Monday, August 20, 2012

ပါဠိသဒ္ဒါ အခြေပြုစာအုပ်များ

ပါဠိဘာသာ လေ့လာသင်ယူလိုသူများ အတွက် အထောက်အကူ ပြုမယ်လို့ ယူဆရတဲ့ စာအုပ်အချို့ကို စုစည်းပြီး တဆင့် ပြန်လည် မျှဝေလိုက်ပါတယ်။

မြန်မာဘုန်းတော်ကြီး ပညာရေးစနစ်မှာတော့ သဒ္ဒါကြီးလို့ခေါ်တဲ့ ကစ္စည်းသဒ္ဒါကျမ်းကို အဓိကထား သင်ယူကြရပါတယ်။ ဒါပေမယ့် ဒီကျမ်းဟာ စတင်သင်ယူသူတွေအတွက် ခက်ခဲတာကြောင့် အကြိမ်ကြိမ် ပြန်သင်ကြရပြီး ၉-ခေါက်လောက် သင်ကာမှ ရိုးတိုးရိပ်တိပ်လောက်ဘဲ သဘောပေါက်ကြရလို့ “သဒ္ဒါကိုးခေါက် စာပြိုးပြောက်” လို့တောင် အဆိုရှိပါတယ်။ အချို့ဆို ၉-ခေါက်မကသင်တာတောင် သဘောမပေါက်လို့ “သဒ္ဒါလန်တယ်” လို့ ပြောစမှတ် ပြုကြပါတယ်။ ဒီတော့ ကစ္စည်းသဒ္ဒါလို ကျမ်းကြီးတွေကနေ စပြီး မလေ့လာဘဲ၊ ခပ်လွယ်လွယ်စီစဉ်ထားတဲ့ စာအုပ်မျိုးတွေကနေ စလေ့လာရင်တော့ လအနည်းငယ်လောက် အတွင်းမှာ အခြေခံ ရနိုင်ပါတယ်။ ပါဠိဘာသာစာတွေကို အဘိဓာန် အကူအညီယူပြီး စမ်းဖတ်ကောင်း ဖတ်နိုင်ပါလိမ့်မယ်။ နောက်မှ ကစ္စည်း၊ ရူပသိဒ္ဓိစတဲ့ သဒ္ဒါကျမ်းကြီးတွေကို သင်ယူတာက ပိုပြီး ထိရောက် နိုင်တယ်လို့ မှတ်သားဖူးပါတယ်။

ပါဠိသဒ္ဒါ အခြေပြုစာအုပ်များ

အောက်မှာ ဖော်ပြထားတဲ့ စာအုပ်မျိုးတွေကတော့ ပါဠိဘာသာ အခြေခံရအောင် ခပ်လွယ်လွယ် စီစဉ်ထားတဲ့ စာအုပ်မျိုးတွေ ဖြစ်ပါတယ်။ ဒီစာအုပ်တွေအနက် သီရိလင်္ကာနိုင်ငံမှာ ထုတ်ဝေတဲ့ Dr. De Silva နှင့် Ven. Nārada တို့ရဲ့ စာအုပ်တွေက နိုင်ငံတကာမှာ အသုံးများတာ တွေ့ရပါတယ်။ မြန်မာပြည်မှာလည်း ကိုလိုနီခေတ်နှောင်းပိုင်းနှင့် လွတ်လပ်ရေးရပြီးစ ကာလတွေမှာ ဒီလို ပါဠိသဒ္ဒါ သင်ခန်းစာ စာအုပ်မျိုးတွေကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာများဖြင့် ရေးသားခဲ့ကြပါတယ်။ အချို့စာအုပ်တွေက ရန်ကုန်တက္ကသိုလ် ပါဠိစာပေဌာနအတွက် ထုတ်ဝေခဲ့တာပါ။ ယခုခေတ် တက္ကသိုလ် ပါဠိဌာနတွေကလည်း ဒီလိုစနစ်မျိုးကိုဘဲ သုံးပြီး သင်ကြားကြတာကို တွေ့ရပါတယ်။

Dr. L. De Silva, Pāli Primer
Prof A. P. Buddhadatta, The New Pāli Course Part I and Part II.
မဟာဂန္ဓာရုံဆရာတော် - ပါဠိသိက္ခာနှင့် သဒ္ဒါကျဉ်း
ဦးဖေမောင်တင် - အခြေပြုပါဠိသဒ္ဒါ
ပါဠိဘာသာသင္ခန္းစာ (စာအုပ်အမည်ရင်းနှင့် ပြုစုသူ၏အမည်ကို မသိပါ)

