မိန်းမသားတစ်ယောက်၊ ညီမ အစ်မတစ်ယောက်၊ သမီးတစ်ယောက်၊ ဇနီးမယားတစ်ယောက်၊ မိခင်တစ်ယောက် အနေနဲ့ ချစ်ခြင်း မေတ္တာနဲ့ အကြင်နာတရားအကြောင်း
ကုသိုလ်ဖြစ်စာသင်ကျောင်းလေးရဲ့ ဆရာမတစ်ယောက်၊ ဖွံဖြိုးဆဲဆိုတဲ့ နိုင်ငံငယ်လေးရဲ့ အဝေးရောက်ပြည်သူတစ်ယောက် အနေနဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အကြောင်း
လူသားတစ်ဦး၊ သတ္တ၀ါတစ်ခု အနေနဲ့ ကိုယ်ချင်းစာနာမှုနှင့် ဆင်ခြင်တုံတရားအကြောင်း
အနှိုင်းမဲ့ ကျေးဇူးတရား ကြီးမားတော်မူသော မြတ်ဗုဒ္ဓထံ နည်းနာခံယူတဲ့ တပည့် တစ်ယောက်အနေနဲ့ အမှန်တရားနဲ့ အကျင့်သိက္ခာ အကြောင်း
သိသထက်၊ သိလိုပါ၏…
7 comments:
မသီတာ ဆုတောင်းတဲ့အတိုင်း တစ်လုံး တစ်ဝတည်း ပြည့်စုံရစေကြောင်း ဆုမွန်ကောင်း တောင်းပေးသွားပါတယ်...
တော်တည့် မှန်ကန်တဲ့ စိတ်ကူးလေး ပြည့်စေဖို့အတွက် တတ်အားသရွေ့ ဆုတောင်းပေးပါတယ်။
နှစ်သစ်မှာ ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်း ဖြစ်ပါစေ
လေးစားလျက်
http://winzaw-mdy.blogspot.com
ပြည့်စေဘို့ဆုတောင်းပေးသွားတယ်။
မင်္ဂလာ နှစ်သစ်ပါ မသီတာနဲ့ ကိုဧရာတို့ မိသားစုရှင့်။
မသီတာနဲ့ အတူတူ ဆု ၀င်တောင်းသွားပါတယ်။
သီတာ ဆုတောင်းတွေ ပြည့်ပါစေ...
သီတာနဲ့ ကိုဧရာတို့ မိသားစု အတွက်
မင်္ဂလာ နှစ်သစ် 2009 ဖြစ်ပါစေ။
တောင်းတဲ့ဆုတွေလဲ တလုံးတဝထဲ ပြည့်ပါစေ။
Ko atm and thidar, wish have peaceful life more and more,
be fulfilled your wishes too.
Post a Comment