28 December 2015
သူငယ်ချင်းရဲ့ အသက်ရှစ်ဆယ်ကျော် အမေရယ်...သူငယ်ချင်းတို့ အပျိုကြီး ညီအမရယ်... ကျမတို့ မိသားစုရယ်...
လည်လည်ထွက်ကြပါပြီ...
 |
အိမ်နားမှာ ပြေးတဲ့ ဓာတ်ရထား |
ရထားလာခါနီးကြားရတဲ့ "တောင်! တောင်!" ဆိုတဲ့ အသံလေးကအစ ချစ်စရာကောင်းတယ်။ ဂျပန်မှာ ရထားမျိုးစုံတွေ့ရမှာဖြစ်သလို သူတို့ရဲ့ တိကျ မြန်ဆန် ဣနြေ္ဒကြီးမှုတွေနဲ့ ခရီးသွားလုပ်သားပြည်သူအပေါင်းရဲ့ နှလုံးအိမ်ကို ဘယ်လို ဖမ်းစားတယ်ဆိုတာ မကြာမီ ရှုစားရပါတော့မယ်ရှင်...
 |
ဘူတာရုံသို့အသွား လမ်းမှာတွေ့လိုက်ရတဲ့ ကျောင်းသားလေးတွေ... |
 |
Ōtsuka Station ဘူတာရုံ |
ပထမဦးဆုံး
Sensō-ji Temple and Asakusa Shrine ကို ဦးတည်ပါတယ်။
 |
စည်ကားလှသည့် ပွဲဈေးတန်း |
 |
ဆာကေး(ဂျပန်အရက်)အချိုရောင်းတဲ့ဆိုင် |
 |
လှမ်းမြင်ရတဲ့ Tokyo Tower |
 |
ဘုရားကျောင်းတွေ ဝင်ရင် လက်ဆေးဖို့အတွက် ရေခွက်လေးတွေထားပေးလေ့ရှိပါတယ် | | |
|
အမွှေးတိုင်ပူဇော်ပြီးရင်လည်း အမွှေးတိုင်ရဲ့ အငွေ့ကို လက်နဲ့ကိုယ့်ဖက် ယက်ယူပြီး ရှုလေ့ရှိတယ်။
 |
အရက်အိုးတွေ … |
လူတွေက နှစ်သစ်ကူး မတိုင်ခင်ညမှာ ဘုရားကျောင်းတွေမှာ ညလုံးပေါက်နေလေ့ ရှိကြပြီး ဘုရားကျောင်းတွေက အရက်တိုက်၊ ကောက်ညှင်းကျွေးပြီး ဧည့်ခံပါတယ်။
Asukusa Temple ကအပြန် နေ့လည်စာ Shabu Shabu စားအပြီးမှာတော့ သစ္စာရှိလှတဲ့ခွေးကလေး Hachikoရှိတဲ့ Shibuya ဘူတာကို ဦးလှည့်ကြပါတယ်။
 |
Shibuya ဘူတာ Hachiko ခွေးရုပ်ဝင်ပေါက် |
 |
ရုပ်သံသတင်းတွေမှာ ဂျပန်သတင်းပြရင် ပြလေ့ရှိတဲ့ Tokyo ၏ အရှုပ်ထွေးဆုံးသော Shibuya လူကူးမျဉ်းကျား |
ဒီကနေ သားကြီး သားငယ်တို့ အကြိုက်တွေရှိတဲ့ Tokyo Dome City ကို ချီတက်ပါပြီ။
 |
သားကြီးက ဒါကြီးစီးပြီး... |
 |
သားငယ်က ဒါလေးစီးပါတယ်... |
0 comments:
Post a Comment