အောက်မှာ ဆက်လက်ဖော်ပြထားတဲ့ စာအုပ်မျိုးတွေကတော့ သဒ္ဒါကို သိပ်ဦးစား မပေးတော့ဘဲ မူရင်းပါဠိတော်တွေကို တိုက်ရိုက် ဖတ်ရှုစေရင်းနဲ့ ပါဠိ ဝေါဟာရ၊ အသုံးအနှုန်းနှင့် သဒ္ဒါကို မိတ်ဆက်ပေးသွားပါတယ်။ အမေရိကန်နိုင်ငံသား ဘိက္ခုဗောဓိက A New Course in Reading Pāli စာအုပ်ကို သုံးပြီး ပါဠိဘာသာ သင်တန်း တစ်ခု ပို့ချခဲ့ဖူးပါတယ်။ Dr. De Silva ရဲ့ Pāli Primer ကို လေ့လာပြီးမှ ဒီသင်တန်းမှာသုံးတဲ့ A New Course in Reading Pāli ကိုဆက် လေ့လာဖို့ ဘိက္ခုဗောဓိက အကြံပေးထားပါတယ်။

J.Gair and W.S. Karunatilleka, A New Course in Reading Pāli: Entering the world of the Buddha
Rune E A Johansson, Pāli Buddhist Text
AK Warder, Introduction to Pāli

AK Warder ရဲ့ Introduction to Pāli စာအုပ်ကတော့ ပါဠိသဒ္ဒါကို အခြေခံကစ တစ်ဆင့်ချင်းတက် သင်သွားပြီး အတော်အသင့် ခက်ခဲတဲ့ မူရင်း ပါဠိစာတွေကို ဖတ်ရှု နားလည်နိုင်လောက်အောင် စီစဉ်ထားတာကြောင့်၊ အထက်က ဖော်ပြခဲ့တဲ့ စာအုပ်နှစ်မျိုးလုံးမှာ အကျုံးဝင်တယ်လို့ ဆိုနိုင်ပါတယ်။ (အစပိုင်း သင်ခန်းစာအချို့ကလွဲရင်) ပုံစံဝါကျများနှင့် လေ့ကျင့်ခန်းများကို ဒီဃနိကာယ် ပါဠိတော်လာ ဝါကျများ၊ စာပိုဒ်များကိုဘဲ အသုံးပြုပြီး ရေးသားထားတာကတော့ ဒီစာအုပ်ရဲ့ ထူးခြားမှုလို့ ဆိုနိုင်ပါတယ်။ ပါဠိဘာသာဖြင့် ရေးတာခြင်းတူပေမယ့် ကျမ်းရင်း ပါဠိတော်များမှာ တွေ့ရတဲ့ ဝါကျအသွားအလာ၊ စကားအသုံးအနှုန်းတွေက အဋ္ဌကထာခေတ်နှင့် နှောင်းခေတ် ပါဠိစာပေတွေရဲ့ စာရေးဟန်တွေက အတော်လေး ကွဲပြားတယ်လို့ ပါဠိဘာသာကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဒီတော့ AK Warder ရဲ့ စာအုပ်က ပါဠိဂတိလို့ခေါ်တဲ့ ပါဠိတော် ဝါကျအသွားအလာကို လေ့လာလိုသူတွေအတွက် ပိုပြီး သင့်လျော်ပါတယ်။

ပါဠိသဒ္ဒါ လက်စွဲ စာအုပ်များ

အောက်မှာ ဆက်လက် ဖော်ပြထားတဲ့ စာအုပ်တွေကတော့ အခြေပြု သဘောမျိုးထက် လက်စွဲစာအုပ်၊ ရည်ညွှန်းစာအုပ် ပိုဆန်ပါတယ်။ အချို့စာအုပ်တွေကတော့ သက္ကတဘာသာ အခြေခံရှိထားသူများအတွက် ရည်ရွယ်ထားတဲ့အတွက် ပါဠိဘာသာသက်သက်ကို လေ့လာလိုသူတွေအတွက် နားလည်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ ဒီလက်စွဲစာအုပ်တွေအနက်က ရန်ကုန်တက္ကသိုလ်က ထုတ်ဝေခဲ့တဲ့ Duroiselle ရဲ့ စာအုပ်ကတော့ နားလည်ရလွယ်ကူပြီး ပါဠိသဒ္ဒါအခြေခံ သဘောတရားတွေကို ငုံမိနိုင်တယ်လို့ ယူဆရပါတယ်။

J. Minayeff, Pāli Grammar
O. Frankfurter, Handbook of Pāli
O.H. de A.Wijesekera, Syntax of the Cases in the Pali Nikayas
Wilhelm Geiger, A Pāli Grammar
Steven Collins, A Pali Grammar for Students

ပါဠိအဘိဓာန်များ


12 comments:

mstint said...

