Wednesday, November 3, 2010

ပုံရိပ်ဟောင်းများ - ၁

ပုံရိပ်ဟောင်းများ တဲ့ ကေ က တဂ်ပါတယ်။
ဒီတဂ်ပို့စ်ကို အပိုင်းခွဲပြီး ရေးမယ် စိတ်ကူးပါတယ်။

အချို့လူများ မှတ်ဉာဏ် သိပ်ကောင်းပါတယ်။ အချို့ကတော့ မေ့မေ့ပျောက်ပျောက် နေတတ်တဲ့ သဘာဝရှိပါတယ်။ အချို့ကလည်း အစ လေး ဖော်ပေးရတယ်။ အချို့များကျတော့ မှတ်မိနေအောင် ခဏခဏ ပြန်စဉ်းစားနေတတ်တယ်…။

နောက်ဆုံးနှစ်က အော်တို စာအုပ်လေးနဲ့ စ ပါရစေ…။
လာမည့် ဒီဇင်ဘာမှာ ကျင်းပမည့် ဆရာကန်တော့ပွဲ အကြိုလည်း ဖြစ်အောင် ဆရာတို့ရဲ့ အမှတ်တရ စကားလေးတွေကို ဆလိုက်ရှိုးနဲ့ တင်ထားပါတယ်။ စာအုပ်က နောက်ဆုံးနှစ်မှ ထုတ်တာဖြစ်တဲ့အတွက် ပထမနှစ်နဲ့ ဒုတိယနှစ်က ဆရာ၊ ဆရာမတွေရယ်…၊ တတိယနှစ် စတုတ္ထနှစ်က minor ဘာသာသင်တဲ့ ဆရာ ဆရာမတွေရဲ့ အမှတ်တရ ရုပ်ပုံတွေ မပါတော့ပါဘူး။
YIT AutoGraph 1993-94
ဆလိုက်ရှိုးကြည့်ရန် ပုံကို ကလစ်နှိပ်ပါ။
ဘယ်ဆရာတွေက ဘယ်ဘာသာ သင်တယ် ဆိုတာကို ပြန်ပြောင်းအောက်မေ့ သတိရနိုင်အောင် Grading Certificate ကိုပါ တင်ပေးလိုက်ပါတယ်။ ကိုယ်ပိုင် အချက်အလက်တွေကို ဖျက်ထားလိုက်ပေမဲ့ စာသင်နှစ်တွေကိုတော့ ဘယ်လိုဆိုတာ အများသိရအောင် ချန်ထားလိုက်ပါတယ်။

သူငယ်ချင်းတွေ ရေးပေးတဲ့ အထဲကတော့ တခုကိုပဲ တင်လိုက်ပါတော့တယ်။
(ခဲတံနဲ့ ရေးထားတာက ကျောင်းသူ ကျောင်းသားတို့ သဘာဝ အချင်းချင်း နောက်ပြောင်ထားကြတာပါ။)
အော်တိုထဲမှာ ပါတဲ့ ကာတွန်းလေးတွေ…
ကျောင်းတော်သာမှာ သုံးဆောင်ခွင့်ရခဲ့သော ပညာရင်နို့မှ ဖြစ်သောအားကို လောကနှင့် လူသားများ ကောင်းကျိုးအတွက် အသုံးချသူများ၊ အသုံးမချနိုင်သူများ အားလုံးကိုယ်စား ပုံရိပ်ဟောင်းမျာ…. ဆက်ရန်

ပုံရိပ်ဟောင်းများ (၂)

17 comments:

kay said...

ဓါတ်ပုံတွေ ပေါ် တဲ့ ထိ.. စောင့်ဖတ် မယ်..
ဆလိုက်ရှိုး ကြည့်မရဘူး
ကိုဧရာ ပုံပါ ထဲ့နော်..

း)

ကျေးဇူး

မယ့်ကိုး said...

မမတို့ ပုံတွေ လာကြည့်တာ ။စောင့်ရဦးမှာပေါ့နော်း)

Anonymous said...

တင်ကတည်းက လာဖတ်နေ ကြည့်နေတာ..
၃ခေါက်မြှောက်မှပဲ ပြောဖြစ်တော့တယ်..။
စာအုပ်အဖုံးဖုံးတာကြည့်ချင်းအားဖြင့်..
သေချာ သပ်ရပ် စည်းကမ်းကြီးသူ
တစ်ယောက် ဖြစ်မယ်ထင်တယ်။
ပြောလို့သာ ပြောရတာ ကျနော်လည်း
ခခ စာအုပ်ဖုံးတွေ မဖုံးထားရင် စိတ်တိုတယ်.။
ဒီမှာ စာအုပ်ဖုံးအတွက် ပလတ်စတစ်ဖုံးလေးတွေ
ကာတွန်းပုံလေးတွေနဲ့ ရောင်းတယ်လေ..။
ကာတွန်းတွေ ဆွဲထားတာလဲ ရယ်ရတယ်..

စောင့်မျှော်အားပေးနေပါတယ်..။
ခရီးကအပြန် ဓါတ်ပုံတွေရော မတင်ဘူးလား..။


အဝေးမှ အားကျနေသူတစ်ဦး..။
(အမည်မဖေါ်လိုသူ)

Anonymous said...

