Monday, December 28, 2009

ချောင်းသာ ကမ်းခြေ

မြန်မာနိုင်ငံရဲ့ ပင်လယ်ကမ်းခြေတွေကို တခါမှမရောက်ဖူးကြောင်း စပ်မိစပ်ရာ သူသူငါရဲ့ ဘလော့ဂ်ပို့စ်တွေမှာ “သွားဦးမယ်တဲ့ သွားဦးမယ်” လို့ ၀န်ခံကွန်မန့် အကြိမ်ကြိမ်ရေးခဲ့တဲ့ ဘ၀ကနေ… အရေးကို အလုပ်နဲ့ သက်သေပြပြီ ...

ချောင်းသာကမ်းခြေသို့ ရောက်ခဲ့ပြီ် ...


သဲသောင်..ပင်လယ်.. မိုးကုပ်စက်ဝိုင်း.. တွေက ပေးတဲ့ သန့်ရှင်းခြင်း၊ လွတ်လပ်ခြင်း၊ ပေါ့ပါးခြင်း၊ အနှောင်အဖွဲ့မှ ကင်းလွတ်ခြင်းတွေ…
နေ.. လ.. လေ.. ရေ.. ကျောက်ဆောင်.. တွေကပေးတဲ့ တည်မြဲခြင်း၊ ခိုင်မာခြင်း၊ ပြောင်းလဲခြင်း၊ ရွေ့လျားခြင်း၊ ရိုးသားခြင်းတွေ…
လှည့်စားခြင်း.. ယုံမှားခြင်း..မာယာ.. စတဲ့..တင်စားခြင်းနဲ့ အံ့သြခြင်း.. တွေ…
စသည်.. စသည့်.. သဘာဝတရားနဲ့ အလှတရားတွေ...
ပိုင်ဆိုင်သမျှ အာရုံခံ sensor တွေက ဆိုင်ရာဆိုင်ရာအာရုံတွေကို အတိုးတိုးအဝှေ့ဝှေ့ အလုအယက် ဖမ်းယူ ခံစားလိုက်ကြတာများ… တခုနဲ့တခု conflict ဖြစ်ပြီး shock ရမသွားအောင် သတိတရားလက်ကိုင်ထားခဲ့ရပါတယ်။ (အို တို့ကတော့ ပိုပို ပဲ)

*****

ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်းတို့…

မြန်မာပြည်တွင် blogspot.com ကို ၀င်မရအောင်ပိတ်ထားပါသဖြင့် အင်တာနက်ဆိုင်မှ အမျိုးသားလေးက “အမ co.cc သုံးလေ” ဆိုပြီး ကူညီပြောင်းပေးပါ၍ ဆွေတွေမျိုးတွေ sonata-cantata.co.cc ကို ဖတ်လို့ရ ကြည့်လို့ရ ဖြစ်ရပြန်ပါသော်လည်း… အလည်ရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ ခေါင်းစဉ်အောက်မှ လင့်ချိတ်ထားသည့် လိပ်စာများအားလုံး (ရေတွေစိုလို့) ပျက်ကုန်ပြီ ဖြစ်ပါကြောင်း… ဒူ ဝေ ဝေ ))) မိမိတို့၏ ပိုင်ရာဆိုင်ရာလင့်လေးများကို နည်းများမဆို သနားခဲ့ကြပါခင်ညာ

18 comments:

Rita said...

ပျော်နေတယ် ဆိုလို့ ဝမ်းသာမိပါတယ် မမ။

ဇွန်မိုးစက် said...

ဇွန်မိုးစက် said...

မရောက်ဖူးသေးတော့ ပုံလေးကြည့်ရင်း၊ စာ(ပိုပို)လေး ဖတ်ရင်းနဲ့ပဲ အလည်သွားလိုက်ပါတယ် မရေ...။
ချစ်လို့စတာ..မပိုပါဘူး။ သဘာဝအလှရဲ့ စွဲဆောင်နိုင်စွမ်း အံ့မခန်း ပေါ့။
ဇွန်လည်း မြန်မာပြည်အလည်တစ်ခေါက်ပြန်ဖြစ်ရင် အရောက်သွားရမယ်။

ဇွန်မိုးစက် said...

တို့က ၁ ရပြီထင်တာ။ Rita ဦးတာသွားကိုး။ မီးမီး..ရှက်ရှက်...:D

SDL said...

ချောင်းသာကို မရောက်ဖူးသေးဘူး မသီတာ

Craton said...

သားလည်းရောက်ဖူးခဲ့ဘူး.. သွားချင်စမ်းပါဘိ..
လုပ်ပါဦးဗျ ချောင်းသာခရီးလေးနည်းနည်းပါးပါးလောက်.. ရုပ်ရှင်တွေ ၀တ္ထုတွေထဲပဲ သိခဲ့ရတာမို့ သနားပါး(

Anonymous said...