အများအပေါ်ထားတဲ့ စေတနာတွေကိုလေးစားမိတယ် သီတာရေ။ တန်ဘိုးရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့ စာပေတွေဖြန့်ဝေပေးတာကြောင့် လေ့လာလိုက်စားသူတို့ အတွက် အတော်လေးအကျိုးရှိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

mstint said...

အများအပေါ်ထားတဲ့ စေတနာတွေကိုလေးစားမိတယ် သီတာရေ။ တန်ဘိုးရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့ စာပေတွေဖြန့်ဝေပေးတာကြောင့် လေ့လာလိုက်စားသူတို့ အတွက် အတော်လေးအကျိုးရှိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Sonata Cantata said...

ကိုဧရာ ရဲ့ တဆင့်ပြန်လည် ဝေမျှခြင်းပါ မမတင့်...း)

တိပံင်ကောံ said...

ပါဠိသဒ္ဒါကို တနေရာထဲမှ စုံစုံလင်လင်ရှာလို့ရအောင် တင်ထားပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်။ ....

အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) said...

အသုံးတည့်တဲ့ Grammar စာအုပ်တွေ အတော်များများ ရလိုက်လို့ အထူးကျေးဇူးတင်ပါတယ်ဗျာ။ ဒီစာအုပ်တွေက Out of Print ဖြစ်နေတာ များတယ်။ ရနိုင်တောင် ဈေးကကြီးလွန်းလို့ တစ်ချို့စာအုပ်တွေ ကိုင်ကိုင်ပြီး ပြန်ချထားခဲ့ရတယ်။ နိုင်ငံခြားဆိုတော့ စာကြည့်တိုက်တွေမှာတော့ ရနိုင်ပါတယ်။ ဒါပေမယ့် အားလုံးက Reference Only တွေချည်းဖြစ်နေတယ်။ ကျေးဇူးအထူးတင်ပါတယ်။

poekong said...

sardu sardu sardu...

goodpurisa said...

ပါဠိသဒ္ဒါနှင့်​အသုံးအနှုန်းစာအုပ်​​လေးရှိရင်​တင်​​ပေးပါအုံးဗျာ ​ကျေးဇူးပါပဲဗျာ

Panphothu said...

တကယ် အသုံးဝင်သော စာအုပ်တွေကို တင်ပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်။ ဒီမှာ ကျောင်းတတ်ပြီး ပါဠိ စာပေကို စိတ်ဝင်စားသော တခြား မဟာယာန နှင့် အနောက်တိုင်းမှ သူငယ်ချင်းများအတွက်လည်း ပိုပြီး အသုံးဝင်စေပါတယ်။ အဆင်ပြေမယ်ဆိုလျှင် A New Course in Reading Pali: Entering the Word of the Buddha by W. Gair ကိုလည်း မျှဝေပေးစေချင်ပါတယ်။

Sonata Cantata said...

ပါဠိသဒ္ဒါနှင့် အသုံးအနှုန်းစာအုပ်ကို ဒီ link (http://www.kbrl.gov.mm/book/download/000204) ကနေ ယူနိုင်ပါတယ်။
A New Course in Reading Pali: Entering the Word of the Buddha by W. Gair စာအုပ်ရဲ့ ebook ကိုတော့ မတွေ့မိသေးပါဘူး။

Nainglynn said...

ဆရာကြီးဖေမောင်တင်ရဲ့ A pāḷi Primer( english version) ဘယ်မှာရနိုင်ပါလဲခင်ဗျာ

Myatsoewin said...

ကျေးဇူးလဲတင်​သလို သာဓုလဲ​ခေါ်ပါတယ်

Sonata Cantata said...

@Nainglynn, ဆရာကြီးဖေမောင်တင်ရဲ့ A pāḷi Primer( english version) ကို ရှာ မတွေ့ပါဘူး။