the mirror, the sword and the jewel (sanshu no jingi)
“Power grows out of the barrel of a gun.” – Mao Tse-Tung
“Money Talks.” – Anonymous
“Knowledge itself is power.” – Francis Bacon
“Power grows out of the barrel of a gun.” – Mao Tse-Tung
“Money Talks.” – Anonymous
“Knowledge itself is power.” – Francis Bacon
ကမ္ဘာသမိုင်းမှာ အာဏာတည်ဆောက်မှု ဘယ်လိုပြောင်းလဲလာခဲ့သလဲဆိုတာကို ဖော်ပြဖို့ Alvin Tolfer က ဒီအဆိုအမိန့် သုံးကြောင်းကို ကိုးကားခဲ့တယ်။ Alvin Tolfer ဆိုတာ Future Shock, Third Wave နဲ့ PowerShift ဆိုတဲ့ အရောင်းသွက် စာအုပ်သုံးအုပ်နဲ့ နာမည်ကြီးခဲ့တဲ့ အမေရိကန် စာရေးဆရာတစ်ဦးပါ။ လူ့သမိုင်းမှာ စိုက်ပျိုးရေးခေတ်, စက်မှုခေတ်နဲ့ သတင်းခေတ်ဆိုတဲ့ ယဉ်ကျေးမှုကြီးသုံးခုဟာ လှိုင်းလုံးကြီးတွေလို စီးဆင်းဝင်ရောက် လာခဲ့တယ်။ စိုက်ပျိုးရေးခေတ်ကာလမှာ လူတွေဟာ ကာယဗလကို ကိုးစားခဲ့တဲ့ အလျောက် ပြဿနာတွေကို အင်အားသုံး အကြမ်းဖက် ဖြေရှင်းပြီး အာဏာကို တည်ဆောက်ခဲ့ကြတယ်။ ဒုတိယခေတ်ဖြစ်တဲ့ စက်မှုခေတ် (တစ်နည်း အရင်းရှင်ခေတ်) မှာတော့ ငွေသာလျှင် ပဓာန။ ငွေကြေးဓနနဲ့ သြဇာအာဏာကို တည်ဆောက်ခဲ့ကြတယ်။ တတိယလှိုင်းနဲ့ ဝင်ရောက်လာခဲ့တဲ့ ၂၀-ရာစုလွန် သတင်းခေတ်မှာတော့ အသိပညာသည်သာ တန်ခိုးအာဏာရဲ့ အသက်သွေးကြော ဖြစ်လာလိမ့်မယ်၊ နှလုံးရည်က ကြီးစိုးလိမ့်မယ်လို့ Tofler ကခန့်မှန်းခဲ့တယ်။
သူ့ရဲ့အတွေးအခေါ်ဟာ ကမ္ဘာသမိုင်းဖြစ်စဉ် တစ်ခုလုံးမှာ ဘယ်လောက်ထိမှန်သလဲဆိုတာ ဝေဖန်ဖို့ ခက်ကောင်း ခက်ပါ လိမ့်မယ်။ ဒါပေမဲ့ လူတစ်ဦးချင်းစီရဲ့ သမိုင်းမှာတော့ ပြဿနာတွေကို violence, wealth, knowledge ဆိုတဲ့ နည်းလမ်း သုံးသွယ်ထဲက ဘာကိုသုံးပြီး ဖြေရှင်းလေ့ရှိသလဲဆိုတာကို ပြန်လည်ဆန်းစစ်ပြီး၊ မိမိရဲ့ တိုးတက်မှုဖြစ်စဉ်ကို အကဲခတ် နိုင်ပါလိမ့်မယ်။
ဧရာ (မန္တလေး)
ပုံကို ဤနေရာမှကူးယူပါသည်။ http://www.japan-zone.com/omnibus/shinto.shtml

4 comments:
မှန်ပါတယ်။
မသိသည်များကိုပြောသွားပါ၍ ကျေးဇူးတင်ပါတယ်
(CBox မှကူးယူထားသည်။)
19 Sep 08, 12:37
tg: ဓား၊ ရတနာ နှင့် ကြေးမုံကို လာရောက်ဖတ်ရှုသွားပါပြီး အတွေးမျှင်များပါ ဆက်လက်သယ်ယူသွားပါသည်။ tks
တတိယလှိုင်းထဲရောက်နေတယ်ဆိုတာကို မသီတာတို့  ကျွန်မတို့ ကသတိပြုမိနေပြီဆို
တော့ ကျွန်မတို့ ရဲ့ လက်နှက်က အသိပညာလို့ ထင်နေကောင်းထင်နေပေမယ့် capitalism, materialistic ဆိုတဲ့ ငွေကြေး ဂုဏ်ပကာသနတွေရဲ့လွှမ်းမိုးနေရာယူမှူ
အောက်မှာ မျက်နှာတော့ခပ်ငယ်ငယ်ရယ်ပါပဲ။(အများအမြင်မှာပေါ့လေ)။ ကိုယ်တွေချင်း
သာသိနိုင် နားလည်နိုင်တာမျိုးပါ။ တတိယလှိုင်းဟာ တကယ်တော့ ကျွန်မတို့ ဘာသာတ
ရားနဲ့ လည်းကိုက်ညီနေတာကို အံ့သြဖွယ်ကောင်းစွာတွေ့ လာရတယ်လေ..။
ကိုယ့်တိုးတက်မှုဖြစ်စဉ်ကို ကိုယ်ပြန်ဆန်းစစ်မိအောင် သတိပေးထားသလိုပါပဲ ဆရာ…
Post a Comment