Monday, April 20, 2009

ဖြတ်ကျော်ခြင်း


“နင်း၊ ကြွ၊ လျှောက်”
သွက်ချည်တခါ
ညက်ချည်တလှည့်
အမှတ်တမဲ့တွေလည်းပါရဲ့
တလှမ်းချင်းလှမ်းတဲ့
ခြေလှမ်းတွေနဲ့

“ရပ်၊ ကြည့်၊ သွား”
ဟောဟိုမှာ တဖိတ်ဖိတ်လက်
ဟောဒီမှာ မသဲမကွဲနဲ့
လင်းတလှည့် မှိန်တလှည့်
အတိတ်တွေ
အရိပ်တွေ
ရောင်နီတွေ
ယိမ်းထိုးနေရဲ့

“ကောင်း၊ သင့်၊ ညံ့”တွေ
နေရာတကာ ပြည့်နှက်
“နွေ၊ မိုး၊ ဆောင်း” ကို
အဖန်ဖန် နှုတ်ဆက်
“မောင်၊ ကို၊ ဦး” ကို
အချိန်တန် မိတ်ဖွဲ့
...
“ဖြစ်၊ တည်၊ ပျက်” ရဲ့
အမှန်အကန် ရိုက်ချက်။ ။
"နှစ်သစ်မှာ စာတွေပိုရေးနိုင်ပါစေ" လို့ ဆုတောင်းပေးတဲ့ သူငယ်ချင်းတွေအတွက် မသီတာ ကြိုးစားရေးကြည့်ထားပါတယ်။ ကိုဧရာက ပုံလေးဆွဲပေးပါတယ်။

10 comments:

မီယာ said...

မသီတာ ကဗျာရော ပုံလေးပါ ကြိုက်တယ်... ကိုယ့်ခံစားချက်ကို သရုပ်ဖော်ပေးမယ့်သူ ရှိတာ ကံကောင်းလိုက်တာ။ နှစ်သစ်ကို ခွန်အားအသစ်တွေနဲ့ ဖြတ်ကျော်ကြစို့ အမရေ...

Ko Paw said...

အနှစ်သာရ ရှိလှတဲ့ ကဗျာလေးပါပဲ။ ကိုဧရာရဲ့ သရုပ်ဖော်ပုံလေးကလည်း ကောင်းတယ်။

“တဖိတ်ဖိတ်လက်” ဆိုတဲ့နေရာရောက်တော့ စိတ်ထဲမှာ “All is not gold that glitters” ဆိုတဲ့စကားလေးကို သတိရမိပြီး ကျနော်တို့ တဖိတ်ဖိတ်လက်တယ် ထင်ခဲ့တာတွေဟာ တကယ်ရော လွမ်းလောက်စရာ ဟုတ်ရဲ့လားလို့ ကိုယ့်ဖာသာ တွေးမိပါရဲ့။

“မောင်၊ကို၊ဦး” ကိုပဲ မိတ်ဆက်ရတာလား။ ကျနော်တော့ “ဘ” ကို မိတ်ဆက်ရဦးမလား မသိ။ မသေချာ။း-)

တမိသားစုလုံး ရွှင်လန်းချမ်းမြေ့ပါစေသတည်း။

Tin said...

Dear Ma Thida,
That's really cool. You have high light with your creative way to illustration of our daily life
“ဖြစ်၊ တည်၊ ပျက်”.
Keep it up and wish you can write more and more.
With best regards,

Rita said...

သိပ်ကောင်းတာပဲ မမ။ ကဗျာရော သရုပ်ဖော်ပုံလေးရော။
ကျွန်မတော့ ကဗျာရေးလို့ မရလို့ စိတ်ညစ်နေတာ။

တန်ခူး said...

မ ရေ… အရမ်းကောင်းတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ကဗျာလေးပါပဲ… သရုပ်ဖော်ပုံလေးနဲ့ လဲ အရမ်းလိုက်ဖက်ပါတယ်… sonata cantata လေးက ကံကောင်းလိုက်တာတဲ့… ဂရုစိုက်ပြုစုမယ့်သူက မောင်တထမ်း မယ်တရွက်လေ… လေနုအေးက အားကျနေတယ် မ ရေ… မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေ ဆရာနဲ့ မ ရေ…

သက်ဝေ said...

လေးနက်သော အတွေးအခေါ်များကို Comment ပေးလိုက်လျှင် ပေါ့များ ပေါ့သွားမလားဟု ထင်ကာ ကဗျာလေးကို နားလည်အောင်သာ အထပ်ထပ် အခါခါ ဖတ်သွားပါသည်။

သရုပ်ဖေါ်ပုံလေးကလဲ ရိုးရိုးလေးနဲ့ တအား ချစ်စရာကောင်းတာပါပဲ...

Welcome said...

ကဗျာကပေးတဲ့ message ကို ယူသွားပါတယ်။ တရားလည်းနာသွားပါတယ် ..

နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ ..
လေးစားလျက်
ဝင်းဇော်

Harry said...

ကိုဧရာ့ပုံရော၊ မသီတာကဗျာရော တော်တော်ကောင်းတယ်ဗျာ .. ကြိုက်တယ်

သင်းနွယ်ဇင် said...

The poem and the painting are really very matched. Keep it up! Cheers!! :)

Thinn Kyi

{ Commented from office, that's why in English, sorry }

sonata-cantata said...

CBox မှ
20 Apr 09, 18:40
ညလေး: မင်္ဂလာနှစ်သစ်ပါ မသီတာ။ လာလည်ပြီး ကဗျာလေး ဖတ်သွားတယ်
20 Apr 09, 18:40
ညလေး: ပုံလေး သဘောကျလို့

20 Apr 09, 19:39
အပြုံးပန်း: ဖြတ်ကျော်ခြင်းကို လာကျော်ဖြတ်ပါတယ်။

20 Apr 09, 22:45
ပုလုကွေး: မမရေ ရောက်စ် ကဗျာဖတ်ကာ ပြန်သွားပီ