ယမန်နေ့က ဆရာတော် အရှင်ဆေကိန္ဒ ဟောကြားတဲ့ ပထမအကြိမ် ယဉ်ကျေးလိမ္မာ ကလေးတရားပွဲ (Singapore)ကို သွားရောက်ခဲ့ပါတယ်။
တရားပွဲ အစီအစဉ်ကို နံနက်ပိုင်းမှာ ၁၂-နှစ်အောက် ကလေးများအတွက်၊ ညနေပိုင်းမှာ ၁၂နှစ်မှ ၁၈နှစ်အထိ ကလေးများအတွက် အချိန်ခွဲပြီး ကျင်းပသွားခဲ့ပါတယ်။ မြန်မာကလေး အတော်များများကို မိဘတွေက ပို့ဆောင်၊ ပို့လွှတ်ပေးနိုင်ခဲ့ကြပြီး အောင်မြင်တဲ့ အစီအစဉ်ဖြစ်ခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကို ဒီနေရာမှာ ဖော်ပြရေးသားခြင်းငှာ မစွမ်းသာပါ။ Vesak Day အလုပ်ပိတ်ရက် ဖြစ်သည်နှင့်အညီ မိဘ၊ ဘိုးဘွားတွေဟာ ရင်သွေးငယ်တွေကို တရားပွဲသို့ လိုက်ပါပို့ဆောင်ခြင်း၊ ကိုယ်တိုင်လည်း ဘုရားကျောင်းကန်များသို့ သွားရောက်၍ ဘာသာရေး သာသနာရေး ကိစ္စများမှာ သက်ဝင်လှုပ်ရှားနေကြတဲ့ ဒီက မြန်မာလူမျိုး အသိုင်းအဝိုင်းရဲ့ တက်ကြွနေတဲ့ ပုံရိပ်တွေကို တပိုင်တနိုင် မှတ်တမ်းတင်ခြင်းမျှသာ ဖြစ်ပါတယ်။
(ဘလော့ဂ်ဂါ မပီသစွာ ဓာတ်ပုံ တပုံမှ မရိုက်ဖြစ်ခဲ့ခြင်းအတွက် သည်းခံပါ။)
*****
ညရောက်တော့ မသီတာ တူရဲ့သား Gtalk online မှာ မီးစိမ်းနေတာတွေ့လို့ စကားပြောဖြစ်ပါတယ်။ ခေတ်လူငယ်တယောက်ဖြစ်သည်နှင့်အညီ အင်တာနက် သိပ်သုံးတယ်ဆိုတာ သိထားပေမဲ့ သူနဲ့ အီးမေးလ် အဆက်အသွယ်လည်းမရှိ၊ chattingလည်း အခုမှသာ ပထမဦးဆုံး ပြောဖြစ်တာပါ။
me: သားရေ
လုလင်: ဗျာ တာတာ
me: online မတွေ့လို့ တာတာက ဒီ account မသုံးတော့ဘူး ထင်နေတာ ဘယ် accountသုံးနေလဲ မေးဦးမလို့
လုလင်: သားသုံးတယ် တာတာ့အကောင့်က Block List ထဲရောက်နေလို့ သားဟိုနေ့မှ ပြန်ကြည့်မိတယ်
me: ဟေ အဲ့လိုလဲ ရှိသေးလား ဘယ်သူက ထည့်လိုက်တာတုန်း
လုလင်: ဟုတ် သား တာတာနဲ့ တိုင်ပင်စရာရှိလို့
me: ပြော
လုလင်: သားကျောင်းတက်ဖို့ Scholar တစ်ခုရလို့
me: ဘယ်မှာလဲ ဘယ်ကလဲ ဘာCourse လဲ
