အဝါ ‘မောင်’ နဲ့ ‘မ’ အပြာ၊ကြောင်းပါလေသောခါ။ရှုလို့မ၀ စိမ်းမြမြ၊ရင်သွေးလေးတွေရ။‘မောင့်’ ဉာဏ်ရောင်ဝါ ထိန်ထိန်သာ၊‘မ’ ချစ်မေတ္တာ ပြာ။ဆတူ ချိုးကျ ပေါင်းဆုံမှ၊ကလေးတို့ ဘ၀ စိမ်းလန်းရ။စိတ်ထားကောင်းဖို့ မမေ့အောင်၊အဖြူရောင်ကို ဆောင်။စင်ကြယ်ခြင်းရဲ့သင်္ကေတ၊ကြိုးစား မွေးမြူကြ။လောကီသားမို့ ဖြစ်တတ်တယ်၊အနီရဲဲလို့ စိတ်တိုလွယ်။မထင်မှတ်ဘဲ နက်လာတော့၊ညှိနှိုင်း ကြမှာပေါ့။ပြာ နဲ့ နီလေး ရောစပ်နွှယ်၊ခရမ်းအလှ ကြွယ်။မဟာဆန်တဲ့ ဒီလက်နက်၊ဂန္တဝင် မျက်စောင်းထက်။တခါတလေလည်း ထိုနီရဲ၊အဝါလေးနဲ့ ရောမှာပဲ။ရှေ့ဆက်ကြဖို့ အင်အားကွယ်၊လိမ္မော်ကလေး ရပြန်တယ်။သက်တန့် မိသားစု ဆေးရောင်စို၊ဟန်ချက် ညီညီကို။နေညိုချိန်ထိ ရွှေလက်တွဲ၊တစ်သွေးတစ်ရောင်ထဲ။ ။ဧရာသီတာ
Wednesday, September 24, 2008
အရောင်
Subscribe to:
Post Comments (Atom)
12 comments:
တော်လိုက်တာနော်. ဘက်စုံဘဲ. ကြီးပွါးမယ်။
ကလေးဆိုဘို့ ကဗျာလေးနဲ့ တူရဲ့.
ကဗျာလေးကောင်းတယ် မသီတာ။ မခင်ဦးမေပြောသလို ကလေးဆိုရင်ပိုနားထောင်လို့ 
ကောင်းမယ်။ အရောင်လေးတွေအပေါ် ကိုယ့်အမြင် ကိုယ်ခံစားချက်နဲ့ ကိုယ်ခုလိုလေးရေး
လိုက်တော့လည်း ဟုတ်နေတာပဲ။
တစ်သွေးတစ်ရောင်ထဲ။ ။” ဖြစ်နိုင်ကြတဲ့ မိသားစုတွေအတွက်တော့ ၀မ်းမြောက်လို့ မ
ဆုံးပါဘူး။ သို့ သော် နေညိုချိန်မပြောနဲ့ နေခြည်တောင်မမြင်ရရှာတဲ့ပန်းကလေးတွေလည်း
ရှိနေတယ်မသီတာ နဲ့ ကိုဧရာရေ။ ဒါကလည်း သူတို့ ဖေဖေက မ၀ါနိုင်လို့ သူတို့ မေမေက
မပြာနိုင်လို့ ဖြစ်နိုင်သလို၊ သူတို့ ရဲ့ကံတရားကလည်း မစိမ်းနိုင်တော့လို့ ဖြစ်မယ်။ ဒီကံတရားဆိုတာကို စိမ်းလာအောင် ကမ္ဘာမှာ UNICEF လို အဖွဲ့ တွေကကူညီနေရတယ်
လေ။ သူတို့ ရဲ့ အမိနိုင်ငံကြီးက ပြာနိုင်ရင်၊ သူတို့ ရဲ့အဖအဖြစ်နဲ့ ဝါရမဲ့သူဟာ ဘယ်သူဖြစ်မ
လဲ စဉ်းစားစရာပါပဲ။ ကျွန်မ ကွန်မန့် ကြောင့် ကဗျာတော့ပျက်ပြီထင်တယ်။
အားပါးပါးးးးး
ကောင်းလိုက်တဲ့ ကဗျာ
သီတာနဲ့ ကိုဧရာ နောက်ဆုံးပေါင်းပြီးရေးလိုက်တာပေါ့။ ကောင်းတယ်နော်..။ တို့ကလေးတွေကို ဆိုပြရမယ်။ သူတို့က ကဗျာတွေ ကြိုက်လို့ ရွတ်ရွတ်ပြနေရတာ။ ဒီကဗျာလေးသင်ထားပေးပြီး နောက်ဆုံတဲ့အခါ ဆိုခိုင်းပြရမယ်။
It's really nice!
