပေစောင်းနဲ့ နေရပ်ထံသို့ ပြန်ပါလေတော့ ပြန်ခဲ့ရပါလေသတည်းပေါ့။ နေရာ အခက်အခဲကြောင့် Dayသမားတွေ မလာရတာပါဆိုတဲ့ မခိုင်လုံတဲ့ သတင်းရပ်ကွက်က ထွက်လာတဲ့ ကောလဟာလကြောင့်၊ နောက်တနေ့မှာ Civil က သူငယ်ချင်းတယောက် မကျေမနပ်နဲ့ ပြောခဲ့တဲ့ စကား အခုထိ မှတ်မိသေးတယ်။ တို့ Day သမားတွေ စတိတ်ရှိုး အမျိုးသားကဇတ်ရုံမှာ သွားလုပ်မယ်ဟေ့ တဲ့။ မကျေဘူးကွ… စင်ပေါ်တက်ခဲ့တဲ့ ကောင်တွေ မိုက်ရင်ထွက်ခဲ့လို့ ရန်စလိုက်ချင်သေးတော့တယ်။ အဲ့လိုသာဆို ရှေ့ဆုံးက ထွက်လာမှာ … (အခုတော့ အိမ်က လူကြီး လို့ ပိုင်ပိုင်နိုင်နိုင် ခေါ်ခွင့်ရပြီ ဖြစ်တဲ့) ကိုဧရာ…
ဘယ်ဘက်က Bass guitar တီးခတ်နေသူက ကိုဟန်ဇော် ဖြစ်ပြီး ညာဘက်က Lead guitar တီးနေသူကတော့ ကိုသူရချစ်မောင်ပါ။ ကိုဧရာ ဆိုခဲ့တဲ့ သီချင်းရဲ့ မူရင်း အဆိုရှင် က ဆမ်ဆမ် (ကိုဧရာထက် တတန်းကြီးတဲ့ Civil မှ ကိုအောင်ဆန်းမြင့်) ဖြစ်ပါတယ်။ Civil ကပဲ... နောက်ထပ် အဆင်သင့်ပဲဟေ့ ဆိုတဲ့ ပထမဦးဆုံးစီးရီး ထွက်ခဲ့တဲ့ အသံချိုချိုအေးအေးလေးပိုင်ရှင် တူးတူး (ကိုမင်းကျော်သူ)။ အဲ့ဒီစတိတ်ရှိုးမှာ ဆိုချင်လျက် မဆိုဖြစ်လိုက်သူက ကိုဧရာတို့နဲ့ တတန်းထဲသား ဒွေး (ကိုထင်လင်း)။

သူအဲ့ဒီတုန်းက ဆိုခဲ့တဲ့ သီချင်းလေးကို ဂစ်တာတီးပြီး ဆိုပြရင် မသီတာ သိပ်ကြိုက်ပါတယ်။
ခင်ဗျာ.. ခင်ဗျာ.. ကိုဧရာ အသံဖိုင်တင်ပါ… ဟုတ်ကဲ့ မသီတာလည်း ပရိတ်သတ်ကြီးများ ကိုယ်စား တောင်းဆိုပါတယ်။ အဆိုတော်ကြီးက မိုက်မကောင်းဘူး။ အသံသွင်းတာတွေ မကောင်းဘူး။ ဂစ်တာက မကောင်းဘူးနဲ့ ဈေးကိုင်နေပါတယ်။ အမှန်က အသံမကောင်းတော့တာပါ။
အော် ပုံရိပ်ဟောင်းများ ဆိုမှတော့ အိုပြီလေ…။

ပုံရိပ်ဟောင်းများ- (၁)

25 comments:

kay said...

ဟား...မိုုက္တယ္ကြာ..
ပုံရိပ်ဟောင်း ဆိုတာမျိုးက..တူးဆွလေ.. ထွက်လေပဲ နော်..။

ဒါနဲ့..ကြည့်ရတာ..စွမ်းအားရှင်ကြီးကလည်း တကျွန်းတည်းသာ ထင်ပါ့..။း)
အဆိုတော်..ဧရာ က..စီးရီး မထုတ်လိုက်လို့ ပါ။ အနုပညာ နဲ့ စက်မူပညာ ကို..တကန့်စီ ထားလိုက်တာကိုး..။း))

Anonymous said...