လုလင်: ဟုတ် Sxxxxx လို့ပြောတယ် advance diploma in networking
သားက သူတို့ စစ်တဲ့ scholar စာမေးပွဲကို ဝင်ဖြေလိုက်တာ အောင်သွားလို့ တဲ့ သားကို အကြောင်းကြားတယ်
me: ဘယ်မှာ တက်ရမှာလဲ စာမေးပွဲက ဘယ်က စစ်တာလဲ
လုလင်: ဒီမှာ xxxxx က လုပ်တာ စလုံးမှာပဲ တဲ့
တက်ဖြစ်မတက်ဖြစ်ကို သူတို့ကို အကြောင်းကြားပါ တဲ့ ဒီလ နောက်ဆုံး
အဲ့တာ တက်ရမှာက ၁နှစ်
လုလင်: ဟဲလို
ကွန်ကျသွားတယ်
တာတာ
အဲ့တာ သူတို့က ပြောတယ်
တက်မယ်ဆိုရင် စင်ကာပူ တစ်သောင်း နှစ်ထောင် ကျတယ် တဲ့
အဲ့တာ သားက စာမေးပွဲအောင်ထားတော့15 percent discount ရတယ်
၂၀၀၀ လျော့သွားမယ်ပေါ့နော်
အဲ့တာ သား အိမ်နဲ့ တိုင်ပင်ကြည့်တော့
မေကြီးက တော့ ပြောတယ်
သူက သိပ်နားမလည်လို့ တာတာနဲ့ တိုင်ပင်ကြည့် ဆိုလို့လေ
သားလဲ
တာတာကိုလိုက်ရှာတာ
ဒီနေ့မှပဲ တွေ့ရတော့တယ်
me: သားစာမေးပွဲ ဝင်ဖြေလိုက်တာ ကောင်းပါတယ်။ အတွေ့အကြုံရတာပေါ့။ အောင်တယ်ဆိုလို့လည်း ဝမ်းသာတယ်။
ဒါပေမဲ့ သားသိထားသင့်တာတွေ ပြောတော့မယ်။
လုလင်: အင်း.. သား အတွေ့အကြုံရအောင်ပဲ ဖြေလိုက်တာ
ဟုတ်ကဲ့ ပြောပါ တာတာ
သားတို့ နိုင်ငံရဲ့ ကွန်နက်ရှင် ကအဆင်မပြေဘူး
me: Ixxxxx က ပညာရေးဝန်ဆောင်မှုပေးပြီး စီးပွားရှာနေတဲ့ ကုမ္ပဏီ။
သူကို မကောင်း ပြောတာမဟုတ်ဘူး။
ဒီမှာ NUS လို University ကြီးတွေကလည်း ဝင်ငွေရှာတာပဲမို့
လုလင်: ဆက်ပြောပါတာတာ ဟုတ်
me: သူက မြန်မာပြည်က xxxxxx ကုမ္ပဏီလိုမျိုးနဲ့ ချိတ်လိုက်ပြီး သူ့ကျောင်း လူရအောင် ရှာတာ...ရှင်းရှင်းလေးပဲ
လုလင်: သြော်
me: ကိုယ်က ပိုက်ဆံပေးပြီး တက်ရမှာ...စိတ်ဝင်စားအောင် စကော်လာ အော်နေပေမဲ့
လုလင်: အဲ့လိုကြီးကိုး ဟုတ်ကဲ့
me: စကော်လာ ဆိုရင် Fully Scholar , Partial Scholar ရှိတယ်... သူ့ဟာကြီးက 15% discount ဆိုတော့ ...Partial Scholar လို့တောင် မသုံးပဲ ဈေးကွက်စကား discount ကို သုံးထားတာ ပေါ်တင်ကြီး ဖြစ်နေတယ်.