ပြောဖို့မေ့သွားလို့..
ကို မင်းကိုကိုလက်ရေးကတော့ ဝိုင်းလွန်းလို့
ကွေ့ကောက်နေတယိ..
မိန်းမလက်ရေးကျနေတာပဲ..။
မလှဘူး..။


အမည်မဖေါ်လိုသူတစ်ဦး
ဟီးဟီး

ဇွန်မိုးစက် said...

မရေ... တဂ်ပို့စ်လေးက စိတ်ဝင်စားစရာပဲနော်။ ဇွန် တရားစခန်းကပြန်ထွက်လာမှပဲ ဓာတ်ပုံတွေ တ၀ကြီး လိုက်ကြည့်မယ်။း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကာတွန်းလေးတွေ သဘောကျသွားတယ်...
ပျောက်နေတယ်ထင်တာ ခရီးထွက်နေတာကိုး
အတွေ့အကြုံလေးတွေ အများကြီး ရခဲ့ပြီထင်တယ်
ခရီးကနေ...
ဆက်ရန်ကို စောင့်နေပါဦးမယ်..

ဆောင်း said...

ကာတွန်းဖတ်ပြီး ရယ်သွားတယ် မသီတာရေ

Sonata Cantata said...

ဆက်လက် အားပေးကြပါဦးနော်


ပေါက်ရေ
အယင်တုန်းကတော့ မစေ့စပ် မသေချာ မတိကျ ကြီးပေါ့
အခုတော့လည်း
ဒေါ်ဗြဲလယန်း ဒေါ်အပလာ ဒေါ်၁၀၉ ၁၁၀ ကြီးဖြစ်နေတာ ကြာပါပေါ့...း)

တလနွန် said...

ဝိုင်အိုင်တီ တက်ခဲ့ဖူးတဲ့ နောင်တော် အစ်မတော် ကြီးတော် တွေကို အားကျလျက်ပါ...:)

ကျနော်တို့ အလှည့်ကျတော့ ဝိုင်အီတီ မရှိတော့ဘူးးး
ဲ့ မြို့ ရွာအနှံ့ မှာ ရှိတဲ့ ဂျီတီစီ ကျောင်းတော်မှာ
တက်ခဲ့ရတယ် :(

ခင်မင်လျက်
တလနွန်

Crystal said...

ရာသီက ချမ်းချမ်းအေးအေးမှာ ပိုစ့်က လွမ်းတေးတွေသီနေတော့ မယ့်ရင်ခွင်မှာ မနွေးနိုင်၊ ဒီဖြစ်အင်ကို မှန်းဆကာ ကြည့်ပါတော့ ဟမယ်လေးးးးးးးး(7 11)ရောက်တော့မယ်.... :)

မာလာ said...

မသီတာရေ.. Auto လေးတွေပြန်ဖတ်ရတာ..လွမ်းဖို့ လည်းကောင်း.. ကြည်နူးဖို့ လည်းကောင်းပေါ့။ ကျွန်မတို့ ကျောင်းရောက်တော့ ၉၅ ပါ။
အစ်မတို့ လောက်ပျော်စရာမကောင်းတော့ပါ။

လသာည said...

မမသီတာ..
တက္ကသိုလ်အလွမ်းပြေလေး ကောင်းလိုက်တာ။ ကာတွန်းလေးတွေကလည်း ရယ်ရတယ်။ နောက်ထပ်လည်း တင်ပါဦး..။

သက်ဝေ said...

ပျော်စရာ ကြည်နူးစရာ ကျောင်းသူဘဝရဲ့ ပုံရိပ်ဟောင်းတွေကို အခန်းဆက်နဲ့ ပုံဖေါ်တော့မယ်ဆိုတော့ ဝမ်းသာလိုက်တာ... အေးအေးဆေးဆေး စောင့်ပြီး ဖတ်ပါ့မယ်... ကိုယ့်မှာတော့ ဘာမှ ပြစရာ မရှိဘူးရယ်... ဘယ်လိုရေးရမလဲ စဉ်းစားနေတုန်း...း))

ညီလင်းသစ် said...

ဆရာတွေရဲ့ ဆုတောင်းလေးတွေ ဖတ်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်၊

“ဟောင်း” ပေမယ့် “ကောင်း” နေဆဲ ပုံရိပ်တွေပါပဲ...။

မောင်မျိုး said...

ပုံရိပ်ဟောင်းလေးတွေ လာကြည့်သွားတယ်ဗျး) မှုန်ဝါးဝါးလေးပေမယ့် ချောကြ လှကြ ပါတယ် ။

ချစ်ကြည်အေး said...

သီတာရေ....အမှတ်တရပဲနော်၊ တို့မှာ အဲလို အော်တိုစာအုပ်မရှိဘူးရယ်...။ လွမ်းစရာကြီးနော်.....ကျန်တဲ့ အပိုင်းတွေ စောင့်ဖတ်နေမယ်...:)

T T Sweet said...

အခန်းဆက်ကို ဆက်ဖတ်နေမယ်နော်...။သူနယ်ချင်းပုံတွေပါ တင်ပေးနော်။ မသီတာတို့ အဖွဲ့ကို ကျောင်းမှာထဲက သတိထားမိတယ်ဗျ။ ရှေ့ဆင့်နောက်ဆင့်ကိုး ....