မသီတာရေ..
ပုသိမ်သူဆိုတော့ ဧည့်သည်လာတိုင်း လိုက်ပို့ရတဲ့ချောင်းသာ .. ဘယ်နှစ်ခေါက်လဲတောင် မမှတ်မိတော့ဘူး။ တံတားမရှိခင် စက်လှေနဲ့ သွားကတည်းက ဘာဟိုတယ်မှမရှိပဲ ဌာနဆိုင်ရာ ဘန်ဂလိုတွေ ပဲ ရှိတဲ့ ခေတ်ကတည်းကလေ။ ဒါပေမယ့် ကမ်းခြေနဲ့ ရေတွေတွေ့နေပြီး အုန်းပင်တွေရဲ့ လေတိုးသံတွေ ကြားနေရတဲ့ အချိန်ကိုတော့ လွမ်းတယ်... မသီတာရဲ့ ဓါတ်ပုံတွေနဲ့ အလွမ်းဖြေလိုက်တယ်။

အမခင်မင်းဇော်

အပြုံးပန်း said...

ချောင်းသာကို တစ်ညနဲ့ တစ်မနက်ခင်း ရောက်ဖူးတယ်၊
လှိုင်းသံတွေကြားတယ်၊ ခရုတွေကောက်ခဲ့တယ်။
အခု မသီတာ ဓါတ်ပုံထဲကလောက်မလှဘူး၊ မိုးရွာနေလို့။

သက်ဝေ said...

သီတာရေ...
ဖတ်ပြီး မပြုံးပဲ မနေနိုင်အောင်ပါပဲ...
လွန်ခဲ့တဲ့ ၁၃ နှစ် က တခေါက် တိတိရောက်ဖူးတဲ့ ချောင်းသာ....
နားထဲမှာ ရေလှိုင်းပုတ်သံတွေနဲ့ ပင်လယ်လေတိုက်သံ သဲ့သဲ့ကိုတော့ မှတ်မိနေသေးသလိုလို...
ဝိုးတဝါးပါကွယ်...
ပျော်စရာ အိမ်ပြန်ခရီးပိုစ့်တွေ မျှော်နေမယ်...း))

P.Ti said...

Happy Holidays. ချောင်းသာကို နှစ်ခေါက်ရောက်ခဲ့ဖူးတယ်။ နှစ်ခေါက်စလုံး အမှတ်တရပဲ...

Kay said...

မသီတာ တို့ နဲ့ပဲ..အလည်လိုက် ကြည့်ရတာပေါ့လေ.. တခါမှ ရောက်ဖူးသေးဘူး... ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါစေ...ကိုဧရာ - မသီတာ နဲ့ ရေ မျိုးစုံ သားသားလေးတွေ..း)

Vista said...

အလွမ်းပြေကြည့်ရတာကောင်းလိုက်ထှာ..
ဟင်းချက်ခြင်းကိုဖတ်ပြီးရယ်နေရတယ်

ပန်းခရမ်းပြာ said...

ချောင်းသာ ခရီးစဉ် အကြောင်း ရေးပါဦး မသီတာ။ မရောက်ဘူးလို့ပါ။ သွားမယ်လို့ တေးထားတာလည်း အကြိမ်ကြိမ်ပါပဲ။ ပုံထဲမှာတော့ ပင်လယ်ကြီးက လှလိုက်တာ။ တကယ်တန်း ရောက်သွားရင်တော့ shock မဖြစ်အောင် မသီတာလို ထိန်းထားနှိုင်ပါ့မလား မသိ ...

Anonymous said...

မသီတာ..
ပျော်လာတယ်ပေါ့လေ။း)
ဒီကလူတွေကလွမ်းလိုက်ရတာ။
mm

Taungoo said...

မသီတာ
ပုံလေး တစ်ပုံတည်းနဲ့တော့ မရဘူး။
ထပ်တင်ပါ။ အသေးစိပ်လေး ရေးပါဗျာ။

MANORHARY said...

ဟိုးအရင် သစ်တောက ဘန်ဂလိုလေးတစ်လုံးတည်း ရှိကတည်းက ရောက်ခဲ့တဲ့ချောင်းသာကို ပိုသဘောကျတယ် ခု လက်ရှိချောင်းသာက ရှုပ်ပွနေသလိုပဲး(
အဲဒီတုန်းကတော့သိပ်လည်းငယ်သေးတော့ ဘာမှန်းမသိ ပေမယ့် ရှင်းရှင်းလင်းလင်းနဲ့ ကမ်းခြေမှာဆော့ရတဲ့ အရသာကိုတော့သိနေသေးတယ်

သင်းနွယ်ဇင် said...

အော်အော် ခုမှပဲပေါ်လာတော့တယ်။ သွားမလို့အားခဲထားတာ ဒီပိုစ်ဖတ်ပြီး သွားမှဖြစ်တော့မယ်။း)

Aung said...

သီတာရေ
အလုပ်မအားတဲ.ကြားကနေ အလုအယက်လာဖတ်သွားပါတယ်။အားလုံးအတွက်ကျေနပ်ပါတယ်။