ရေဆိုတာ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းတယ်..တဲ့
ဒါမှလည်း တသွင်သွင် သို့မဟုတ် တဝေါဝေါ ဆိုတဲ့ အသွင်သဏ္ဍာန်ကို ဆောင်နိုင်မယ်…
ကမ္ဘာအပြင်ဘက် ထွက်ကြည့်လိုက်တော့လည်း အဲ့ဒီ ရေတွေ လုံးဝန်းနေလိုက်ပုံများ
သွေးတွေ ခန္ဓာကိုယ်ထဲ လှည့်ပတ် စီးဆင်းနေကြသလိုမျိုး…
ဦးနှောက်က မြစ်ဖျားမခံသလို၊ နှလုံးသားကလည်း နုံးတင်တဲ့ မြေနုမဟုတ်လေဘူး…
အကွာအဝေးတွေ၊ အတိမ်အနက်တွေထက်
အမြန်အနှေးတွေ၊ အပြစ်အကျဲတွေ မတွက်
သည်ရေဟာ … ဖွဲ့စည်းခြင်းသက်သက်
သည်ရေ = ဧရာ
(ကိုဧရာအတွက် မွေးနေ့အမှတ်တရ)

7 comments:
သည်ရေ ကို သည်းရေ လို့ ဖတ်သွားမိတယ် :)
Anonymous..
နောက်တယ်...;) <3
တည်ငြိမ်တဲ့ရေ......သန့်ရှင်းတဲ့ရေကို............အရောင်တွေဆိုးတာ ဘယ်သူလဲဗျို့...... အမတော် အတွက် ထာဝရ မရှိမဖြစ်ရေ.....ဖြစ်ပါစေနောင်တော်ရေ.......:)
စစ ရေ...
ကျေးဇူး...:)
ဇွန့်နားထဲမှာတော့ “ကို...ရေ” ဆိုတဲ့ ခေါ်သံချိုချိုလေး ကြားလိုက်မိသလိုပဲ။ :D
ဟက်ပီးဘီလိတ်တက်ဘတ်ဒေးတူ ကိုဧရာ! :)
Happy Belated Birthday ဧရာရေ...
နှလုံးသားနဲ့ရင်းပြီး ထွက်ကျလာတဲ့ စာစုလေးဖြစ်မယ် စာသားလေးတွေ လှတယ် သီတာ....
ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးချမ်းတဲ့ မိသားစုဘ၀ကို ထာဝရပိုင်ဆိုင်ခွင့်ရရှိပါစေလို့ တောင်းဆုချွေခဲ့ပြီ...
မေတ္တာဖြင့်
အန်တီတင့်
ဇွန်နဲ့ မမတင့်ရဲ့ Belated မွေးနေ့ ဆုတောင်းတွေကြောင့် ထင်တယ်...မွေးနေ့ပြီးမှ ပို ပျော်နေရတယ်...:)
Post a Comment