ဆံပင်ကောက်ကောက်နဲ့
စိန်မျောက်မျောက် ပန်းချီကို မြင်ဖူးချင်လိုက်တာ..။

ကိုဧရာ အရပ်ရှည်တယ်..။


တူးတူးကို ကြိုက်ခဲ့ဖူးတယ်.။
အခုလဲ ကြိုက်တာပါပဲ..။

ဒွေးလဲ ကြိုက်တယ်..။
အသားညိုလို့..။


ပေါက်
(ကိုဧရာဆိုထားတာ ဖြစ်နိုင်ရင် မတင်ပါနဲ့..
မဖြစ်နိုင်ရင်လဲ မတင်ပါနဲ့...
ဟီးးဟီးး..စတာနော်..
တင်ပါ..တင်ပါ့ )

Anonymous said...

ပုံထဲမှာ ဘယ်ဖက်က ပန်းရောင်ကလွှဲလို့
ကျန်တဲ့၃ယောက်လုံး ဘယ်ဖုံးကြီးး။
ထမီ ပြောပါတယ်.။
ကျနော်က ညာဖုံး။

ပေါက်

အင်္ဂါဟူး said...

အဲ အဲ ... ပုံရိပ်ဟောင်းတွေ ဆိုပြီး... အတိတ်ကို ပြန်ကြည်နူးနေတယ် ပေါ့လေ.. အစ်မ ... ဟုတ်တယ် ဟုတ်...

အင်္ဂါဟူး said...

အဲ...အဲ... ပုံရိပ်ဟောင်း ဆိုပြီး... အတိတ်ရဲ့ ဆွတ်ပျံ့ ကြည်နူးဖွယ်တွေကို တမ်းတ သတိရနေတယ်ပေါ့လေ.. နာ့အစ်မ...


ငြိမ်းချမ်းပါစေ

ရွှေရတုမှတ်တမ်း said...

ပုံရိပ်တွေ တော်တော်ဟောင်းနေကြတယ် ထင်ပါရဲ့..ဘယ့်သူ့ပုံရိပ်ကြည့်ကြည့် မျက်နှာတွေက သဲသဲကွဲကွဲမရှိ..

Anonymous said...

ရောယောင်ကာ အတော်လွမ်းမိသွားပါသည်။
ဂျီဟောသူ ပြန်ရောက်မှ သူ့ကိုဖတ်ခိုင်းပါအုံးမည်။ အမကြီး စိန်မျောက်မျောက် ဆိုရင်တော့ သူသိမည်ထင်ပါသည်။

Anonymous said...

မသီတာက..အပေါ်က ဂြိုလ်လသားစတိုင်လ် အဖြူလေးနဲ့..ထမီပန်းရောင်လေးမဟုတ်လား။

ကိုဧရာလည်း ဖီလင်အပြည့်နဲ့ ဟဲနေတာပဲ။ ။ ဒါနဲ့ အဲဒီအချိန်က အဲဒီသီချင်းကို ဘယ်သူ့ကိုရည်ရွည်ပြီးဆိုတာလည်းလို့ သိပါရစေရှင်။

mm

Anonymous said...

မသီတာ
ညာဖက်ဆုံး ပန်းဖွားလွယ်အိတ်အနီရောင်နဲ့က
သတ္တုဗေဒဌာနက မဟုတ်လား၊
သူ့ရဲ့ လမ်းလျှောက်ပုံကိုသိတယ်၊
မသီတာကတော့ သိလိုက်ပါပြီ။

မသီတာတို့ နှစ်ယောက်လုံး အရပ်ရည်ကြတယ်နော်၊

ဆူးသစ် said...

အစ်မရေ - ကိုသားကြီးက ကိုဧရာနဲ့ တစ်တန်းတည်း ဆိုရင် ဘယ်နှစ်ခုနှစ်မှာ ကျောင်းပြီးတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကျောင်းရောက်တဲ့ အချိန်မှာ ကိုသားကြီးကို မြင်ဖူးလိုက်တယ်။ ကားပတ်ကင်ကနေ ငွေစာရင်းဘက်ကို ဖြတ်သွားတာ တွေ့ဖူးလို့ပါ။ "ကျွန်တော်တို့သည်"မှာ ထည့် ရေးမလို့ပါ။ အဲဒီတုန်းက "ထင်လင်း" ပဲရှိသေးတယ်။ ဒါနဲ့စကားမစပ်၊ ကျွန်တော့်ကို အရှင်လတ်လတ် တွေ့ချင်တယ် ဆိုတဲ့ အစ်မရေ - အစ်မပြောတဲ့ ဆရာကန်တော့ပွဲကို အတတ်နိုင်ဆုံးလာနိုင်အောင် ကြိုးစားပါ့မယ်။

SHWE ZIN U said...

မသီတာ ပုံရိပ်ဟောင်း လေးကိုကြည့်သွားပါတယ်
ကိုဧရာ ရဲ့ အသံလေးကိုလည်း နားထောင်ချင်ကြောင်း တောင်းဆိုပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချစ်ကြည်အေး said...