လုလင်: ဟုတ်တယ်နော်
me: တကယ်တော့လည်း Partial Scholar လို့လည်း သုံးမရပါဘူးလေ...Partial Scholar ဆိုရင်တောင် ကျောင်းလခရဲ့ တဝက်လောက်ထိ ထုတ်ပေးရတာကို သူတို့ ကျောင်းလခက တသောင်း...ဒါကို တသောင်းနှစ်ထောင် လုပ်လိုက်ပြီး... စာမေးပွဲ ခံလိုက်ပြီး နှစ်ထောင်ကို scholar ပြော.... Discount ပြောနဲ့ လူဆွယ်တာပါခင်ဗျာ
လုလင်: သြော် သားသိပြီ
အဲ့တာကြောင့် သူတို့က ဒီမှာ Seminar တွေ အများကြီး ခဏခဏလုပ်ပီး ရှာနေတာ
သားတို့ကတော့ ကိုယ့်အတွက် knowledge တိုးအောင်လို့ လုပ်သမျှ Seminor သွားတက်တယ် နားထောင်တယ် သူတို့ လုပ်တဲ့စာမေးပွဲတွေဖြေကြည့်တယ်
me: ဒါတွေကတော့ လုပ်သင့်တယ်။ ကိုယ့်ဘက်က အကုန်အကျ သိပ်မများဘူး ဆိုရင်ပေါ့။
လုလင်: ဟုတ် အခမဲ့တွေကြီးပဲ အဲ့တာကြောင့်ပါ
me: သူတို့ကျောင်းတွေလည်း ကိုယ့် ဆုံးဖြတ်ချက်နဲ့ကိုယ် တက်တဲ့သူတွေက တက်ကြတာပဲ။
လူဆိုတာအခြေအနေ အမျိုးမျိုးရှိတယ်လေ... တယောက်နဲ့တယောက်မတူဘူး
တာတာကတော့ ဒါကို အားမပေးချင်ပါ။ ဘာကြောင့်လဲ ဆိုတော့ အာမခံချက် မကောင်းလို့
ငွေပေးပြီးတက်တဲ့ကျောင်း ပြီးရင် ငွေ ဘယ်လောက် ပြန်ရမလဲ ဆိုတာနဲ့ပဲ အခုခေတ်မှာ အလွယ်ဆုံး စဉ်းစားရမှာပဲ
လုလင်: သားလဲ တိုင်ပင်စရာလူမရှိလို့ တာတာ ကိုမေးကြည့်မယ်ဆိုပီး စောင့်နေတာ
ဒီမှာ ဘာမှအဆင်မပြေဘူး မီးတွေကမလာ connection တွေကျနဲ့ အဲ့တာဘာမှလုပ်လို့မရဘူး
me: တာတာ သိတယ်။ အီးမေလ်ရေးလေ။ ရိုးရိုးစာနဲ့ စာတိုက်ကပို့
လုလင်: အီးမေးလ်းရေးဖို့ Gmail ထဲဝင်ဖို့က တစ်နာရီလောက် ကြာတယ်
ဟီး
အခုသားဖွင့်ထားတာ ကြာပီ အခုထိတောင်တက်ဘူး
တော်သေးတယ် Gtalk ကောင်းနေလို့
me: ကျောင်းက ဒီဂရီ ရအောင်လုပ်...လုပ်ငန်းခွင် အတွေ့အကြုံယူ။
လုလင်: အင်း အလုပ်ရဖို့ကလဲ လုပ်ငန်းအတွေ့အကြုံလိုတယ် တဲ့နော်
me: အေး..
