"ပျော်ပျော်ပါးပါး ကကြီး ကနေ အ အထိ'' တဲ့ သက်ဝေ က တဂ်ပါတယ်။
စာလုံးလေးတွေကို စဉ်းစားရတာနဲ့တင် ပျော်ပါတယ်။
ခ - ခေတ်သစ် အစိမ်းရောင် ကြွေးကြော်သံ ဖြစ်လာတယ်။ (တို့နိုင်ငံက ခေတ်ရှေ့ပြေးနေတယ်။)
ဂ ဃ န ဏ ဆိုတဲ့ စာလုံးက အသေးစိတ်ကြည့်တဲ့ မှန်ဘီလူး
င - ကတော့ ငြိမ်း… ငြိမ်း ကို ငြိမ်းလိုက်ပါ။ ငြိမ်းချမ်းပါစေ ကမ္ဘာမြေ။
စ လုံး- နဲ့ ဆ လိမ်
အစ နဲ့ အဆုံး ကြား
ဇ - ဇွဲ… တလုံးထဲနဲ့ ရှည်လျားတဲ့ အသွင်ဆောင်တယ်။
ဈ - ဈေးကွက်စီးပွားရေး စနစ်မှာ
ည - ညာတာပါတေးတွေနဲ့
ဋ - ဋီကာချဲ့ မနေတော့ပါဘူး
ဌ - ဌေးသူတွေက သူဌေးဆိုရင်
ဍ - ဍရင်ကောက်ပင်တွေကတော့ သစ်ပင်ကြီးတွေပေါ် တွယ်ကပ်ပေါက်တာ မြင်ဖူးတာပဲ။
ဎ -
ဏ -
တ - တုဏှိဘာဝေ
ထ - ထိုင်နေလို့ကတော့
ဒ - ဒီမိုကရေစီ ဆိုတာ
ဓ - ဓနရှင်တွေအတွက်ပဲ
န - နှလုံးသားနဲ့ စစ်တာဝန် (ရုပ်ရှင်နာမည်)
ပ - ပညာ သားပါပါ
ဖ - ဖော်လန်ဖားလိုက်ရ ရင်
ဗ - ဗလ အင်အားပြလို့ ရပြီ
ဘ - ဘိုးတော်ရဲ့
မ - မေတ္တာကြောင့်
ယ - ယဉ်ကျေးမှုနဲ့
ရ - ရိုးရာလည်း
လ - လုံးပါး ပါးပြီ။
ဝ - ၀ံသာနုစိတ်ဓာတ်နဲ့
သ - သယံဇာတတွေကို
ဟ - ဟိုလူကြီးက
ဠ - (ဘာရေးရမှန်းမသိတော့ပါဘူး)
အ - အောင်ပါစေ။ အောင်ကြပါစေ။
14 comments:
ဟားဟားဟား ရီရတာ အူတက်တယ်။
ဝံသာနုစိတ်ဓာတ်နဲ့
သ - သယံဇာတတွေကို
ဟ - ဟိုလူကြီးက
ဠ - (ဘာရေးရမှန်းမသိတော့ပါဘူး) တဲ့..ဟားဟားဟား
အ - အောင်ပါစေ။ အောင်ကြပါစေ ဆိုတဲ့ နောက်ဆုံး “အ” က ဦးတက်ခါး မေတ္တာဝေတယ် ဆိုတဲ့ ကြော်ငြာကို သတိရသွားစေတယ်။ ;D
ဝ - ၀ံသာနုစိတ်ဓာတ်နဲ့
သ - သယံဇာတတွေကို လုံးပါးပါးစေလို့
ဟ - ဟိုလူကြီးတွေ
ဠ - ဠင်းတစာ မိပါစေ ဆိုရင်ကော မမ။
ဟားဟားဟား..
သီတာ...အဟိဟိ...ချိုသင်းပြောတာနဲ့ တို့ ပြောချင်တာ တူတူပဲမို့ ကော်မန့်ဖတ်ပြီးရီမိသေး...၊ ဂဃနဏ နဲ့ အစ အဆုံးက အိုင်ဒီယာ တူနေတယ်ကွာ ၊ သီတာ လက်ဦးမှု ရသွားတယ်...ကတောက်...၊ ကြိုက်တယ်...ကောင်းတယ်၊ တိုကောင်းရီရ....ဟီဟိ....:)
ဝင်ပြီး အာချောင်ခြင်းပါ
ဎ -ဎ ရင်မုတ်လို ခေါင်းသေးသေး ကိုယ်ကြီးကြီး မဖြစ်ဖို့
ခင်တဲ့
seesein
မအောင်ဘူး..
၃၃ မှတ်ပေးတာ.. ၃ မှတ်လျော့တယ်..။း)
ညတွင်းချင်း ရေးပေးတာ ကျေးဇူး သီတာ...
သီတာ့ရဲ့ ထုံးစံအတိုင်း စာလုံးတွေတိုင်းဟာ သွက်သွက်လက်လက်...း))
ချိုသင်းပြောသွားတာ ရယ်ရတယ်...
ဠင်းတစာ မိပါစေ တဲ့... ဟားဟားဟား....
မမသီတာရေ....ရေးထားတာ မိုက်တယ်....အစ်မချိုသင်း ပြောသွားတာလည်း ရီရတယ် :)))
ဂျင်ဂျင်း
ရေးထားတာ တကယ့်ကို ပျော်ပျော်ပါးပါး ကကြီးကနေ အ ပါပဲးD
အ အောင်ပါစေတဲ့လားး))
အောင်ပါစေ အောင်ပါစေ
လာဖတ်တာ နောက်ကျသွားတယ်။
ဟိုလူကြီးတွေက...... ဘာရေးရမှန်းမသိတော့တာ သဘာဝကျပါတယ်။ :)
ရိုးရိုးလေးနဲ့ဖတ်လို့ကောင်းတယ်
အစ်မသီတာရဲ့ တိုတိုလေးနဲ့ ထိထိလေးကို လာဖတ်သွားပါတယ်။
ကော်မန့်ရေးသွားတဲ့ သူငယ်ချင်းတို့ရေ...
တညနဲ့ တနေ့ စဉ်းစားလိုက်ရပါတယ်။
လက်မှိုင်ချပြီး မြန်မြန်လာကယ်ပါဦး ချစ်သူရေ ~~~
မြန်မြန်လာကယ်ပါဦး ချစ်သူရေ ~~~ သီချင်းလေးဆိုလိုက်တော့မှ
ကိုဧရာက ပညာရေး ၀န်ကြီးဌာန၊
မြန်မာစာအဖွဲ့ဦးစီးဌာနက ထုတ်တဲ့
ခရီးဆောင် မြန်မာအဘိဓာန် ဘုတ်အုပ်ကြီး ဆွဲထုတ်လာပြီး စာလုံးတွေ တန်းစီအော်ပေးမှ
ပို့စ်အဖြစ် ရောက်ရပါတော့တယ်။
ဖတ်ရတာ ပျော်စရာပဲ မမရဲ့။း)
ရေးတတ်လိုက်တာ မ ရေ... ၀မ်းစမိုး...ဖြောင်းဖြောင်းဖြောင်း
Post a Comment