လွမ်းစရာလေးတွေ တီတာရယ်...
ကိုဧရာကြီး အဆိုကောင်းတာကိုတော့ အန်ဒေါ့စ် ထုပေးသွားတယ်...
လူက အရှည်ဆုံး ထမီက အတိုဆုံး....

ဟိဟိ ဖွသွားတယ်...:P

Sonata Cantata said...

ကေ, ပေါက်, အင်္ဂါဟူး, မသဲမကွဲကျောက်, N/A, mm, အပြုံးပန်း, ဆူးသစ်, မမရွှေစင်, ချစ်ကြည်
အားပေးသူအားလုံးကို ကျေးဇူးပါ။
မသီတာတို့က မြှောက်ပေးတာလေးတွေဆို တသက်လုံး မှတ်ထားတတ်ပါတယ်။ နောက်များမကြာခင် နှစ် နှစ်ဆယ်ကျော်လောက်ကျရင် ဘလော့ဂ်ထဲက ပုံရိပ်ဟောင်းများ ဆိုပြီး ဒီမှတ်ချက်လေးတွေ ပြန်ကိုးကားဦးမှာ...

mmရေ ကိုဧရာက အတေတာ တပ်လိုက် တဲ့။
ညီမလေး အပြုံးပန်း မှန်ပါတယ်ကွယ်။
ဆူးသစ်ရေ ... ကိုဧရာတို့ ကျောင်းပြီးတာက 93
မသီတာက 94 (မသီတာကို မေးလည်း မမေးပဲနဲ့ အဆစ် ဖြေပေးလိုက်တယ်။)

အသံဖိုင် တင်ဖို့ကတော့ အလားအလာ အများကြီးရှိပါတယ်။ ခိုးကူးတွေ ကြောက်လို့ ဆိုင်းငံ့ထားပါရစေ လို့ ပိတ်သတ်ကြီးကို ပြန်ကြားလိုက်ပါတယ်။

မူလပထမလက်ဦးမူပိုင်ရှင်
မသီတာ

ဇွန်မိုးစက် said...

ဇွန်ကတော့ မမသီတာဘယ်သူလဲဆိုရင် ဆံပင်ကို အရင်ကြည့်လိုက်တာပဲ။း))

စက်မှုတက္ကသိုလ်ထွက် အနုပညာရှင်တွေ မခေဘူးနော်။

မူလပထမလက်ဦးမူပိုင်ရှင်တဲ့... အဟိ :D

ပုံ/
သီတာဧရာ ပုံရိပ်ဟောင်းများကြည့်ပြီး ကြည်နူးကျေနပ်စွာ ပြန်သွားသူ

စုချစ် said...

ဟာ... ကျောင်းတုန်းက ဆရာ သီချင်းဆိုတာ လုံးဝ လုံးဝ မသိလိုက်ဘူးတော့... ဟိ... ဒါမှန်းသိ ဟိုတုန်းက သင်္ကြန်ပွဲမှာ အတင်းဆိုခိုင်းလိုက်ရ ကောင်းသား...

အစ်မရေးတာ ဖတ်ပြီး တကယ်ကို လွမ်းသွားပြီ... ကာတွန်းဘောက်စ်မှာ တခါ ပုံဆွဲဖူးတယ်... လှိုင်မ နဲ့ အတူ...
း-)

မ said...

အာ ကလူသစ်ကလဲ ငယ်မှုပြန်၊ နင်ကလဲ ငယ်မှုပြန် ...... ဟီးဟီး
မနေ့က ဒို့ထက် ဆယ်စုနှစ် တစုခွဲကျော်ငယ်တဲ့ ကလေးက အမရေ ကလူသစ် blog ထဲမှာ လွန်ခဲ့တဲ့ ၂၅-နှစ်က RIT အကြာင်းရေးထားတယ်တဲ့။
အဲဒီ ကလူသစ် က အမတို့နဲ့ တနှစ်ထဲလို့ ဖြေလိုက်တော့။ ငါ့ကိုကြည့်တဲ့အကြည့်မှာ ရှေးဟောင်းပစ္စည်းကို မြင်လိုက်သလို တအံသြနဲ့ အဟဲ။ G Hall သူလား။ G Hall က ဘယ်နားမှာလဲ ..... စုံနေတာပဲ ။ အင်း ဘာလိုဘိုနဲ့ ငါတို့လဲ ပြတိုက်ဝင် တွေဖြစ်နေပါပြီ။

rose of sharon said...