me: နောက်တခု အရေးကြီးတာက အလုပ်ရှာရင် အလုပ်အတွေ့အကြုံရှိရမယ်ဆိုတဲ့ (အလုပ်မရှိသေးလို့ အလုပ်ရှာပါတယ်။ အလုပ်အတွေ့အကြုံဆိုတော့ မုန့်လုံးစက္ကူကပ်သလို ရီစရာကြီး ဖြစ်မနေဘူးလား)
ဒါပေမဲ့ ဒါဟာ လောကမှာ တွေ့ကြုံရမဲ့ အမှန်တရားတွေပဲ
လုလင်: ဟုတ်
me: ဒီတော့ သား ဘဝမှာ First Job ဆိုတဲ့ အလုပ်တခု ရဖို့ သိပ်အရေးမကြီးပါဘူးလား။ သိပ်ကိုလည်း ခက်ခဲသလိုပဲနော်။
လုလင်: ဟုတ်ကဲ့ အလုပ်တွေကတော့ပေါသလိုပဲ ဒါပေမဲ့ တကယ် လုပ်မယ်လို့ စုံစမ်းတော့ မရဘူး
me: တကယ်တော့ လျှို့ဝှက်ချက်ကို မသိလို့ပါ။
သားက အခု ကျောင်းတက်နေတာ မဟုတ်လား။ အဲ့ဒီတော့ ကျောင်းသားအလုပ် လုပ်နေတာပဲပေါ့။
အလုပ်သွားလျှောက်လို့အတွေ့အကြုံမေးရင် ဟုတ်ကဲ့ ကျောင်းသားမို့ Student မို့ study လုပ်နေတဲ့ အတွေ့အကြုံတွေရှိတယ်။ ဒါတွေ ဒါတွေ စာတွေ့ လေ့လာထားတယ်။ လက်တွေ့ လုပ်ရမည့် အခွင့်အရေး ရမယ်ဆိုရင် အစွမ်းရှိသလောက် ကြိုးစားလုပ်ချင်ပါတယ် ဆိုရင် ပြီးပြီပေါ့ မဟုတ်ဘူးလား။
ကိုယ့် မိဘက မွေးကတည်းက တလျှောက်လုံးပြုစု ပျိုးထောင်ပေးခဲ့တဲ့ ကိုယ့်ရဲ့ Personality ရိုးသားတယ်။ ယဉ်ကျေးတယ်။ ဒါတွေကလည်း သူတို့လိုတဲ့ အတွေ့အကြုံထဲ ထည့်မယ်ဆိုရင် ထည့်လို့ရပါတယ်။
me: သားမှာ CV ရှိလား အလုပ်လျှောက်ရင် CV ကောင်းကောင်းလိုတယ်
လုလင်: သား CV မရေးဖူးပါဘူး
me: ရေးရမယ်။ Sample ပို့ထားလိုက်မယ်။
လုလင်: ဟုတ်
အော် သား ဒီအကောင့်ကလဲ လူများတယ် အဲ့တာကြောင့် တစ်ခြားသီးသန့် အကောင့်တစ်ခုနဲ့ တာတာကိုအပ်မယ်
အဲ့ဒီ အကောင့်ကို ပို့ပေးပါနော်
me: ok
သူငယ်ချင်းများတာ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက် အများအတွက် ဘယ်လောက် အကျိုးဖြစ်သလဲ ဆိုတဲ့ ဘောင်တော့ရှိရမယ်နော်။
လူဘဝက တိုတိုလေးမို့ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်အပေါ် ကျေးဇူးရှိတဲ့သူတွေအတွက် ကိုယ့်အချိန်တွေ များများပေးပါ။
လုလင်: ဟုတ်တယ်တာတာme: မကောင်းတာ ဆိုရင် ကိုယ့် mind ရော body ကပါ အလိုအလျှောက် လက်မခံအောင် လေ့ကျင့်ထားပါ။
me: ဘယ်လိုလဲ သိလား လွယ်လွယ်လေး... ကောင်းတာတွေချည်းပဲ သတိထားပြီးလုပ်
အဲ့ဒါဆို ကြာလာရင် အသိမရှိပါဘူး ဆိုတဲ့ ကိုယ့်ခန္ဓာကိုယ်ကြီးကတောင် မကောင်းတာကို လက်မခံနိုင်ပါဘူးလို့ body language နဲ့ပြောလာလိမ့်မယ်
very nice to talk with u. I may post it in my blog about this conversation.
