တို့များ ငယ်ငယ်က မိန်းကလေးကျောင်းမှာ နေခဲ့တာ…။
ကျောင်းခန်းဆိုတာ ပစိပကျိ အသံလေးတွေ ကျွက်ကျွက်ညံလို့ပေါ့။
ဆရာမက ပြောတယ်။
မိန်းမတွေ ပါးစပ်ဆိုတာ ပြောရင်လည်း ပြောနေရမှ၊ စားရင်လည်း စားနေရမှ… အ အားကို မထားတတ်ဘူးတဲ့။
ဆရာမ ပြောတဲ့ စကား အလွန်မှန်နေတော့တာ…
ဒီနေ့ဆို ပြောလိုက်တဲ့ စကားတွေ…
နေ့လည်က ခိုင်နဲ့
ညကျတော့ ခင်နဲ့
ခိုင်က ချစ်ဖို့ကောင်းတယ်။ စကားပြောလိုက်ရင် တလုံးတခဲကြီး… ရင်ထဲက လာတဲ့အတိုင်းပြောတယ်။ သူ့စကားတွေထဲမှာ မှတ်သားလောက်စရာလေးတွေ ပါပါသွားတယ်။
ခင်ကတော့ ခင်ဖို့ကောင်းတယ်။ ခင်မင်ပြီး စွဲလန်းစေနိုင်သူမျိုး။ ဒီက ခရားရေလွှတ် တတွတ်တွတ် ပြောတာတွေကို နားထောင်ပေးတယ်။ အင်း … အင်း… ဆိုပြီး အင်းလိုက်တဲ့ နားထောင်မှုမျိုး မဟုတ်ဘူး။ ရှေ့ကို စကားတွေ ဆက်ပြောလို့ ရအောင် နားထောင်ပေးတာ…။
မိန်းမပီသခွင့် ရလိုက်တဲ့ ဒီနေ့လေးကို မှတ်တမ်းတင်လိုက်ပါတယ်။
တို့က စားရင်လည်း စားနေရမှ၊ ပြောရင်လည်း ပြောနေရမှ…
ပုံ
အစားပုတ်၊ စကားများသော
မသီတာ
ကျောင်းခန်းဆိုတာ ပစိပကျိ အသံလေးတွေ ကျွက်ကျွက်ညံလို့ပေါ့။
ဆရာမက ပြောတယ်။
မိန်းမတွေ ပါးစပ်ဆိုတာ ပြောရင်လည်း ပြောနေရမှ၊ စားရင်လည်း စားနေရမှ… အ အားကို မထားတတ်ဘူးတဲ့။
ဆရာမ ပြောတဲ့ စကား အလွန်မှန်နေတော့တာ…
ဒီနေ့ဆို ပြောလိုက်တဲ့ စကားတွေ…
နေ့လည်က ခိုင်နဲ့
ညကျတော့ ခင်နဲ့
ခိုင်က ချစ်ဖို့ကောင်းတယ်။ စကားပြောလိုက်ရင် တလုံးတခဲကြီး… ရင်ထဲက လာတဲ့အတိုင်းပြောတယ်။ သူ့စကားတွေထဲမှာ မှတ်သားလောက်စရာလေးတွေ ပါပါသွားတယ်။
ခင်ကတော့ ခင်ဖို့ကောင်းတယ်။ ခင်မင်ပြီး စွဲလန်းစေနိုင်သူမျိုး။ ဒီက ခရားရေလွှတ် တတွတ်တွတ် ပြောတာတွေကို နားထောင်ပေးတယ်။ အင်း … အင်း… ဆိုပြီး အင်းလိုက်တဲ့ နားထောင်မှုမျိုး မဟုတ်ဘူး။ ရှေ့ကို စကားတွေ ဆက်ပြောလို့ ရအောင် နားထောင်ပေးတာ…။
မိန်းမပီသခွင့် ရလိုက်တဲ့ ဒီနေ့လေးကို မှတ်တမ်းတင်လိုက်ပါတယ်။
တို့က စားရင်လည်း စားနေရမှ၊ ပြောရင်လည်း ပြောနေရမှ…
ပုံ
အစားပုတ်၊ စကားများသော
မသီတာ
13 comments:
အစားပုတ်၊ စကားများ၊ ရိုးသားပြီး ချစ်စရာကောင်းသော မသီတာပါ။း)
အမြဲတမ်း မိန်းမ ပီသခွင့် ရပါစေ မမသီတာရေ
စစ ဆုတောင်းပေးပါတယ် အင်း....မိန်းမ ပီသဖို့ကလည်း အစားများများစားပြီး စကားများများပြောမှဖြစ်တော့မယ်ထင်ရဲ့...