ငယ်ငယ်တုန်းက နှစ်ယောက်လုံး ရှည်ရှည်သွယ်သွယ် ချောချောလေးတွေဘဲ :)

သက်ဝေ said...

သီတာရယ်.... လွမ်းစရာတွေ သိပ်ရေးတတ်တာပဲ...
ဖတ်ရင်းလွမ်း... လွမ်းရင်း ဖတ်...

ဒါနဲ့ အပေါ်က မ က ပြောသွားတယ်... ပြတိုက်ဝင်တွေတဲ့...
အားငယ်ထှာနော်....

တလနွန် said...

အားကျစွာ လာဖတ်သွားပါတယ်ခင်ဗျ...
ကျနော်တို့ ခေတ်ကျတော့ မြို့ ပြင်က ကျောင်းတွေမှာ
တက်ရတယ်..:P

ဦးဧရာ တို့  ဟစ်ထားတဲ့ အသံဖိုင်လေး နားထောင်ချင်ပါတယ် :)

လေးစားလျက်
တလနွန်

Sonata Cantata said...

10 Dec 10, 23:58
chan chan: မသီတာ က စိန်မျောက်မျောက်ကိုး သိတာပေါ့ အဲဒီတုန်းက စိန်မျောက်မျောက် နဲ့
10 Dec 10, 23:59
chan chan: အပြိုင်နာမယ်ကြီးတဲ့ ချီးပန်း၊ ပဲပြုပ်၊ နွားနို့ တို့ကိုလဲသတိရတယ်၊ Notice board မှာ ဦးပန်း အသုဘ ကို ချီးပန်း ပြောင်း ရေးသွားတာရောမှတ်မိသေးတယ်
11 Dec 10, 00:00
S-C: မြတ်စွာ ဗုဒ္ဓေါ...
11 Dec 10, 01:08
Pauk: ဘယ်ဖက်ထောင့်က ပန်းရောင်နဲ့လားးး
11 Dec 10, 12:52
mm: စိန်မျောက်မျောက်..ချီးပန်း၊ ပဲပြုပ်၊ နွားနို့ ..ဒီထက် မဟာဆန်တဲ့ နာမည်တွေ မရှိတော့ဘူး။ ဟားဟား

Taungoo said...

အမတို့ စီနီယာတွေ ရေးပြမှပဲ ဆိုင်သာဆိုင် ပိုင်ခွင့်မရခဲ့တဲ့ ကြို့ကုန်းကျောင်းကြီးကို ပိုသိရတော့တယ်။

Unknown said...

အတိတ်က အကြောင်းလေးတွေ သိရတော့ ပျော်စရာလေး တွေပါလား..

ဒါနဲ့ အမရေ ဓါတ်ပုံ ပို့ပေးမလို့ ကျတော့် ဓါတ်ချောစာက

ziam


htoon


@g

tin min htet said...

မကေကို ဒီတတဂ် အကြွေးတင်နေတယ်။ ရေးမယ် ဆိုပြီး ပုံဟောင်းတွေတော့ ရန်ကုန်ပြန်တုန်းက ရှာလာတာပဲ။ စကင်နာက မရှိဘူး ဖြစ်နေတာ။ ခုတော့ မသီတာ ပုံရိပ်ဟောင်းတွေပဲ အရင်စောင့်ကြည့်လိုက်ဦးမယ်။

kay said...

ကိုတင်မင်းထက် ကတော့..အမြဲ နောက်ကျ..(မိန်းထဲ သွားဖို့ က လွဲ ရင်...)း)

Sonata Cantata said...

မသီတာ.. လွမ်းအောင် လုပ်ပြန်ပြီနော်...။ သူများတွေ ပြောပြောနေတဲ့ အဲဒီစတိတ်ရှိုးက မှတ်ဉာဏ်ထဲမှာ ပျောက်နေတယ်... အိမ်ကတယောက်လည်း အဲဒါနဲ့ ပတ်သက်ပြီး ပြောတယ်...ကိုယ့်စိတ်ထဲမှာတော့ မကြုံဖူးသလိုပဲ...ဒါပေမယ့် ကိုဧရာကြီး သီချင်းဆိုတာကိုတော့ သိနေသလိုလို...ဟယ်.. တို့ဆရာက ဒါမျိုးလည်း ရတာပဲလို့ အံ့သြချီးကျူးမိခဲ့လို့လေ...ဟဲဟဲ..


tg

ပန်းချီဆန်တဲ့ လက်ရေးဆိုတဲ့ မှတ်ချက်ကို အပြည့်အ၀ထောက်ခံပါကြောင်း... အော်တိုထဲက လက်ရေးလေး ပို့လိုက်ရမလား...း))