လူဟာ ကျောက်တုံးမဟုတ် …
အ၀ိညာဏက ကျောက်တုံးမှာ
သေဆုံး, မွေးဖွားခြင်း မရှိ …
လွမ်းဆွတ်, မျှော်လင့်ခြင်းမရှိ…
သူ့အနာဂတ်အတွက် …
ဘာတာဝန်မှ မရှိ…။
လူမှာ ဘ၀ရှိတယ်။
မွေးဖွား သေဆုံးရတယ်။
လွမ်းဆွတ် မျှော်လင့်တတ်တယ်။
ဒါကြောင့် လူဟာ ...
ကျောက်တစ်တုံးလို ငြိမ်သက်နေလို့မရ
သူ့ဘ၀ကို ပုံဖော်ဖို့ ဗျာပါရတစ်ပုံတစ်ပင်နဲ့
မှန်းဆ ကြည့်ရတာလည်း ရှိတယ်။
တမ်းတမိတာတွေလည်း ရှိတယ်။
လွမ်းရမိတာတွေလည်း ရှိတယ်။
တစ်ခါတစ်လေတော့…
ဗျာပါရတွေကို ကျော်လွှားဖို့၊
အတိတ်တွေကို မေ့ဖျောက်
မိုးခါးရေတွေသောက်ပြီး
ပျောက်နေတဲ့ အနာဂတ်တွေနဲ့အတူ
ဆုတ်ထားတဲ့လက်သီးတွေကို ဖြေလျော့
ထမင်းတစ်လုပ်အတွက်
သီချင်းတစ်ပုဒ်အတွက်
… အတွက်ပေါင်း များစွာထဲမှာ မျောပါရင်း
ကျောက်တစ်တုံးဟန် ဆောင်ထားတတ်ကြတယ်။
(ဖြစ်တည်မှုဝါဒီ ဆာ့တ်၏ Inauthentic Man ကို ရေးဖွဲ့ ကြည့်ခြင်းဖြစ်ပါသည်။)
Sunday, March 28, 2010
ကျောက်ဖြစ် လူသား
Labels:
ဧရာ
Subscribe to:
Post Comments (Atom)
2 comments:
လူစင်စစ် ဖြစ်ခြင်း ..အပြစ်သားဖြစ်ခြင်း..ထိန်းချုပ်ခြင်း..တည်ဆောက်ခြင်း..ကျင့်ကြံခြင်း..ပျော်ရွှင်ခြင်း..၀မ်းမြောက်ခြင်း..
တွေးစရာတွေ များသားပဲ.. ဆာ့တ် တို့ ဘ၀ တွေကို..စိတ်ဝင်စားသား..
ကျမ်းစာမှာပါတဲ့..
( လူမိုက်သည် အနတ္တ..လူလိမ္မာသည် တခဏ ) ဆိုတဲ့.. သဘောလေး ကိုလည်း..သတိရမိပါတယ်။
တစ်ခါတစ်လေတော့…
ဗျာပါရတွေကို ကျော်လွှားဖို့၊
အတိတ်တွေကို မေ့ဖျောက်
မိုးခါးရေတွေသောက်ပြီး
ပျောက်နေတဲ့ အနာဂတ်တွေနဲ့အတူ
ဆုတ်ထားတဲ့လက်သီးတွေကို ဖြေလျော့
ထမင်းတစ်လုပ်အတွက်
သီချင်းတစ်ပုဒ်အတွက်
… အတွက်ပေါင်း များစွာထဲမှာ မျောပါရင်း ...
တက်လိုက်ကျလိုက်ဖြစ်နေတဲ့ စိတ်စေတသိက်တွေနဲ့အတူ ထိပ်ဆုံးသို့ ကဗျာလေးဖတ်ပြီး အားမွေးနေရသူတစ်ယောက်ပါ။
Post a Comment