လူရွှင်တော်များ ပြောကြသလိုပေ့ါ
ကျနော် မလာနိုင်ဘူး ဆိုတာလေး လာ ပြောတာပါ ဆိုတာလို
ပို့စ်မတင်နိုင်ဘူး ဆိုတဲ့ အကြောင်းလေး ပို့စ်တင်လိုက်ပါတယ်...
ရေးထားတာတွေ အားလုံး ဟိုတစ ဒီတစနဲ့ မလုံးရသေးလို့ပါ...
*****
ဒီလိုလေး ရေးထားပေမဲ့ မတင်ဖြစ်ခဲ့ပါဘူး
အဲ့ဒီ မလုံးရသေးတဲ့ ရေးထားတာတွေ PC ပျက်လို့ ပါသွားပါလေရောလား…
မနေ့ကတော့ တနေ့က ဖြစ်ပျက်ကြုံတွေ့ခဲ့တဲ့ အကြောင်းအရာလေးကို အသေအချာ အသေးစိတ် ခြယ်မှုန်းပါတယ်။ Restart computer ဆိုတာကြီး ပေါ်လာပြီး ပျောက်ပြန်ပါပကောလား…
ဒီနေ့တော့ နင်လားဟဲ့ လောကဓံ ဆိုပြီး မရ ရအောင် ပို့စ်တင်လိုက်ပါတယ်…
*****
တလောကတော့ ရွှန်းမီ အချစ်ရဲ့အကြောင်းများေရးတဲ့ အချိန်လောက်ကပေါ့… အခြား စာမျက်နှာတွေပေါ်မှာလည်း ဝေေ၀ဆာဆာ ကြည်ကြည်နူးနူး ဖတ်နေရတဲ့ ဒီအချစ်အကြောင်းလေးပဲ ကိုယ်လည်း ရေးချင်မိပါတယ်…
နောက်ကွန်ပြူတာ ပျက်တော့ ဘဝမှာ ခဏခဏ ပျက်ဖူးတဲ့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ အမှတ်ရစရာ၊ မမေ့ပျောက်ရက်နိုင်စရာလေးတွေ ရေးချင်မိပြန်ရော… ဒီမှာလည်း ရှေ့က အချစ်အကြောင်းက အဓိက ကျောရိုးပါ… ကွန်ပြူတာ ပျက်တာကတော့ အခင်းအကျင်းတခု အနေနဲ့ပေါ့…
နောက် ကိုယ့်ဘက်က ပျက်ကွက်လွန်းတဲ့ လူမှုရေးတွေနဲ့ ဆက်စပ်ပြီး ကံတူ အကျိုးပေး ကိုယ်ရရှိတဲ့ အထီးကျန်ဆန်ခြင်းတွေ…
နောက် မိန်းမတယောက်ရဲ့အချစ်နဲ့ အိမ်ထောင်ရေး၊ ဘဝရည်မှန်းချက်နဲ့ ပန်းတိုင် စတဲ့ ကြီးကြီးကျယ်ကျယ်တွေ…
ရေးချင်မိပါတယ် … (စာရေးဆရာမကြီးတယောက်လို)
ကဲ (မရေးတတ်လို့) လုံးချလိုက်ပြန်ပါပြီ။
11 comments:
လုံးသာလုံးမသီတာ... လုံးထားတာတွေချရေးလည်း လာအားပေးမယ်... ကျမမှာလဲ အဆုံးမသတ်ရသေးတဲ့ ပို့စ်တွေများနေလို့ တင်တဲ့ဆီကိုမရောက်နိုင်ဘူး... ဘဝတူတွေပါ....
ဟီဟိ...
လုံးချတယ်တဲ့...
ဒါဆို လုံးချင်း ထုတ်လို့ရပြီ...