သက်တန့် မိသားစုလေးရဲ့ ဖေ ၀ါနဲ့  မေပြာ ရေးတာလေးက ချစ်စရာလဲကောင်း၊ အတုယူစရာ၊ အားကျစရာနော်… ဒီကဗျာလေးကို သိမ်းထားပြီး သားလေးကို ရွတ်ပြလိုက်မယ်… ဆရာက တကယ် အ၀ါကြိုက်တယ်ဆို ကျွန်မအမျိုးသားနဲ့ တူတူပဲ… ကျွန်မကတော့ အဖြူရောင်… အ၀ါနဲ့ အဖြူရောတော့ အ၀ါရောင်ဖျော့တော့တော့… သားက အနီရောင်ကြိုက်ပုံပဲ… လွဲချက်ကတော့… (မ ရေ… ဟုတ်တယ်… နေမကောင်းဘူး… သတင်းလာမေးပြီး ဆေးတိုက်လိုက်တော့ သက်သာသွားပြီ… ဒီနေ့ စာပြန်ရေးတော့မယ်နော်)
အရောင် အပေါ် ထင်မြင်ချက်လေးတွေက အမှတ်တရဖြစ်စေပါတယ်။
ယေဘူယျ အားဖြင့် အရောင်လေးတွေ အပေါ်ခံစားပြီးရေးလိုက်တာပါ။ ကြိုက်တဲ့ အရောင်ရယ်လို့ မဟုတ်ပါဘူး။
အခြေခံရဲ့ သဘော၊ ရောစပ်လိုက်တော့ ရလဒ်ရဲ့ သဘော၊ ကာရံအတွင်းလဲ ၀င်နိုင်တာလေးတွေကို ရေးလိုက်ပါတယ်။
မသီတာရေ...
ဘယ်လိုစကားလုံးမျိုးနဲ့ ချီးကျူးစကား ပြောရမယ်မှန်းတောင်မသိပါ...။ အရောင်တွေစုံလက်နေတဲ့ ကဗျာလေးမှာ မိသားစုကလေး တစ်ခုရဲ့ ချစ်စရာ သံယောဇဉ်ကို မြင်လိုက်ရပါတယ်။ ကိုဧရာ နဲ့  မသီတာ ဆိုကထဲက ဟာမိုနီ ဘယ်လောက်ညီတယ်ဆိုတာလဲ ထင်ထင်ရှားရှား မြင်နိုင်ပြီးသားပါလေ..။
ကိုဧရာ မသီတာ နဲ့  Sonata Cantata မိသားစုကလေး
အစဉ်ချမ်းမြေ့စွာ ဟန်ချက်ညီညီ ရွှေလက်ခိုင်ခိုင်တွဲ မြဲစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်..။
25 Sep 08, 09:44
မုဒိတာ: ကောင်းလိုက်တဲ့ ကဗျာလေး ဖတ်လို့ အရမ်းကြိုက်
25 Sep 08, 09:45
မုဒိတာ: ကဗျာလေးကို ကြိုက်လွန်းလို့ လင့်သွားပါတယ်။
27 Sep 08, 06:34
ဆောင်း: ချီးကျူးမိရ မသီတာ။ စိတ်ကူးလှလှရေးခဲ့တာ ။ သဘောကျလို့ ရေးတယ်လေး ။ ကော်မဲန့် လေးက မပေါ်သေး
27 Sep 08, 16:46
S-C: ဆောင်းရေ PC virus ကိုက်လို့ ဆေးကုနေရလို့ Comment လေး နောက်ကျသွားတာ ခွင့်လွှတ်နော်
ဒီကဗျာလေးက ချစ်စရာကောင်းလိုက်တာ...ကြိုက်တယ်။
ကဗျာလေးကို ကြိုက်တယ် မသီတာ။
မသီတာနဲ့ ကိုဧရာကို ခင်ပြီးရင်းခင်သွားမိပြီ။ လူမမြင်ဖူးပေမယ့် စာတွေဖတ်ပြီး စိတ်အရောင်တွေကို သိလို့ရတာ အံ့သြစရာနော်။
ခရမ်းရောင်က မဟာဆန်တယ်၊ နန်းဆန်တယ်လို့ ဒီနေ့ပဲ ဖတ်လိုက်ရတယ်၊ မသီတာ။
Post a Comment