See u
လုလင်: Good night
thanks!
take care u'r health
*****
ကလေးကလေး အထင်မသေးနဲ့
ကလေးက လူကြီးဖြစ်တာ
ကလေးကောင်းမှ လူကြီးကောင်းမှာ
လူကြီးကောင်းမှ အားလုံးကောင်းမှာ
(ဆရာတော်ဦးဆေကိန္ဒ၏ ကလေးတရားပွဲ လက်စွဲဆောင်ပုဒ်)
မောင်လုလင်ကို တွေ့တုန်းခဏ ခြောက်လုံး မြှောက်လုံးတွေနဲ့ တော်တော် ပြောဖြစ်လိုက်တာ တရားပွဲကို သားငယ်ရေစင်နှင့်မနက်ပိုင်းရော သားကြီးရေချမ်းနှင့်ညနေပိုင်းပါ နားထောင်ခွင့်ရလိုက်တဲ့ မသီတာဆီ ကလေးတွေကို ကောင်းစေချင်တဲ့ စေတနာ ဆန္ဒတွေ စိမ့်ဝင် ကူးစက်လာခြင်းကြောင့်မှတပါး အခြားမရှိပြီ။
17 comments:
ဖတ်သွားတယ် သီတာရေ...ဟုတ်တယ် တချို့ကျောင်းတွေက ဟိုနဲ့ ဒီ ပေါင်းစားနေကြတာ...ကလေးတွေရော မိဘတွေရော သိဖို့လိုတယ်၊ တချို့ ကုမ္ပဏီတွေက အတွေ့အကြုံ မရှိသူတွေကို ထရိန်နင် ပရိုဗိုက် လုပ်တယ်လေ အဲဒါမျိုးနဲ့ တွေ့ရင် ကလေးတွေ ကံကောင်းမှာပါ ...:)
အသေအချာ.. လေးလေးနက်နက် ဖတ်လိုက် မိတယ်။
ကလေး..လူငယ်..ဘာသာအဆုံးအမ..ပညာရေး.. အနာဂါတ်..
မရောက်တာကြာပြီ၊ ရောက်ရင်တောင် စာအမြန်ဖတ်ပြန်နဲ့၊ comment မရေးဖြစ်တဲ့အခေါက်တွေရှိတယ်၊
ဟုတ်တယ်နော်၊ လူငယ် လူကြီး ဖိစိးမှုတွေက အစုံပဲ၊
ဘာသာရေးဆိုလို့ မေမေကခုထိ buddha အပိုင်း၁ အပိုင်း၂ စာတွေနေ့ သား သမီး တွေဆီ ပို့တုန်း၊
ငယ်တုန်းက လမ်းမှန်အောင်လျှောက်ဖို့၊ ကြီးလာတော့လဲ လျှောက်တဲ့လှမ်းဖြောင့်ဖြူးအောင် ပြင်ရဆင်ရနဲ့ ၊ လူဖြစ်ရတာ ပင်ပမ်းကြတယ် :D ဒါဆို တရားစခန်းဝင်တော့လို့တော့ မပြောနဲ့ဦးနော်
မသီတာနဲ့ မိသားစု ပျော်ရွှင်ချမ်းမြေ့ပါစေ
သိပ်ကောင်းတာပဲ မသီတာ၊
များများရေးပေးပါ။
ဒါလေးဖတ်လိုက်ရလို့ မောင်လေးနဲ့ ချက်လုပ်ထားတာတောင် ပိုစ့်အဖြစ်တင်ချင်လာတယ်၊
ဗဟုသုတရတယ် မသီတာ.. သူတို့တွေက ခလေးတွေကို သူတို့ကျောင်းမှာတတ်ချင်အောင် ဆွဲဆောင်... ခလေးတွေက မိဘတွေကိုပူဆာ... မိဘတွေခမျာ ငွေမရှိရင် သောကတွေရောက်...