စီဘောက်စ်မှာ မွန်မွန်ရေးသွားတာ ရယ်ရတယ်နော်...း))
လာဖတ်ပြီးသား...ခုမှလာမန့်တာ။ မီးမပျက်ဘူးနော်...လုံးထားတာတွေ မီးပူထိုးပြီး ပြန့်ပြန့်ကြီး တင်ပလိုက်စမ်းဘာာာာာ....:))
မိန်းမတစ်ယောက်ရဲ့အချစ်အိမ်ထောင်ရေး၊ ဘ၀ရည်မှန်းချက်ပန်းတိုင်...မမသီတာရေးပါဗျို့။ ဖတ်ချင်လို့ တောင်းတဲ့ပရိတ်သတ်အတွက် ရေးပေးပါနော်...နော်။း)
မသီတာ
လုံးရေးထားတာတွေလာဖတ်တာ ...
မရမက ခက်ခက်ခဲခဲ ..း)
မမသီတာရေ...
အဲဒါကို ဖတ်ချင်ပါတယ်...မဇွန်နဲ့ ၂ယောက်ပူးပေါင်း တောင်းဆိုပါတယ်ဗျို့ .... :)))
ခင်မင်လေးစားစွာဖြင့်
ညီမလေး
အင်ကြင်း
သီတာရေ မျှော်နေပါတယ် မြန်မြန်ရေးပါ။
ရုံးမှာအရှုပ်တွေရှင်းနေရလို့ စိတ်တွေရှုပ်ပြီး ကွန်ပြူတာရှေ့တောင်မထိုင်နိုင်ဘူးဖြစ်နေတယ်။ ခုတော့နဲနဲနေသာထိုင်သာရှိပါပြီ။ ရေးမယ်နော်။း)
ဟုတ်ပါ့ကွာ... ရေးစမ်းပါ မသီတာရာ.. ရင်တွင်းဖြစ်တွေ ဖတ်ချင်နေတာ..မသီတာရဲ့ ဒဿနတွေ အမြင်တွေ.. တလုံးချင်း ရေးပေါ့... တို့လည်း ပို့စ်ကျဲတာကို တလ တခါတောင် တောင်းပန်ပို့စ်မရေးနိုင်..ဟဲဟဲ...
ရောက်လာပါပြီ =)
တခါတလေလည်း ရေးချင်တာတွေ များနေရင် တွေးမိတာတွေများနေလို့ စိတ်ကပင်ပန်းပြီး မရေးဖြစ်တော့ဘူး..
တဖြည်းဖြည်းတော့ ဆက်ရေးဖြစ်လာမှာပါ..
အားပေးလျက်..
ဒီအိမ်ကိုအခုတလောမရောက်ဖြစ်ဖူး..
အခုမှမသက်ဝေဖက်မှာတွေ့လို့..
မသီတာ(ရင်တွင်းဖြစ်)ပို့စ်တွေမျှော်နေပါတယ်...
သြော်...မေ့လို့..ဝန်ခံရအုန်းမယ်..
ကျနော်ကထုံတယ်..
သီချင်းစာသားမှန်းမသိ..ကဗျာမှန်းမသိနဲ့..
ခစ်..
ဟင်းသတထွင်းရင်သီချင်းလေးတွေတင်ပါ့လား..
26 Mar 10, 10:18
mm: သတိရတယ်ဆိုတဲ့ အကြောင်းလာပြောတာ ဒါပါပဲ
26 Mar 10, 10:24
S-C: ဟင် များပို့စ်လေး တကြောင်းနှစ်ကြောင်းကို ဖတ်မသွားဘူး...ရက်စက်သူကြီး mm...ဒါပါမပဲဘူး
26 Mar 10, 11:45
mm: လုံးထားတာတွေ မဖတ်ဘူး
26 Mar 10, 11:45
mm: ဖတ်စေချင်..စန့်ထားတာရေးပါ..း)
26 Mar 10, 21:21
အပြုံးပန်း: လုံးလဲဖတ်တာပါပဲ၊ ဒါပေမယ့် အဲဒီလုံးတာကြီး ဆိုတာ အခုမှ ကြားဖူးတာ၊ တကယ်။ :)
26 Mar 10, 21:59
ချစ်ကြည်အေး: ရောက်စ် တယ်စ် ညီမလေး သီဒါ....:)
26 Mar 10, 22:54
K: လုံးချက်တော့..အညှော်သက်သာတယ်လေ.. လုံးထား.. အေးဆေးမှ သေချာ ပြန်ချက်..း))
Post a Comment