စိန်တွေ၊ ရွှေတွေ ရှိသူတွေက
တဆင်စာအကြောင်း၊ တအောင်စအကြောင်း ပြောကြတယ်။
အိမ်တွေ၊ မြေတွေ ရှိသူတွေက
ဇုန်အကြောင်း၊ ဧကအကြောင်း ပြောကြတယ်။
ကားတွေ၊ ဒေါ်လာတွေ ရှိသူတွေက
မော်ဒယ်လ်အကြောင်း၊ အတတ်အကျအကြောင်း ပြောကြတယ်။
ရာထူးတွေ၊ ဌာနန္တရတွေ ရှိသူတွေက
အလားအလာအကြောင်း၊ အနားယူတဲ့အခါအကြောင်း ပြောကြတယ်။
ဘလော့ဂ်တခု ရှိသူတွေက
အဖော်အပေါင်းနဲ့ ဗြဟ္မစိုရ်ကွန်ယက်အကြောင်း ပြောကြတယ်။
မနာလိုကင်း၊ ဝန်တိုရှင်း၊ လက်ငင်းချမ်းသာ ရပါတယ်။ ။
17 comments:
ဘလော့ဂ်တစ်ခုပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ဝမ်းသာပျော်ရွှင် ကြည်နူးမှုလေးတွေရဲ့ နောက်ကွယ်မှာ တန်ဘိုးမဖြတ်နိုင်တဲ့ အကြောင်းအရာတွေအများကြီး သိရှိခံစားနားလည်လာခဲ့ရတယ် သီတာရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဘလော့ဂ် ရှိသူပဲ လုပ်နော်..
ဖေ့စ်ဘွတ်ခ် ရှိသူ ပါ ..ဖြစ်လာရင်တော့..
လက်ငင်းချမ်းသာ တွေ..ချက်ခြင်း ထွက်ပြေးသွားမယ်..။
း))
ချစ်တဲ့.. ညီမလေး နောက်ပါသည်။
ဘလော့ဂ်တခု အရင်းပြုပြီ အိမ်က ကလေးတွေ မော်ဒယ်ဖြစ်ရတယ်။ဟိ
ဟိုတလောက မမတင်တဲ့ ဗျည်းကဗျာ ဖွင့်မရဘူး။
တီတင့်ကို ကုသိုလ်ကြံဖန်ယူတတ်သူလို့ တွေးနေမိတာ...
ကေရေ..လက်ငင်းချမ်းသာတွေ ချက်ချင်းထွက်ပြေးတယ်လား...သိပါဘူး နေကုန်နေခမ်းတော့ ထိုင်ဖတ်နေတာပဲ...း))
အဲဒါ အမှန်ပဲဗျို့...၊ အဲဒါကြောင့် စိတ်ချမ်းသာစရာ ကောင်းတဲ့ ဗြဟ္မစိုရ် ကွန်ယက်အတွင်းမှာပဲ အိမ်ဖွဲ့ နေ,နေတာ...။း)
>>> ဘလော့ဂါတွေက အထက်ပါအကြောင်းတွေ ပြောရင်တောင်..ဗြဟ္မစိုရ်စိတ်ဓာတ်လေးနဲ့ ပြောတာ... :)
ွှမလာရတာ ကြာလို့
ကွန်ယက်ကနေ နည်းနည်းလွတ်ထွက်နေလို့။
JuneOne ရေ...အဲ့ဒီပို့စ်က ဗွီဒီယိုဆိုတော့ အမတင်တာ အဆင်မပြေဖြစ်သွားတယ်...
နောက်မှ ထပ်တင်ပေးမယ်နော်...ကျေးဇူး
ဘာမှမရှိတဲ့ သူတွေက ဘာမှမရှိတဲ့အကြောင်းတွေပြောကြတယ်း)
အပြုံးရေ...့ကွန်ယက်က မမြင်ရတဲ့ ကြိုးတွေနဲ့ ချည်ထားတာ...း)
မောင်မျိုး...မင်း အမ စိတ် ဘယ်လိုသိတုံး...
အဲ့လိုရေးချင်တာ...ဆင်ဆာမလွတ်မှာစိုးလို့...း)
ဘာအကြောင်းပြောရမှန်းမသိလို့ ဘာအကြောင်းမှ မပြောဘဲ ဖတ်ပြီးပြန်တယ် အမသီတာ
အဲ့ဒါပဲ စစရေ...
မသီတာကိုလေ...ဟိုအကြောင်းမရေးရဘူး ဒီအကြောင်းမရေးရဘူးနဲ့ ပိတ်ပင်နေတဲ့ ကိုဆင်ဆာ အဲလေ ကိုဧရာကို ဂျစ်ချင်လို့ ဒီကဗျာကို ရေးတာ...
ဟုတ်တယ်အေ
ဘာအကြောင်းရေးရမှန်းကို မသိတော့ဘူး
တွေ့တယ်မား...တို့ ကွန်ယက်ထဲက သူတွေက တို့များကို နားလည်ပါ့...း)
haaaaa
ဘလော့တစ်ခုရှိတာ တကယ်ကိုစိတ်ချမ်းသာရပါတယ် ရေးချင်တာရေးလို့ရတယ်။ ဓာတ်ပုံတွေလည်း တင်ချင်တာ တင်လို့ရတယ်း)
Blog က ဆင်ဆာလွတ်တယ်မှတ်တာ... :D :D :D
ခေါင်းစဉ်ပြောင်းပြီး ပြန်တင်ရတာပေါ့ သက်ဝေရယ်
ခပ်တည်တည်ပဲ တို့ကတော့ မလျော့ဘူး:D
ချောကို ... ရာနှုန်းပြည့် ထောက်ခံပါတယ်...:D
Post a Comment