သီတာရေ.. ဒီပို့စ်လေးဖတ်ရတာ မြန်မာပြည်ကနေ ဒီကိုလာချင်နေကျတဲ့လူငယ်တွေအတွက်အတော်ကောင်းပါတယ်။
ကျမတူလေးတော့ခံရပြီးဘာအလုပ်မှမရပဲပြန်သွားလေရဲ့။
ကျောင်းအကြောင်းထက် လူငယ်တွေ အကြောင်းကို ပိုစိတ်ဝင်စားမိပါတယ်။
ဆိုးတယ်လို့ ဘေးပရိသတ် သတ်မှတ်ကြတဲ့ ကလေးတွေကို ပိုစိတ်ဝင်စားမိပါတယ်။
အသိတခု ရသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အစ်မရေးတာလေး သိပ်ကောင်းတယ်။ ခုခေတ်ခလေးတွေအတွက် ဒါမျိုးလေးတွေ များများ ပြောပေးဖို့လိုတယ်နော်။
တူလေးက ခုတော့ အတော်လိမ္မာပုံရပါတယ်။
မသီတာ
ကလေးတွေနဲ့ ခုလိုစကားများများ ပြောနိုင်ပါစေ ..
မနော်
ကျွန်တော်လည်း တရားပွဲကို စနေနေ့ကသွားလိုက်ပါတယ်။
ဆရာတော်ဟောတဲ့တရားတွေကို ငယ်ကတည်းက စုထားပါတယ်။ ကလေးတွေကို မြေတောင်မြှောက်ပေးနိုင်တဲ့ ရှားရှားပါးပါး ရဟန်းတစ်ပါးရှိတာဟာ တစ်နိုင်ငံလုံး အတွက် အကျိုးရှိတယ်လို့ ခံယူပါတယ်။ ဆရာတော့်ကို နေရာတကာပါလို့ ငြိုငြင်တယ်ဆိုလို့ အဲဒီလို ငြိုငြင်တဲ့သူတွေကိုပဲ ဆရာတော့်လို လုပ်ကြည့်စေချင်ပါတယ်။
သောတပန်ဖြစ်ကြောင်း လေးချက်ကို နှလုံးသွင်းနေရင်းနဲ့တောင် လူကောင်းတွေကို ရန်ရှာချင်တဲ့သူတွေအကြောင်းကြားရင် ဒေါမနဿဖြစ်ရပါတယ်။
ဖုန်းပိတ်ထားပါလို့ တိုက်တွန်းထားတဲ့ကြားက ဖုန်းမမြည်ပေမယ့် မတ်ဆေ့ခ်ျတွေလာနေကြတာ ကြားရတာတော့ စည်းကမ်းမရိုသေတဲ့ လူကြီးတွေလို့ ဆရာတော်ထင်သွားမလားစိုးရိမ်ပါတယ်။
အခုပို့စ်မှာတော့ ကလေးတွေအတွက် ပညာရေး၊လူမှုရေးနဲ့၊စီးပွားရေးမှာ မျတတဲ့လူကြီးတွေ ကူညီပေးသင့်တာကိုပိုမြင်ပါတယ်။
လူကြီးတွေဟာ ကလေးတွေရဲ့ မိတ်ဆွေဖြစ်ဖို့လိုတယ်လို့ယုံကြည်ပါတယ်။
ခင်မင်စွာဖြင့်
Zephyr
ကျွန်တော်လည်း တရားပွဲကို စနေနေ့ကသွားလိုက်ပါတယ်။