ခင်မင်တဲ့
seesein
ကျမလဲ မိန်းမပီသတယ် မသီတာ... အစားလဲပုတ်တယ်... စကားလဲများတယ်... ပေါင်းလို့ရတယ်နော်.... :)
ဒါဆိုရင် ဒီကလည်း မိန်းမပီသနေပြီပေါ့ မမရေ။ ခုတလော စိတ်ဓါတ်ကျရင် အစားများများစားပြီး၊ အဆင်မပြေတာတွေအတွက် စကားများများပြောပါတယ်း))
ဒီကလည်း မိန်းမပီသရတာကို ဂုဏ်ယူလိုက်ပါပြီးD
ဒီပိုစ့်လေး ဖတ်ပြီးတော့
မိန်းမပီသာတဲ့ အခိုက်အတန့်တွေ မရတာ ကြာပြီ ဆိုတာကို သိလိုက်တယ် မသီတာ။
သူငယ်ချင်းတွေနဲ့ လက္ဘက်ပွဲနဲ့ စကားမပြောရတာ အတော်ကြာပြီပဲ၊
အစားပုတ်စကားများပေမဲ့ ဟန်ဆောင်မှုမရှိဘဲ ပွင့်လင်းမယ်ဆိုတာ စာဖတ်တာနဲ့ သိသာတယ်
ဒါကြောင့် ခင်ဖို့ကောင်းတဲ့ မသီတာလို့လည်းထပ်ဖြည့်လို့ ရသေးတယ်နော်
အပေါ်က ဂျင်ဂျင်းအတိုင်း မှတ်ချက်ပေးသည်။
“အစားပုတ်၊ စကားများ၊ ရိုးသားပြီး ချစ်စရာကောင်းသော မမသီတာ”း))
:)
အစားနည်းစကားနည်းလေး ကြိုးစားနေပါသည်..
CBox မှ
12 Jul 11, 16:01
seesein: စကားလည်းများ အစားလည်းထွားတဲ့သူတယောက်လာလည်တယ် ဗျို့
12 Jul 11, 16:35
S-C: လာဟေ့ စစရေ... အစားလေး စားပြီး စကားပြောရအောင် :glad:
13 Jul 11, 00:57
mm: စကားများနေတာ ဘယ်သူများတုန်း ကျောင်းအစ်မကြီးရဲ့
မန်မန်တွေ ချက်ထားတယ်ဆိုလို့ သရေကျဘို့ လာကြည့်တာ... တွေ့လဲ တွေ့ဘူး.... မသီတာကိုလဲ အိမ်က သမီးကပြောနေပါတယ်.... ဗဲရီ ဗျူးတီးဖူလ်း အန်တီ အိမ်သွားမှာလားတဲ့... ဟဲဟဲ...
ခိုင်
ကျနော့်နာမည်မှာလဲ ခိုင်ပါတယ်
အစားလဲ ပုတ်တယ်..
အာလူးလဲ များတယ.်..
ကဲ..
ပိုင်ခေါက်
Dont leave me.I also one of your members and genuine women.Hee Hee Hee
Gyidaw
CBox မှ
21 Jul 11, 17:03
mm: နှလုံးသားလေး နာဖျားနေသည်..မသီတာ ဆေးကုပေးပါ
22 Jul 11, 10:26
S-C: မသီတာ့ နှလုံးသားလေး နလန်ထူအောင် mm အယင် ပြုစုပေးပါ (ဒွတ်ခ မှားပါတယ် :P )
22 Jul 11, 10:28
S-C: မသီတာ အသံထွက်၍ စာဖတ်နေသည်...ခြေဖွ၍ ၀င်ကြပါ :cool:
29 Jul 11, 02:20
mm: :) ဘာချက်လဲ... ကျောင်းအစ်မ
29 Jul 11, 10:28
S-C: စုံလို့ပါပဲအေ :D (ကြွ ကြွာ ကြွား - ခရမ်းသီးနှပ်၊ ၀က်သားပြုတ်ထားသည် စားခါနီးမှ သုတ်လိုက်မည်)
30 Jul 11, 16:37
mm: ဒီတစ်ခွက်လောက်..ကမ်းပါအုံး
30 Jul 11, 16:41
mm: :pada2
30 Jul 11, 16:43
mm: မ... မ.မရဲ့ မောင်လေး..
30 Jul 11, 16:44
mm: :nuts: ဟယ်လိုဒါလင်... မတွေ့ရတာကြာပြီ အရင်လို ကြည့်ကောင်းနေတုန်းပဲ အချစ်ရယ်
30 Jul 11, 16:44
mm: ဆုံတွေ့ရတာ တို့ဝမ်းသာ.. အချစ်သစ်နဲ့လား ပျော်ရဲ့လား... အဆင်ပြေစေဖို့ လှိုက်လှဲသောအပြုံးနဲ့ ဆုတောင်းပေးပါတယ်....။
30 Jul 11, 16:46
mm: မင်းသိချင်လား တို့အခြေအနေ မပြေလည်တာတွေရဲ့ တခြား အစွန်းရဲ့တစ်ဖက် ငိုသံများ ညတေးသံ.. ရင်မှာ အလွမ်းနဲ့အတူ ချစ်ခြင်းဖွဲ့စကားကို တို့ပြောမိစဉ် ဒီအချိနှ်ာ မသင့်ဘူး တို့အမှား ခွင့်လွှတ်တော့
30 Jul 11, 16:47
mm: :heart:
30 Jul 11, 22:43
S-C: mmရေ ... မင်းလည်းသိတယ် တို့လည်းသိ.. အာဟာ...အယောင်ဆောင် မျက်နှာဖုံးတွေ တပ်ခဲ့... :cool:
Post a Comment