ဆရာတော်ဟောတဲ့တရားတွေကို ငယ်ကတည်းက စုထားပါတယ်။ ကလေးတွေကို မြေတောင်မြှောက်ပေးနိုင်တဲ့ ရှားရှားပါးပါး ရဟန်းတစ်ပါးရှိတာဟာ တစ်နိုင်ငံလုံး အတွက် အကျိုးရှိတယ်လို့ ခံယူပါတယ်။ ဆရာတော့်ကို နေရာတကာပါလို့ ငြိုငြင်တယ်ဆိုလို့ အဲဒီလို ငြိုငြင်တဲ့သူတွေကိုပဲ ဆရာတော့်လို လုပ်ကြည့်စေချင်ပါတယ်။
သောတပန်ဖြစ်ကြောင်း လေးချက်ကို နှလုံးသွင်းနေရင်းနဲ့တောင် လူကောင်းတွေကို ရန်ရှာချင်တဲ့သူတွေအကြောင်းကြားရင် ဒေါမနဿဖြစ်ရပါတယ်။
ဖုန်းပိတ်ထားပါလို့ တိုက်တွန်းထားတဲ့ကြားက ဖုန်းမမြည်ပေမယ့် မတ်ဆေ့ခ်ျတွေလာနေကြတာ ကြားရတာတော့ စည်းကမ်းမရိုသေတဲ့ လူကြီးတွေလို့ ဆရာတော်ထင်သွားမလားစိုးရိမ်ပါတယ်။
အခုပို့စ်မှာတော့ ကလေးတွေအတွက် ပညာရေး၊လူမှုရေးနဲ့၊စီးပွားရေးမှာ မျတတဲ့လူကြီးတွေ ကူညီပေးသင့်တာကိုပိုမြင်ပါတယ်။
လူကြီးတွေဟာ ကလေးတွေရဲ့ မိတ်ဆွေဖြစ်ဖို့လိုတယ်လို့ယုံကြည်ပါတယ်။
ခင်မင်စွာဖြင့်
Zephyr
ကလေး ကံကောင်းတယ်။ အခုလို နားထောင်ချင်စိတ် ရှိတဲ့ ကလေးဆို ပိုလို့တောင် လိမ်မာရေးခြား ရှိအုံးမယ်။
မကောင်းတာဆိုရင် mind ရော body ရော လက်မခံနိုင်အောင် ကျင့်ပါ ဆိုတာလေး သဘောကျမိတယ်။
ကော်မန့်ရေးပေးသွားတဲ့ သူငယ်ချင်းတွေကို အများကြီး ကျေးဇူးတင်ပါတယ်။
ညီမ၊ တူမတွေကိုလည်း ရင်ထဲက စကားတွေ ပြောနေမိတာ တော်တော်လေးတောင် ကြာပြီ ပို့စ်အဖြစ် မရောက်လာသေးဘူး။
သိပ်ကောင်းတာပဲ အစ်မ...
ဒီနိုင်ငံက ပညာရေးနှင့် ကျန်းမာရေး ကို စီးပွားရေး လုပ်ငန်း
အဖြစ်လုပ်စားနေတာ၊မြန်မာမီဒီယာ ပေါင်းစုံမှာ ဒီလိုမျိုး
စာတွေ မကြာခဏ ပါသင့်တယ်လို့ထင်မိပါတယ်
ဟုတ်ပါရဲ့ မမသီတာ... ဒီကကျောင်းတွေနဲ့ အေးဂျင့်တွေလုပ်စားနေကြတဲ့ အကြောင်း မြန်မာပြည်ကသူတွေကို ပညာပေးဖို့ လိုနေတာ...။
တော်တော်များများက ဗဟုသုတ နဲတာရယ် ယုံလွယ်တတ်တာရယ် ဘာပဲဖြစ်ဖြစ် အခွင့်အလမ်း ရရင်ပြီးရောဆိုပြီး သတိပေးတဲ့ကြားထဲက မျက်စိစုံမှိတ်တိုးလာကြတဲ့သူတွေနဲ့ ...
ဟုတ်တယ် မမသီတာ။ ဒါတောင် သိသိကြီးနဲ့ ခံနေရတုန်းပဲ။း(
Post a Comment